Friday, April 17, 2026

ကော့ကရိတ်မြို့ရှိ ဌာနဆိုင်ရာများစုပေါင်း၍ နှစ်ဦးဆွမ်းဆက်ကပ်လှူဒါန်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ယနေ့ ဧပြီ ၁၇ရက်(နှစ်ဆန်းတစ်ရက်နေ့)နံနက် ၆ နာရီက သံဃာတော်များအား နှစ်ဦးဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ တောင်ပေါ်ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ...

ဦးဝင်းမြင့်နှင့်​တွေ့ဆုံခဲ့သူ ​ဒေါက်တာမျိုးညွန့် ၏ပြောကြားချက်များ

ယနေ့ နှစ်ဆန်းတစ်ရက်တွင်ပြန်လွတ်မြောက်လာသည့် သမ္မတဟောင်း ဦးဝင်းမြင့်နှင့်တွေ့ခွင့်ရခဲ့ပြီး ကျန်းမာရေးကောင်းတဲ့အတွက် ဝမ်းသာရ​ကြောင်း ၄င်းကဆိုသည်။​ဒေါက်တာမျိုးညွန့်အား ​ပေါ်ပြူလာနယူးစ်ကမေးမြန်းထားသည်များကို​ဖော်ပြအပ်ပါသည်။ မေး ။       ။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်လွှတ်ပေးမယ်လို့ ကြားရပါတယ်။...

မန်းရွှေစက်တော်ဘုရား၏ ကိုးခန်းကြီးဘုရားမှ အ ထက်စက်တော်ရာသို့တက်ရောက်နိုင်ရန်...

မန်းရွှေစက်တော်ဘုရား၏ ကိုးခန်းကြီးဘုရားမှ အ ထက်စက်တော်ရာသို့တက်ရောက်နိုင်ရန် ဓာတ်လှေကားတည်ဆောက်မည်ဖြစ်ရာ မကွေးတိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုမှ ယနေ့ ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်နေ့)နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် တိုင်းဝန်ကြီးချုပ်က မန်းရွှေစက်တော်ဘုရားကြီးအတွက်...

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပါဒပူဇနိယပွဲတော်ပိတ်သိမ်း  ဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးလာသူ(၂)သိန်းဦးကျော်ခဲ့

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားကြီး၏ ဗုဒ္ဓပါဒပူဇနိယပွဲတော်အား ယနေ့ ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်နေ့)နံနက် ၈ နာရီခွဲက အခမ်း အနားဖြင့်ပိတ်သိမ်းခဲ့သည်။ မန်းရွှေစက်တော်ရာဘုရားဂေါပကအဖွဲ့၏ ဩဝါဒါစရိ...
HomeNewsLocal Newsကမ္ဘာတစ်ဝန်း လေးစားအားကျစရာအမျိုးသမီးအယောက် ၁၀၀...

ကမ္ဘာတစ်ဝန်း လေးစားအားကျစရာအမျိုးသမီးအယောက် ၁၀၀ စာရင်း၌ ခိုင်နှင်းဝေပါဝင်လာ

ရန်ကုန်၊နိုဝင်ဘာ ၂၄

ရုပ်ရှင်သရုပ်ဆောင်ခိုင်နှင်းဝေသည် ဘီဘီစီက ထုတ်ပြန်သည့် ကမ္ဘာတစ်ဝန်းရှိနယ်ပယ်အသီးသီးမှ လေးစားအားကျစရာအမျိုးသမီးအယောက် ၁၀၀ စာရင်း၌ပါဝင်လာကြောင်းသိရသည်။

နှစ်စဉ်ထုတ်ပြန်နေကျဖြစ်သော အဆိုပါစာရင်းတွင် အမျိုးသမီးရေးရာများသာမက ရာသီဥတုပြောင်းလဲမှုဆိုင်ရာလုပ်ဆောင်ချက်များအပြင် နယ်ပယ်အသီးသီးမှလေးစားအားကျဖွယ်အမျိုးသမီးများအား ရွေးချယ်ထုတ်ပြန်ခြင်းဖြစ်သည်။

ယင်းသို့ထုတ်ပြန်သည့်စာရင်း၌ ယခု ၂၀၂၃ ခုနှစ်အတွက်စာရင်းတွင် မြန်မာနိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင်ခိုင်နှင်းဝေလည်းပါဝင်လာခဲ့ခြင်းဖြစ်သည်။

သရုပ်ဆောင်ခိုင်နှင်းဝေသည် ၁,၉၉၉ ခုနှစ်က အနုပညာနယ်ပယ်သို့စတင်ဝင်ရောက်လာပြီးဆန်ရေ ရုပ်ရှင်ဇာတ်ကားဖြင့် လူသိများကျော်ကြားလာကာ နာမည်ကျော်အမျိုးသမီးသရုပ်ဆောင်ဖြစ်လာခြင်းဖြစ်သည်။

သို့သော်လက်ရှိအချိန်၌မူ ၎င်းသည် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဘဝထက် အလှူအတန်းနှင့်ပရဟိတလုပ်ငန်းများကြောင့် ပို၍လူသိများကျော်ကြားလာခဲ့သည်။မိဘမဲ့နှင့်စွန့်ပစ်ခံကလေးငယ်များအရေးဆောင်ရွက်ရန် ၂၀၁၄ ခုနှစ်တွင် ခိုင်နှင်းဝေဖောင်ဒေးရှင်းအားစတင်တည်ထောင်ခဲ့သည်။

