Friday, July 17, 2026

ကချင်ပြည်နယ်၌ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုသတ်မှတ်ထူထောင်ထားဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး...

ကချင်ပြည်နယ်၌ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုသတ်မှတ်ထူထောင်ထားသည်ဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး က ယနေ့ ဇူလိုင် ၁၇ ရက်နံနက်ပိုင်းတွင် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ညင်ချီ(ခ) လင်ကျစ်မြို့၌ကျင်းပသည့်...

ဆီဆိုင်မြို့နယ်တွင် လျှပ်စစ်မီးမရရှိသေးသည့်ကျေးရွာ(၆)ရွာရှိ နယ်စပ်ရေးရာဝန်ကြီးဌာနက အိမ်သုံးဆိုလာ(၇၁၅)စုံ ထောက်ပံ့ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်ရှိ နားသံကျေးရွာအုပ်စုနှင့် နားခိုက်ကျေးရွာအုပ်စုတို့မှ ကျေးရွာ (၆)ရွာမှာ လျှပ်စစ်မီးမရရှိသေးသဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်တွင် အိမ်သုံးဆိုလာ (၇၁၅)စုံကိုထောက်ပံ့ပေးခဲ့ကြောင်း...

စက်အရန်ပစ္စည်းများနှင့် စက်ကိရိယာပစ္စည်းများတင်သွင်းခွင့်လျှောက်ထားနိုင်

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနက စက်အရန်ပစ္စည်းများနှင့် စက်ကိရိယာပစ္စည်းများတင်သွင်းခွင့်လျှောက်ထားနိုင်သည်ဟု အသိပေးခဲ့သည်။ ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန် အမှန်တကယ်လိုအပ်သည့် စက်အရန်ပစ္စည်းများနှင့် စက်ကိရိယာပစ္စည်းများတင်သွင်းခွင့်ရရှိရန်...

MSME ရန်ပုံငွေမှ ဝါလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများထုတ်ချေးပေးမည်

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး(MSME)ရန်ပုံငွေမှ ဝါလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများထုတ်ချေးပေးမည်ဖြစ်၍ ချေးငွေအဆိုပြုလွှာများပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။ အဆိုပါ ချေးငွေအဆိုပြုလွှာပေးပို့နိုင်ခြင်းကို စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန...
HomeMoviesကမ္ဘာ့ရေနံဈေးမြင့်တက်လာသဖြင့် ပြည်တွင်း၌ ဒီဇယ်ဈေး...

ကမ္ဘာ့ရေနံဈေးမြင့်တက်လာသဖြင့် ပြည်တွင်း၌ ဒီဇယ်ဈေး အနည်းငယ်ပြန်တက်လာပြီး ဓာတ်ဆီဈေး ဆက်လက်ကျဆင်း

ရန်ကုန်၊ ဇူလိုင်-၁၇
ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများတွင် ဓာတ်ဆီဈေး ဆက်လက်ကျဆင်းခဲ့သော်လည်း ဒီဇယ်နှင့် ပရီမီယံဒီဇယ်ဈေးနှုန်းများမှာ အနည်းငယ် ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဇူလိုင် ၁၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ရေနံဈေးအနေဖြင့် ယခင်တစ်ပတ်က ရေနံစိမ်းတစ်စည်လျှင် ၇၁ ဒေါ်လာ ဝန်းကျင်သာရှိခဲ့သော်လည်း ယနေ့တွင် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၈၀ ဝန်းကျင်အထိ မြင့်တက်လာသည်။

ကမ္ဘာ့ရေနံဈေးမြင့်တက်လာသဖြင့် ပြည်တွင်းစက်သုံးဆီဈေးတွင် ဒီဇယ်တစ်လီတာ ၃၈၉၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး ဓာတ်ဆီတစ်လီတာ ၃၂၁၀ ကျပ်အထိ ကျဆင်းခဲ့သည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (ဇူလိုင် ၁၇ ရက်) တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် –
ဓာတ်ဆီ 92 Ron: ၃,၂၁၀ ကျပ်၊
ဓာတ်ဆီ 95 Ron: ၃,၂၈၅ ကျပ်၊
ဒီဇယ် (HSD 500 ppm): ၃,၁၇၅ ကျပ်၊
ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm): ၃,၈၉၅ကျပ်အထိ ဖြစ်သည်။ ဇူလိုင် ၂၃ ရက်အထိ ယင်းဈေးနှုန်းအတိုင်းသာ ရှိနေမည်ဖြစ်သည်။

ယခုတစ်ပတ်စက်သုံးဆီဈေးနှုန်းကို ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက
ဓာတ်ဆီ 92 Ron: တစ်လီတာလျှင် ၄၀ ကျပ်နှင့် ဓာတ်ဆီ 95 Ron: တစ်လီတာလျှင် ၂၅ ကျပ် ထပ်မံကျဆင်းခဲ့သည်။
ဒီဇယ်တစ်လီတာလျှင် ၈၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၁၀၅ ကျပ် ဈေးတက်လာခဲ့သည်။

သို့သော် သင်္ကြန်ကျော်ကာလဈေးနှုးနှင့် နှိုင်းယှဉ်ပါက စက်သုံးဆီဈေးနှုန်းသည် (၁၃)ပတ်ဆက်တိုက် ကျဆင်းလာခဲ့သည်။

