Wednesday, April 29, 2026

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့်...

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ...

“သံမဏိလူသား” ရော့ထန်ကို အလဲထိုးကာ တာခဲရု...

ပွဲစတင်သည့် ပထမအချီမှာပင် တာခဲရု၏ ပြင်းထန်ပြီး တိကျလှသည့် ပါဝါလက်သီးများကြောင့် "သံမဏိလူသား" ဟု အမည်ကျော်သည့် ရော့ထန်တစ်ယောက် (၂) ကြိမ်တိုင်တိုင် ဒူးထောက်ကာ...

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၌ ခေတ်မီ DEMU...

အဆိုပါ ရထားခရီးစဉ်သစ်တွင် အမှတ် (၅) အဆန်နှင့် အမှတ် (၆) အစုန် ရထားများဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး ခေတ်မီလေအေးပေးစက်များ ပါဝင်သောကြောင့် ခရီးသည်များအတွက်...

မန္တလေးတိုင်းအတွင်း မတော်တဆမှုများနှင့် လေပြင်းတိုက်ခတ်မှုများဖြစ်ပွါး

ယနေ့ ဧပြီလ ၂၉ ရက်တွင် မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အချို့၌ မတော်တဆမှုများနှင့် သဘာဝဘေးအန္တရာယ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက ပူးပေါင်းကာ...
HomeMoviesမူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်စပ်သူ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်စပ်သူ ၁၄ ဦးနှင့် တရားမဝင် တရုတ်နိုင်ငံသား ၂၆ ဦးတို့ကို ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်ပြီး တိမ်းရှောင်နေသူများနှင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကို ယနေ့ ဧပြီလ ၂၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ဖြစ်စေနိုင်သည့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် အွန်လိုင်းလိမ်လည်မှုများလုပ်ကိုင်ပြီး ပုန်းခိုနေသည့် တရုတ်နိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၁၂ ဦး (စုစုပေါင်း ၁၄ ဦး) ကို ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးမှုအတွင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အသုံးပြုသည့် ဖုန်း ၂၄ လုံး၊ All in One ကွန်ပျူတာ ၁၉ လုံး၊ TP Link နှင့် Wifi စက်များအပါအဝင် ဆက်စပ်ပစ္စည်းများကိုပါ သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ညနေ ၄ နာရီခွဲခန့်တွင်လည်း မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်အတွင်းရှိ အခြားနေအိမ်တစ်လုံးကို ထပ်မံစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား ၂၆ ဦးကို ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။

နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အရေးပါသည့် ကျားဖြန့်ပြသနာ နှင့်ပတ်သက်ပြီး ဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး နောက်ကွယ်မှ ပါဝင်ပတ်သက်နေသူများကိုလည်း ဆက်လက်စိစစ် ဖော်ထုတ်သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ဖမ်းဆီးရမိသည့် ပြည်ပနိုင်ငံသားများကို ဥပဒေနှင့်အညီ စစ်ဆေးပြီးပါက သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် များကို သိန်း ၂၀၀ ကျော် ပေးအပ်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ ဧပြီလ ၂၉ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ အလင်းဝင်လာသူများမှာ KIA အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ KPDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြသည်။ ၎င်းတို့သည် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာရာတွင် မိမိတို့နှင့်အတူ...

“သံမဏိလူသား” ရော့ထန်ကို အလဲထိုးကာ တာခဲရု ချန်ပီယံခါးပတ် သိမ်းပိုက်၊ ရော့ထန်၏ ခံနိုင်ရည်ပိုင်း ကျဆင်းမှုအပေါ် ဝေဖန်မှုများထွက်ပေါ်ကမ္ဘာ့ဖလိုင်းဝိတ် ကစ်ဘောက်ဆင်လောက၏ အထူးအဆန်းဆုံး ရလဒ်တစ်ခုအဖြစ် ဂျပန်ဖိုက်တာ တာခဲရု (Takeru Segawa) သည် နာမည်ကျော် ထိုင်းဖိုက်တာ ရော့ထန် (Rodtang Jitmuangnon) ကို...

ပွဲစတင်သည့် ပထမအချီမှာပင် တာခဲရု၏ ပြင်းထန်ပြီး တိကျလှသည့် ပါဝါလက်သီးများကြောင့် "သံမဏိလူသား" ဟု အမည်ကျော်သည့် ရော့ထန်တစ်ယောက် (၂) ကြိမ်တိုင်တိုင် ဒူးထောက်ကာ အမှတ်ပေး (KD) ခဲ့ရသည်။ ရော့ထန်သည် ၎င်း၏ ထုံးစံအတိုင်း ပြင်းထန်သည့် တိုက်စစ်များဖြင့် ပြန်လည်တုံ့ပြန်ခဲ့သော်လည်း တာခဲရုက အပြုံးမပျက် တောင့်ခံနိုင်ခဲ့သည့်အပြင် နည်းစနစ်ကျကျဖြင့် ပြန်လည်ဖိအားပေးနိုင်ခဲ့သည်။ အကြိတ်အနယ်ရှိလှသည့် ပွဲစဉ်၏ (၅) ချီမြောက်တွင်မူ တာခဲရု၏ အပြတ်အသတ် ဖိအားပေးမှုအောက်တွင် ရော့ထန်တစ်ယောက် အလဲထိုးခံခဲ့ရပြီး ချန်ပီယံခါးပတ်ကို လက်လွှတ်လိုက်ရခြင်း ဖြစ်သည်။ ယခုပွဲတွင်...

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၌ ခေတ်မီ DEMU လေအေးပေးစက်ပါ အမြန်ရထားသစ်များ မေလ ၁ ရက်မှ စတင်ပြေးဆွဲမည်ရန်ကုန်-မန္တလေး-ရန်ကုန် ရထားခရီးစဉ်ကို အသုံးပြုနေကြသည့် ခရီးသွားပြည်သူများ အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ခေတ်မီ DEMU (Diesel Electric Multiple Unit) လူစီးအမြန်ရထားသစ်များကို...

အဆိုပါ ရထားခရီးစဉ်သစ်တွင် အမှတ် (၅) အဆန်နှင့် အမှတ် (၆) အစုန် ရထားများဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး ခေတ်မီလေအေးပေးစက်များ ပါဝင်သောကြောင့် ခရီးသည်များအတွက် သက်သောင့်သက်သာရှိလှသည့် ခရီးစဉ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ရထားထွက်ခွာ/ဆိုက်ရောက်မည့် အချိန်များမှာအမှတ် (၅) အဆန် (ရန်ကုန် - မန္တလေး): ရန်ကုန်မှ နံနက် ၆ နာရီတွင် ထွက်ခွာပြီး မန္တလေးသို့ ညနေ ၄ နာရီတွင် ဆိုက်ရောက်မည်။ (ခရီးစဉ်ကြာမြင့်ချိန် - ၁၀ နာရီ) အမှတ် (၆) အစုန် (မန္တလေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071