Friday, July 17, 2026

ကချင်ပြည်နယ်၌ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုသတ်မှတ်ထူထောင်ထားဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး...

ကချင်ပြည်နယ်၌ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုသတ်မှတ်ထူထောင်ထားသည်ဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး က ယနေ့ ဇူလိုင် ၁၇ ရက်နံနက်ပိုင်းတွင် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ညင်ချီ(ခ) လင်ကျစ်မြို့၌ကျင်းပသည့်...

ဆီဆိုင်မြို့နယ်တွင် လျှပ်စစ်မီးမရရှိသေးသည့်ကျေးရွာ(၆)ရွာရှိ နယ်စပ်ရေးရာဝန်ကြီးဌာနက အိမ်သုံးဆိုလာ(၇၁၅)စုံ ထောက်ပံ့ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်ရှိ နားသံကျေးရွာအုပ်စုနှင့် နားခိုက်ကျေးရွာအုပ်စုတို့မှ ကျေးရွာ (၆)ရွာမှာ လျှပ်စစ်မီးမရရှိသေးသဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်တွင် အိမ်သုံးဆိုလာ (၇၁၅)စုံကိုထောက်ပံ့ပေးခဲ့ကြောင်း...

MSME ရန်ပုံငွေမှ ဝါလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများထုတ်ချေးပေးမည်

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး(MSME)ရန်ပုံငွေမှ ဝါလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများထုတ်ချေးပေးမည်ဖြစ်၍ ချေးငွေအဆိုပြုလွှာများပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။ အဆိုပါ ချေးငွေအဆိုပြုလွှာပေးပို့နိုင်ခြင်းကို စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန...

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအဆိုပြုလွှာများလျှောက်ထားနိုင်

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီး ပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနက ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအဆိုပြုလွှာများပေးပို့လျှောက်ထားနိုင်သည်ဟု အသိပေးခဲ့သည်။ ပြည်တွင်းဆီစက်များအဆင့်မြှင့်တင်နိုင်ရန်နှင့် လိုအပ်သောစက်ပစ္စည်းများဖြည့်ဆည်းနိုင်ရန် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေများထုတ်ချေးပေးလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ချေးငွေရယူလိုသည့်...
HomeMoviesစက်အရန်ပစ္စည်းများနှင့် စက်ကိရိယာပစ္စည်းများတင်သွင်းခွင့်လျှောက်ထားနိုင်

စက်အရန်ပစ္စည်းများနှင့် စက်ကိရိယာပစ္စည်းများတင်သွင်းခွင့်လျှောက်ထားနိုင်

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနက စက်အရန်ပစ္စည်းများနှင့် စက်ကိရိယာပစ္စည်းများတင်သွင်းခွင့်လျှောက်ထားနိုင်သည်ဟု အသိပေးခဲ့သည်။

ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၏ ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရန် အမှန်တကယ်လိုအပ်သည့် စက်အရန်ပစ္စည်းများနှင့် စက်ကိရိယာပစ္စည်းများတင်သွင်းခွင့်ရရှိရန် နေပြည်တော်/တိုင်း/ပြည်နယ် စက်မှုကြီး ကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ ထောက်ခံချက်များအားလာရောက်လျှောက်ထားနိုင်သည်ဟု အသိပေးခဲ့သည်။

အသေးစိတ်သိရှိလိုပါက စက်မှုကြီးကြပ်ရေးနှင့်စစ် ဆေးရေးဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၃၇)၊ နေပြည်တော် ဖုန်း- ၀၆၇-၃၄၀၈၃၉၁၊ ၀၉-၄၂၃၆၆၀၉၈၀ တို့သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်သည်ဟု အသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကချင်ပြည်နယ်၌ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုသတ်မှတ်ထူထောင်ထားဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ပြော