ဧပြီ ၂၄ ရက် ရည်ညွှန်းဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက သီတင်းပတ်(၁၃)ပတ်အတွင်း –
ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၁၅၂၅ ကျပ်၊
ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၁၆၆၀ ကျပ်၊
ဒီဇယ် တစ်လီတာလျှင် ၃၃၁၀ ကျပ်၊
ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၈၆၀ ကျပ် စျေးကျလာခဲ့သည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီဈေးနှုန်းများကို MOPS ဈေးနှုန်းပေါ်တွင် အခြေခံ၍ နေ့စဉ်တွက်ချက်ထုတ်ပြန်ပေးလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်ခြင်းများရှိပါက ကော်မတီ၏ ဖုန်းနံပါတ်များဖြစ်သော ၀၁-၄၀၀၃၉၇၃ နှင့် ၀၉-၂၅၄၅၂၅၄၇၇ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကချင်ပြည်နယ်၌ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုသတ်မှတ်ထူထောင်ထားဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ပြော

ကချင်ပြည်နယ်၌ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုသတ်မှတ်ထူထောင်ထားသည်ဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး က ယနေ့ ဇူလိုင် ၁၇ ရက်နံနက်ပိုင်းတွင် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ညင်ချီ(ခ) လင်ကျစ်မြို့၌ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသဖြတ်‌ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ မြောက်ပိုင်းတောင်တန်းသစ်တောဒေသစနစ်တည်ရှိရာဒေသတွင် နိုင်ငံဧရိယာ၏ (၂ ဒသမ ၅၉)ရာခိုင်နှုန်းဖြစ်သော ဧက(၄ ဒသမ ၃) သန်းအား သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုအဖြစ် သတ်မှတ်ထူထောင်ထားသည်ဟု ပြောသည်။ ယင်း သစ်တောကြီးများ၌ အမျိုးမျိုးသော ဇီဝမျိုးစုံမျိုးကွဲများကိုလက်ခံထိန်းသိမ်းပေးထားပြီး အချို့အစိတ်အပိုင်းများမှာ ယနေ့တိုင်မပျက်မစီးဘဲမူလအတိုင်း တည်ရှိနေဆဲဖြစ်သည်ဟု ပြောကြားသည်။ ထို့ပြင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌သစ်တောသယံဇာတအကြွယ်ဝဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည့်အ...

ဆီဆိုင်မြို့နယ်တွင် လျှပ်စစ်မီးမရရှိသေးသည့်ကျေးရွာ(၆)ရွာရှိ နယ်စပ်ရေးရာဝန်ကြီးဌာနက အိမ်သုံးဆိုလာ(၇၁၅)စုံ ထောက်ပံ့ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်ရှိ နားသံကျေးရွာအုပ်စုနှင့် နားခိုက်ကျေးရွာအုပ်စုတို့မှ ကျေးရွာ (၆)ရွာမှာ လျှပ်စစ်မီးမရရှိသေးသဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်တွင် အိမ်သုံးဆိုလာ (၇၁၅)စုံကိုထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု- ဗိုလ်ချုပ်ကြီးဖုန်းမြတ်က ဒေသခံများအမှန်တကယ် လိုအပ်သည့် အိမ်သုံးဆိုလာမီးများတပ်ဆင်ပေးရခြင်းမှာ ပညာရေး၊ ကျန်းမားရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက်စဉ်ဆက်မပြတ်ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အိမ်သုံးဆိုလာ (၇၁၅)စုံကို သက်ဆိုင်ရာတာဝန်ရှိသူများထံထောက်ပံ့ပေးအပ်ပြီး လွိုင်လင်ခရိုင်ဖွံ့ ဖြိုးမှုကြီးကြပ်ရေးရုံးလုပ် ငန်းဆောင်ရွက်နေမှု၊ လင်းခေးမြို့၊ တောင်ရွာရပ်ကွက်၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် ဒါးဆိပ်-နောင်လုံ-ဝမ်စစ်-ဟိုက်ကွေ့...

စက်အရန်ပစ္စည်းများနှင့် စက်ကိရိယာပစ္စည်းများတင်သွင်းခွင့်လျှောက်ထားနိုင်

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနက စက်အရန်ပစ္စည်းများနှင့် စက်ကိရိယာပစ္စည်းများတင်သွင်းခွင့်လျှောက်ထားနိုင်သည်ဟု အသိပေးခဲ့သည်။ ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန် အမှန်တကယ်လိုအပ်သည့် စက်အရန်ပစ္စည်းများနှင့် စက်ကိရိယာပစ္စည်းများတင်သွင်းခွင့်ရရှိရန် နေပြည်တော်/တိုင်း/ပြည်နယ် စက်မှုကြီး ကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ ထောက်ခံချက်များအားလာရောက်လျှောက်ထားနိုင်သည်ဟု အသိပေးခဲ့သည်။ အသေးစိတ်သိရှိလိုပါက စက်မှုကြီးကြပ်ရေးနှင့်စစ် ဆေးရေးဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၃၇)၊ နေပြည်တော် ဖုန်း- ၀၆၇-၃၄၀၈၃၉၁၊ ၀၉-၄၂၃၆၆၀၉၈၀ တို့သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်သည်ဟု အသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071