နှစ်ပေါင်း၁၂၅နှစ်သက်တမ်းရှိပြီးဖြစ်သော ကမ္ဘာကျော် ဂုတ်ထိပ်တံတားအား TNLA မှ မိုင်းခွဲခဲ့ပြီး ပျ-က်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယနေ့ (ဩဂုတ် ၂၄)ရက်နေ့က ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ဂုတ်ထိပ်တံတားသည် နောင်ချိုမြို့အနီး ခုနှစ်မိုင်ခန့်အကွာ၊ မန္တလေး – လားရှိုး လမ်းပေါ်၌ တည်ရှိခြင်း ဖြစ်သည်။
တံတားပျ-က်စီးမှုနှင့် ပတ်သက်၍ အသေးစိတ်မသိရသေးသော်လည်း ကျောက်မဲဘက်ခြမ်းသို့ ပေသုံးဆယ်ခန့် ပျ-က်စီးသွားသည်ဟု ဒေသခံများက မျှဝေထားသည်။
ဂုတ်ထိပ်တံတားကို ၁၈၉၉ ခုနှစ်၌ တည်ဆောက်ခဲ့ပြီး ၁၉၀၀ ခုနှစ်၌ ပြီးစီးခဲ့ကာ ကမ္ဘာ့အမြင့်ဆုံးတံတား စာရင်းဝင်ကမ္ဘာ့အမွေအနှစ် ဂုတ်ထိပ်တံတားကြီးဖြစ်ကြောင်းလည်း သိရပြီး ပြည်သူအများစုက နှမြောနေကြသည်။
