Saturday, May 2, 2026

ပဲခူးမြို့မှာ ကျင်းပနေတဲ့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်...

ပဲခူးမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကျိုက်ပွန်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပလျက်ရှိသည်။ ယခုကျင်းပခြင်းသည် အကြိမ်(၅၅၀)မြောက် ကျင်းပခြင်းဖြစ်သည်။ ကျိုက်ပွန်ဘုရားသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် တည်ရှိသည်။ ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊...

ဘားအံမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ်အဖြစ် ဆရာတော်၊...

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မြတ်ကြီးတွင် ဧပြီ ၃၀ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့)အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်(၂,၃၀၀)ပါးကျော်အား ပဲဆွမ်းလောင်းလှူခဲ့ကြသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီး၊...

အလုပ်သမားနေ့၌ ထိုင်းလုပ်သားအင်အားပြုပြင်ပြောင်းလဲမည်

ဘန်ကောက်၊ မေ ၁ ရက် မကြုံစဖူးသော ပထဝီနိုင်ငံရေး ဖိအားများနှင့် လျင်မြန်သော နည်းပညာဆိုင်ရာ အပြောင်းအလဲများကို ရင်ဆိုင်နေရ၍ ထိုင်းအစိုးရသည် သောကြာနေ့တွင် ကျရောက်သော...

အဇာဘိုင်ဂျန်ပါလီမန်က ဥရောပပါလီမန်နှင့် ဆက်ဆံရေးရပ်ဆိုင်း

ဘာကူး၊ မေ ၁ ရက် အဇာဘိုင်ဂျန် ပါလီမန်သည် ဥရောပပါလီမန်၏ "အဇာဘိုင်ဂျန်ဆန့်ကျင်ရေး လှုပ်ရှားမှုများ" ကို တုံ့ပြန်သည့်အနေဖြင့် ယင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းရန်...
HomeArticlesကဗျာအကြောင်းနည်းနည်းပါးပါး...

ကဗျာအကြောင်းနည်းနည်းပါးပါး…

သူငါ့ကိုမေ့သွားလို့ ငါမမှု၊ သူ အထီးကျန်ဖြစ်မှာကိုသာ ငါစိုးရိမ်သည်လို့လေ ဒီဥကွန်က ရေး ခဲ့တယ်။ ကျွန်တော်တို့အားလုံး ဂိုဂေါ ရဲ့ ကုတ်အင်္ကျီကနေ ဆင်းသက်လာ ကြသည်လို့လည်း ဆိုစကားရှိပြန် တယ်။ ငါတို့ရဲ့ အကောင်းဆုံးတေး ဆိုတာ ငါတို့ အဆွေးဆုံး တေးတွေ ပေါ့လို့ ရှယ်လီက ပြောခဲ့တယ်။ လမ်း ပေါ်မှာ ညင်သာဖြေးလေး အေးအေး ဖြတ်သန်းနေနိုင်သူဟာ ဒုက္ခရောက် နေတဲ့ မိတ်ဆွေတွေနဲ့ ကင်းကွာနေတဲ့ သူပဲလို့ ဗားတော့ဗရက်က ဆိုခဲ့ တယ်။ နွေဦးတဲ့ ကျွန်တော်မဖွဲ့ တတ်ပေါ့။ ခြေစုံရပ် ရိုကျိုးခဲ့ပါတယ် လို့ မြန်မာ ကဗျာဆရာ ခင်ဇော်မြင့်က ရေးခဲ့တယ်။ ငါဟာ ပုဆိန်ကို အကြောင်သားငေးနေတဲ့ ထင်းတုံးတဲ့ စံညိမ်းဦးက ပြောတယ်။ လင်းနို့ရဲ့ ပျံသန်းမှုလို ဟောဒီနံရံမှာ ငါ့နမူနာ ယူကြပါဘိလို့ အောင်ချိမ့်က မှာကြား သွားတယ်။ ရာစုနှစ်အဆက်ဆက် အော်ရစ်ပေတော့လို့ မာယာကော့ဖ် စကီးက ဆိုခဲ့တယ်။ ချမ်းပုံမှာ ကမ်း ကုန်ရစ်တာမို့ မန်းတုန်အောင် လမ်း ဆုံမှာ ဟစ်ချင်တော့လို့ ရတနာပုံ ခေတ် စာဆိုကြီး အချုပ်တန်းဆရာ ဖေက ဖွဲ့သွားတယ်။ ခင်ဝမ်းက တောင်ကုန်း ကလေးတစ်ခုပေါ်တက် ရင်း ရေတွင်းကလေးတစ်ခုကိုတွေ့ တော့ ငုံ့ပြီးနှင်း ရေလို့အော်ခဲ့တယ်။ တောချောင်မှာ မောင်အိပ်လို့ တောင်ထိပ်မှာကွေး၊ မလေးကုန်ကုန် ချစ်တဲ့ မှုံနှစ်ကယ်လေးလို့ ပုခမ်းမင်းသားကြီးက စာဆိုခဲ့တယ်။ ထွန်းဝေမြင့်က သူ့ကိုကြည့်ရတာ လူ့ဘဝကို ဖြတ်သန်းသွားပုံရ တယ်လို့ပြောတယ်။ နက္ခကြယ်စင်ထက် ကောင်းကင်မှာ ညစဉ် အမြဲ လှည့်လည်ဆဲတည့်လို့ ကျွန်တော်ရေးမိတယ်။

