Yucun ကျေးရွာဟာ တရုတ်နိုင်ငံ Zhejiang ပြည်နယ်၊ Anji ခရိုင် တွင် တည်ရှိပြီး တောင်တန်းများ ဝန်းရံထားသော သစ်တောများ အကြားတွင် “အဖိုးမဖြ-တ်နိုင်သော ကြည်လင်အေးမြ စိမ်းလန်းစိုပြေသော တောင်တန်း၊ စိမ့်စမ်းရေများ ပိုင်ဆိုင်ထားသည့် မွေးရပ်မြေ”ဟုဒေသခံတွေကယူဆကြပါတယ်။
ယခင်က အသက်မွေးဝမ်းကြောင်းအတွက် ကျောက်မိုင်းနဲ့ သတ္တုတွင်းတွေကို မှီခိုခဲ့ကြရပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အခြေအနေတွေနဲ့ Yucun ဟာ ကြုံတွေ့ခဲ့ရဖူးပါတယ်။
Yucun ကျေးရွာလေးဟာ သဘာဝပတ်ဝန်းကျင် ပျ-က်စီးခဲ့တာတွေကို ပြန်လည်ပြင်ဆင်ဖို့ ၂၀၀၃ ခုနှစ်ကစလို့ စက်ရုံတွေကိုပိ-တ်သိမ်းခဲ့သလို လွန်ခဲ့တဲ့နှစ် ၂၀ ကစပြီး ပြန်လည်ထူထောင်ရေးတွေဖြစ်တဲ့ စက်မှုလုပ်ငန်းတွေကြောင့် ပြ-တ်သုန်းခဲ့တဲ့ သစ်ပင်တွေကိုပြန်လည်စိုက်ပျိုးတာတွေစတင်လုပ်ဆောင်ခဲ့ပြီး အခုချိန်မှာတော့ နေရာအနှံမှာ လှပစိမ်းလန်းတဲ့ သစ်ပင်သစ်တောတွေနဲ့ ခရီးသွားတွေအကြိုက်နေရာလေးအဖြစ် နာမည်ကျော်နေပါပြီ။
“ကျောက်မိုင်းစီးပွားရေးမှ ဂေဟစီးပွားရေး”ကို အောင်မြင်စွာအသွင်ပြောင်းခဲ့နိုင်တာကို Yucun ကသက်သေပြခဲ့တာလည်းဖြစ်ပါတယ်။ အရည်အသွေးမြင့်စွာဖွံ့ဖြိုးတိုးတက်လာပြီး ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးလုပ်ငန်းတွေရဲ့ စံနမူနာလည်းဖြစ်နေပါပြီ။ အဲဒီလိုတွေကြောင့် ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကလည်း အကောင်းဆုံးခရီးသွားကျေးရွာတွေထဲက တစ်ခုအဖြစ်အသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။
“စိမ်းစိုထူထပ်သော တောတန်းတွေနဲ့ တောင်တန်းတွေဟာ ရွှေတောင်ငွေတောင်လို တန်ဖိုးရှိတယ်” လို့ မှတ်ယူကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ သဘာဝအလှအပတွေက စီးပွားရေးအတွက်လည်း အရေးကြီးတဲ့ အမွေအနှစ်တစ်ခု ဖြစ်တယ်လို့ ဒေသခံတွေအားလုံးက လက်ခံကြပါတယ်။
၂၀၂၂ ခုနှစ်မှာတော့ Yucun ဟာ Global Partners”အစပျိုးမှုကိုစတင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက လူငယ်စွမ်းရည်တွေနဲ့ ပရောဂျက်တွေကိုပေါင်းစုပြီး စီးပွားရေးပုံစံသစ်တွေကို မိတ်ဆက်လာခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်အစောပိုင်းမှာတော့ မိတ်ဖက်ပါတနာတွေနဲ့ ပညာရေးဆိုင်ရာ သုတေသန၊ စီးပွားရေးပရောဂျက်တွေနဲ့ ယဉ်ကျေးမှုဆိုင်ရာတီထွင်ဖန်တီးမှုတွေကို လူငယ်ပညာရှင်(၁၂၀၀) ကျော်နဲ့ရေးဆွဲလုပ်ဆောင်ပြီး ဆွဲဆောင်ခဲ့ကြတာကြောင့် ရွာသူရွာသားများအနေနဲ့ မတူကွဲပြားတဲ့ ၀င်ငွေရလမ်းတွေတိုးမြင့်လာခဲ့ပါပီဖြစ်ပါတယ်။