လက်ရှိအချိန်၌မူ စွန့်ပစ်ခံကလေးငယ် အယောက် ၁၀၀ အား ခိုင်နှင်းဝေဖောင်ဒေးရှင်းက စောင့်ရှောက်ထားပြီး ၎င်းအနေဖြင့်လည်း ကလေးသူငယ်လူကုန်ကူးခံရမှုကာကွယ်တားဆီးရေးဆိုင်ရာသံတမန်အဖြစ်ဆက်လက်တာဝန်ထမ်းဆောင်နေကြောင်းသိရသည်။

Source : BBC

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကော့ကရိတ်မြို့ရှိ ဌာနဆိုင်ရာများစုပေါင်း၍ နှစ်ဦးဆွမ်းဆက်ကပ်လှူဒါန်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ယနေ့ ဧပြီ ၁၇ရက်(နှစ်ဆန်းတစ်ရက်နေ့)နံနက် ၆ နာရီက သံဃာတော်များအား နှစ်ဦးဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ တောင်ပေါ်ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ကြွရောက်တော်မူလာကြသည့် ဆရာ‌တော်၊ သံဃာတော်များမှ မေတ္တာသုတ်တရားတော်များကိုရွတ်ဖတ်ပူဇော်တော်မူခဲ့ကြပြီး ကော့ကရိတ်မြို့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါ်ခင်နီနီအောင်၊ ဒု-ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး တောင်ပေါ်ကျောင်းတိုက်ဆရာတော်က တရားဟောကြားတော်မူပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဦးဝင်းမြင့်နှင့်​တွေ့ဆုံခဲ့သူ ​ဒေါက်တာမျိုးညွန့် ၏ပြောကြားချက်များ

ယနေ့ နှစ်ဆန်းတစ်ရက်တွင်ပြန်လွတ်မြောက်လာသည့် သမ္မတဟောင်း ဦးဝင်းမြင့်နှင့်တွေ့ခွင့်ရခဲ့ပြီး ကျန်းမာရေးကောင်းတဲ့အတွက် ဝမ်းသာရ​ကြောင်း ၄င်းကဆိုသည်။​ဒေါက်တာမျိုးညွန့်အား ​ပေါ်ပြူလာနယူးစ်ကမေးမြန်းထားသည်များကို​ဖော်ပြအပ်ပါသည်။ မေး ။       ။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်လွှတ်ပေးမယ်လို့ ကြားရပါတယ်။ ခြံအမှတ် (၅၄) ကိုလည်း ရွှေ့ပြောင်းမယ်လို့လည်း ကြားရပါတယ်။ ဖြေ။      ။ ခြံထဲမှာရှိတဲ့သူတွေကတော့ သူတို့ကို ဘာမှအကြောင်းကြားထားတာမရှိသေးဘူးလို့ ပြောပါတယ်။ ကောလဟာလကတော့ ထွက်တာပေါ့။ မေး။    ။ ဆရာတို့အနေနဲ့ နေပြည်တော်ရောက်နေတယ်လို့ သိရပါတယ်။ ဖြေ ။     ။ဟုတ်ကဲဲ့ မေး။      ။နေပြည်တော်ရောက်နေတဲ့အချိန်မှာ ဘာတွေဆက်လက်ဆောင်ရွက်သွားဖို့ရှိပါသလဲ။ ဖြေ။       ။ကျွန်တော်တို့ကတော့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ သူ့ရဲ့ ကျန်းမာရေးကလည်း ကျန်းမာတဲ့အတွက် ဝမ်းသာရပါတယ်။ ...

မန်းရွှေစက်တော်ဘုရား၏ ကိုးခန်းကြီးဘုရားမှ အ ထက်စက်တော်ရာသို့တက်ရောက်နိုင်ရန် ဓာတ်လှေကားတည်ဆောက်မည်

မန်းရွှေစက်တော်ဘုရား၏ ကိုးခန်းကြီးဘုရားမှ အ ထက်စက်တော်ရာသို့တက်ရောက်နိုင်ရန် ဓာတ်လှေကားတည်ဆောက်မည်ဖြစ်ရာ မကွေးတိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုမှ ယနေ့ ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်နေ့)နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် တိုင်းဝန်ကြီးချုပ်က မန်းရွှေစက်တော်ဘုရားကြီးအတွက် နဝကမ္မအလှူငွေများပေးအပ်လှူဒါန်းပြီး အောက်စက်တော်ရာနဂါးအိုင်တွင် နဂါးစာကျွေးကု သိုလ်ပြုကာ နှစ်ဦးကုသိုလ်အဖြစ် မန်းချောင်းအတွင်း (၂)လက်မအရွယ် ငါးမြစ်ချင်း(၂၅,၀၀၀)ကောင်ကို ဇီဝိတဒါနငါးလွှတ်ကုသိုလ်ပြုခဲ့သည်။ ထို့နောက် တိုင်းဝန်ကြီးချုပ်မှ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတွင် ဆင်စခန်းဖွင့်လှစ်ထားရှိမှုနှင့် ဆင်ပြတိုက်ဖွင့်လှစ်ထားရှိမှု၊ ဆင်ပြတိုက်အတွင်း ခင်း ကျင်းပြသထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး ဆင်စာများကျွေးမွေးလှူဒါန်းခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071