ကချင်ပြည်နယ်၌ သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုသတ်မှတ်ထူထောင်ထားသည်ဟု ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး က ယနေ့ ဇူလိုင် ၁၇ ရက်နံနက်ပိုင်းတွင် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ညင်ချီ(ခ) လင်ကျစ်မြို့၌ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသဖြတ်‌ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ မြောက်ပိုင်းတောင်တန်းသစ်တောဒေသစနစ်တည်ရှိရာဒေသတွင် နိုင်ငံဧရိယာ၏ (၂ ဒသမ ၅၉)ရာခိုင်နှုန်းဖြစ်သော ဧက(၄ ဒသမ ၃) သန်းအား သဘာဝထိန်းသိမ်းရေးနယ်မြေ(၈)ခုအဖြစ် သတ်မှတ်ထူထောင်ထားသည်ဟု ပြောသည်။ ယင်း သစ်တောကြီးများ၌ အမျိုးမျိုးသော ဇီဝမျိုးစုံမျိုးကွဲများကိုလက်ခံထိန်းသိမ်းပေးထားပြီး အချို့အစိတ်အပိုင်းများမှာ ယနေ့တိုင်မပျက်မစီးဘဲမူလအတိုင်း တည်ရှိနေဆဲဖြစ်သည်ဟု ပြောကြားသည်။ ထို့ပြင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌သစ်တောသယံဇာတအကြွယ်ဝဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည့်အ...

ဆီဆိုင်မြို့နယ်တွင် လျှပ်စစ်မီးမရရှိသေးသည့်ကျေးရွာ(၆)ရွာရှိ နယ်စပ်ရေးရာဝန်ကြီးဌာနက အိမ်သုံးဆိုလာ(၇၁၅)စုံ ထောက်ပံ့ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်ရှိ နားသံကျေးရွာအုပ်စုနှင့် နားခိုက်ကျေးရွာအုပ်စုတို့မှ ကျေးရွာ (၆)ရွာမှာ လျှပ်စစ်မီးမရရှိသေးသဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်တွင် အိမ်သုံးဆိုလာ (၇၁၅)စုံကိုထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု- ဗိုလ်ချုပ်ကြီးဖုန်းမြတ်က ဒေသခံများအမှန်တကယ် လိုအပ်သည့် အိမ်သုံးဆိုလာမီးများတပ်ဆင်ပေးရခြင်းမှာ ပညာရေး၊ ကျန်းမားရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက်စဉ်ဆက်မပြတ်ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အိမ်သုံးဆိုလာ (၇၁၅)စုံကို သက်ဆိုင်ရာတာဝန်ရှိသူများထံထောက်ပံ့ပေးအပ်ပြီး လွိုင်လင်ခရိုင်ဖွံ့ ဖြိုးမှုကြီးကြပ်ရေးရုံးလုပ် ငန်းဆောင်ရွက်နေမှု၊ လင်းခေးမြို့၊ တောင်ရွာရပ်ကွက်၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် ဒါးဆိပ်-နောင်လုံ-ဝမ်စစ်-ဟိုက်ကွေ့...

MSME ရန်ပုံငွေမှ ဝါလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများထုတ်ချေးပေးမည်

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး(MSME)ရန်ပုံငွေမှ ဝါလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများထုတ်ချေးပေးမည်ဖြစ်၍ ချေးငွေအဆိုပြုလွှာများပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။ အဆိုပါ ချေးငွေအဆိုပြုလွှာပေးပို့နိုင်ခြင်းကို စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန စက်မှုကြီး ကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနက အသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြည်တွင်းရှိ ဝါလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါစေ့ဆီထုတ်စက်များ၊ ချည်မျှင်ထုတ်လုပ်မည့်စက်များတည်ထောင်ရန်နှင့် တိုးချဲ့တပ်ဆင်နိုင်ရန်တို့အတွက် ချေးငွေများလျှောက်ထားနိုင်ကာ ချေးငွေအဆိုပြုလွှာများကို နေပြည်တော်/တိုင်း/ပြည်နယ် MSME အေဂျင်စီရုံးများသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။ ထို့ကြောင့် အသေးစိတ်သိရှိလိုပါက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၃၇)၊ နေပြည်တော် ဖုန်း- ၀၆၇-၃၄၀၈၃၉၅၊ ၀၉-၄၀၁၂၂၄၉၉၈ တို့သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071