Monday, May 4, 2026

လယ်ယာသုံးစက်ကိရိယာများအား ရခိုင်ပြည်နယ်ဝန် ကြီးချုပ်က တောင်သူများထံလွှဲပြောင်းပေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဝယ်ယူထောက်ပံ့သည့် လယ်ယာသုံးစက်ကိရိယာများအား ပြည်နယ်ဝန် ကြီးချုပ်ဦးနိုင်ဦးက တောင်သူများထံသို့ ယနေ့ မေ ၄ ရက်နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ် ယာလုပ်ငန်းခွင်၌...

MAI က ရန်ကုန်-ဒွန်မောင်းခရီးစဥ်သစ်ကို ယနေ့...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရေးအတွက် MAI က ဘန်ကောက်မြို့၏ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သော ဒွန်မောင်းလေဆိပ်သို့ ယနေ့ မေ ၁ ရက်မှ မေ...

မေ ၁၄ ရက်တွင် အခြေခံပညာအတန်းများ၏...

အခြေခံပညာအတန်းများ G-11 အထိ၏ စာမေးပွဲအောင်စာရင်းများကို လာမည့် မေ ၁၄ ရက်တွင် ထုတ် ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လာမည့် ၂၀၂၆-၂၀၂၇...

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...
HomeNewsLocal Newsကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင် မြန်မာကလေးငယ်အဖွဲ့ ပထမဆုရ

ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင် မြန်မာကလေးငယ်အဖွဲ့ ပထမဆုရ

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင် AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားတီထွင်ခဲ့သည့် မြန်မာကလေးငယ်အဖွဲ့ မှပထမဆုရခဲ့ကြောင်း သိရသ ည်။

စက်တင်ဘာ (၁၉) ရက်မှ (၂၁) ရက်အထိ ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲ (World Robot Olympiad Asia Pacific Open Championship) ကို ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ We Are Genius MYANMAR အသင်းသည် AI အသုံးပြု ရှာဖွေကယ်ဆယ်ရေးစက်ရုပ်ကားဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသည်စက်ရုပ်ကားကို သဘာဝဘေးဒဏ်အန္တရာယ်ကျရောက်သည့် အခြေအနေများတွင် လူဝင်ရောက်ရန် ခက်ခဲ‌သောနေရာများထဲသို့ အလိုအလျောက်သွားလာသောစနစ်ဖြင့် ရှာ‌ဖွေကယ်ဆယ်ရေးပြုလုပ်နိုင်ရန် ရည်ရွယ်ထုတ်လုပ်ပြသမှုဖြင့် အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲ၌ We Are Genius MYANMAR အသင်းတွင် မိုးပြည့်စုံကျော် (၁၁) နှစ်၊ ကျော်ဘုန်းခန့်ဇော် (၁၁) နှစ်နှင့် ဉာဏ်ကိုး (၁၂)နှစ်တို့သည် ဟောင်ကောင်၊ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ မကာအိုစသည့် နိုင်ငံများဖြင့်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုရရှိခဲ့‌ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု We Are Genius MYANMAR အသင်း၊ ILBC ၊ CIY Club တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လယ်ယာသုံးစက်ကိရိယာများအား ရခိုင်ပြည်နယ်ဝန် ကြီးချုပ်က တောင်သူများထံလွှဲပြောင်းပေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဝယ်ယူထောက်ပံ့သည့် လယ်ယာသုံးစက်ကိရိယာများအား ပြည်နယ်ဝန် ကြီးချုပ်ဦးနိုင်ဦးက တောင်သူများထံသို့ ယနေ့ မေ ၄ ရက်နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ် ယာလုပ်ငန်းခွင်၌ စက်စွမ်းအားပြည့်အသုံးချနိုင်ရန်လိုအပ်ကာ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၊ လယ်ယာလုပ်သားရှားပါးမှုအခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ရန် ပုံငွေဖြင့် လယ်ယာသုံးစက်ကိရိယာများအား ဒေသတွင်းရှိတောင်သူများ လယ်ယာကဏ္ဍတွင် တွင်ကျယ်စွာအသုံးပြုနိုင်ရန်ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု ပြည် နယ်ဝန်ကြီးချုပ်ကပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများထံသို့ လယ် ယာသုံးစက်ကိရိယာများအားလွှဲပြောင်းပေးအပ်ပြီးစက်ကိရိယာကိုင်တွယ်၊ ထိန်းသိမ်းမှု(အခြေခံ)သင် တန်းတွင်ဆုရရှိသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး လယ်ယာသုံးစက်ကိရိယာများကိုကြည့်ရှုစစ် ဆေးခဲ့ကြကြောင်း သိရသည်။

MAI က ရန်ကုန်-ဒွန်မောင်းခရီးစဥ်သစ်ကို ယနေ့ မေ ၄ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရေးအတွက် MAI က ဘန်ကောက်မြို့၏ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သော ဒွန်မောင်းလေဆိပ်သို့ ယနေ့ မေ ၁ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ " နွေရာသီခရီးသွားရာသီမှာ ဘန်ကောက်ကိုသွားလည်မယ့်မြန်မာနိုင်ငံသားတွေအဆင်ပြေစေဖို့အတွက် ရန်ကုန်-ဒွန်မောင်းခရီးစဉ်သစ်ကိုအထူးတိုးမြှင့်ပြေးဆွဲပေးခြင်းဖြစ်ပါတယ်"ဟု MAI ၏တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဒွန်မောင်းလေဆိပ်သည် ဘန်ကောက်မြို့လယ်နှင့် ပိုမိုနီးကပ်ပြီး မြို့တွင်းသို့သွားရောက်နိုင်သည့် Red Line ရထားလမ်း(သို့)အမြန်လမ်းများရှိ၍ သွားလာချိန်နှင့် ကားဌားခသက်သာစေသည်။ ထို့အတူ ဒွန်မောင်းလေဆိပ်သည် Low-cost လေကြောင်းလိုင်းများစွာအခြေစိုက်သည့်နေရာဖြစ်၍ အလွန်အဆင်ပြေသော ချိတ်ဆက်မှု(Transit)လေဆိပ်ဖြစ်သည်။

မေ ၁၄ ရက်တွင် အခြေခံပညာအတန်းများ၏ အောင်စာရင်းများထွက်မည်

အခြေခံပညာအတန်းများ G-11 အထိ၏ စာမေးပွဲအောင်စာရင်းများကို လာမည့် မေ ၁၄ ရက်တွင် ထုတ် ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လာမည့် ၂၀၂၆-၂၀၂၇ ကျောင်းဖွင့်ရာသီအ တွက် KG မှ G-12 အထိ အခြေခံပညာအဆင့်၏ ကျောင်းအပ်လက်ခံခြင်းကိုလည်း မေ ၂၂ ရက်မှစတင်ကာပြုလုပ်သွားမည်ဖြစ်ပြီး ဇွန် ၁ ရက်တွင် အခြေခံပ ညာစာသင်ကျောင်းများအားလုံးဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071