ကဗျာတွေပါပဲ အရေးအသားတွေပါပဲ။ ထပ်ဆင့်ဖော်ပြ ချက်တွေ ကိုယ်စားပြုပြောကြားချက်တွေပါ အက္ခရာတွေအဖြစ် အသွင်ပြောင်း ထားတဲ့ လူသားတွေပါပဲ။ အသံမြည်တဲ့ ဒဏ်ရာ တွေ၊ တိတ်ဆိတ်တဲ့ ရိုးသားမှုတွေ ပြောမပြနိုင်တော့တဲ့ ခံစားမှု တွေပါပဲ။ လယ်သမားတစ်ယောက်ဟာ စပါးစိုက်သလို၊ ကဗျာ ဆရာတစ်ယောက်က ကဗျာရေးတာပဲ ဖြစ်ပါတယ်။ အဲဒီကဗျာကို ကိုယ်တိုင်စိုက်ပျိုးပြီး ကိုယ်တိုင်ရိတ်သိမ်း ရမှာဖြစ်ပါတယ်။ ကဗျာဆရာတွေ တစ်ယောက်ပြီးတစ် ယောက် ပေါ်ပေါက်လာတယ်။ ကဗျာ ဆရာတွေ တစ်ယောက်ပြီးတစ် ယောက် တိုးဖျော့သွားတယ်။ ငြိမ် သက်သွားတယ်။ လူတွေကြောင့် ခေတ် ကြီးဟာ နာကျင်နေရပြီး အဲဒီနာကျင် မှုကို ကဗျာဆရာတွေက ကဗျာအဖြစ် ရေးဖွဲ့ကြတယ်။ ကဗျာဆရာတွေရဲ့ ကဗျာတွေကြောင့် ခေတ်ကြီးဟာ ထပ်မံနာကျင်ရပြန်တယ်တဲ့။

ကဗျာကို ဘယ်လိုဆက်လက် ရေးသွားကြမှာလဲ။ ကျွန်တော်ဖြင့် စိတ်ဓာတ်များတောင် ကျမိပါတယ်။ ကဗျာထဲမှာ မရည်ရွယ်တဲ့ အဓိပ္ပါယ် တွေက အရင်ရောက်နှင့်နေပြီး ကဗျာဆရာတစ်ယောက်ကို မဆုံး နိုင်လောက်အောင် စမ်းသပ်နေပါတော့ တယ်။ ကဗျာမပါတဲ့ လူမှုဘဝဆိုတာ ရှိကောင်းရှိနိုင်ပါလိမ့်မည်။ ကဗျာ မပါတဲ့ လူမှုဘဝဆိုတာ ကဗျာ ဆရာ တွေ အိမ်ပြန်နောက်ကျတဲ့ ည များပါ ပဲ။ အချည်းအနှီးနေ့ရက်တွေကို ကဗျာ ဟာ အရသာရှိနေစေပြီး အဓိပ္ပာယ် လည်း ပေးပါတယ်။ ကဗျာနှင့် လူမှု ဘဝ အညီအညွတ် အမျှအတ ရှိရမှာ ပေါ့။ အနည်းငယ်မျှဆိုလျှင် လုံ လောက်ပါပြီ။ အနည်းငယ်မျှဆိုလျှင် ပင် ပြည့်စုံပါပြီ။ အဲဒါဟာ ကဗျာပါပဲ။ ကျွန်တော်တို့ ကဗျာအကြောင်း ပြောကြတာပေါ့လေ။ ပြော ရင်းပြော ရင်း ပျက်ပြယ်သွားနိုင်တာကြောင့် ဒီနေရာမှာပဲ ရပ်တန့်လိုက်ပါတယ်။ ကျန်းမာချမ်းသာကြပါစေ။

နေမျိုး

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071