Sunday, September 20, 2026

ခင်နှင်းဝေ တက်ဂ်ဘောပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူး၊ စပိန်ဂန္တဝင်...

မြန်မာအားကစားမယ် ခင်နှင်းဝေသည် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် တက်ဂ်ဘော (Teqball) အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကစားသမား ဆူမာယာကို ၂...

ရေနည်းကာလတွင် ရေဝင်ရောက်ခြေရှိသေးသည့်အတွက် Steel Sheet...

ဟင်္သာတ၊ စက်တင်ဘာ ၂၀ ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နှင့်...

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ (၂၃)...

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MPMEA) ၏ (၂၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို လာမည့် အောက်တိုဘာ ၁၇ ရက် မွန်းလွဲ...

အာရှအားကစားပြိုင်ပွဲ ပထမဆုံး ရွှေတံဆိပ်ကို အိမ်ရှင်ဂျပန်က...

       အကြိမ် ၂၀ မြောက် အာရှအားကစားပြိုင်ပွဲ၏ ပထမဆုံးသော ရွှေတံဆိပ်ဆုကို တနင်္ဂနွေနေ့တွင် အိမ်ရှင်ဂျပန်နိုင်ငံက ရယူနိုင်ခဲ့သည်။ ဤအားကစားပွဲတော်ကြီး၏ အဖွင့်နေ့တွင် တရုတ်နိုင်ငံမှ အသက်...
HomeNewsLocal NewsYBS (133) ယာဉ်လိုင်းမှ...

YBS (133) ယာဉ်လိုင်းမှ ဒဂုံဆိပ်ကမ်း(အမျိုးသားကင်ဆာကုဆေးရုံ) (ဂိတ်ရင်း)မှ လသာ(ဂိတ်ဖျား) သို့ လမ်းကြောင်း တိုးချဲ့ပြေးဆွဲပေး

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် YBS 133 ယာဉ်လိုင်းမှ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (အမျိုးသားကင်ဆာကုဆေးရုံ) (ဂိတ်ရင်း)မှ လသာ(ဂိတ်ဖျား) သို့ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးလျက်ရှိအဆိုပါ ယာဉ်လိုင်း ၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။

YBS 133 ယာဉ်လိုင်းမှာ ယခင်က ယုဇနဥယျာဉ်မြို့တော် (ဂိတ်ရင်း)မှ ဗိုလ်ချုပ်ဈေး(ဂိတ်ဖျား) ထိပြေးဆွဲပေးနေရာမှ လက်ရှိတွင် ယခုကဲ့သို့ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးနေခြင်းဖြစ်သည်။

“လမ်းကြောင်းတိုးချဲ့ ပြေးဆွဲနေတာ မသိလိုက်လို့ Junction city သွားမှာကို မကွေ့ဘဲ လသာရောက်သွားလို့ ကမန်းကတမ်း ဆင်းပြီးလမ်းလျှောက်လိုက်ရတယ်။ အခုလမ်းကြောင်း အသစ်က လသာ(ဂိတ်ဖျား)ကို ဝင်ပြီးမှ Junction ရောက်မှာ”ဟု ရန်ကုန်မြို့တွင်း YBS စီးနင်းသူ တစ်ဦးက ပြောသည်။

YBS – 133 ခရီးစဉ်လမ်းကြောင်း ဒဂုံဆိပ်ကမ်း (အမျိုးသားကင်ဆာရောဂါကုဆေးရုံ) – ကနောင်ကွေ့ – ယုဇနမုခ်ဦး – ကျွန်းရွှေဝါလမ်း – ကွန်တိန်နာအဝိုင်း – ပုဏ္ဏမီလမ်း – ပဲခူးမြစ်လမ်း – သိမ်ကျောင်းလမ်းဆုံ – သစ်ဆိပ် – ကွေ့မ – တိုင်းရင်းသားကျေးရွာ – သာကေတအဝိုင်း – ကျောက်တိုင် – (၁)ဈေးကွေ့ – ဒေါပုံသင်္ဘောကျင်း – မဟာဗန္ဓုလတံတား – လမ်း(၅၀) – အနော်ရထာလမ်း – လသာ – အရေးပေါ်ဌာန – ရန်ကုန်ပြည်သူ့ဆေးရုံကြီး – ဗိုလ်ချုပ်ဈေး – ဆူးလေ – မဟာဗန္ဓုလလမ်းအထိဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ခင်နှင်းဝေ တက်ဂ်ဘောပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူး၊ စပိန်ဂန္တဝင် ပူယိုးလ် လာရောက်အားပေး

မြန်မာအားကစားမယ် ခင်နှင်းဝေသည် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် တက်ဂ်ဘော (Teqball) အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကစားသမား ဆူမာယာကို ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ယူကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါဗိုလ်လုပွဲကို ဘာစီလိုနာနှင့် စပိန်လက်ရွေးစင်အသင်းတို့၏ ဂန္တဝင်နောက်ခံကစားသမား ကားလက်စ် ပူယိုးလ် (Carles Puyol) ကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ခင်နှင်းဝေသည် ဗိုလ်လုပွဲ ပထမပွဲတွင် ၁၀-၁၂ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယနှင့် တတိယပွဲတို့တွင် ၁၂-၈၊ ၁၂-၉ ရလဒ်များဖြင့် ပြန်လည်အနိုင်ယူနိုင်ခဲ့ကာ...

ရေနည်းကာလတွင် ရေဝင်ရောက်ခြေရှိသေးသည့်အတွက် Steel Sheet Pile ရို-က်ပြီး ကာရံသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ဟင်္သာတ၊ စက်တင်ဘာ ၂၀ ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နှင့် ဆက်စပ် မြို့၊ ရွာများသို့ ရေကျော် စီးဝင်ခြင်းမှ ကာကွယ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက Steel Sheet Pile များ ရိုက်သွင်း ကာရံလျက် ရှိသည်။ အဆိုပါရေကျော်စီးဝင်နေသည့် ငဝန်မြစ်သည် ရေစီးသန်ပြီး ယခင်ရေနည်းနေသည့်အချိန်တွင်ပင် ရေအနက်သည် ၃၆ ပေခန့်ရှိသည်။ ၄င်း၏ မြစ်ကြမ်းပြင်သည် လူနေထိုင်ရာ ရပ်ကွက်များ၊ ကျေးရွာများနှင့် စိုက်ပျိုးမြေများထက်...

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ (၂၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး အောက်တိုဘာ ၁၇ ရက်တွင် ကျင်းပမည်

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MPMEA) ၏ (၂၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို လာမည့် အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးသို့ အသင်းဝင်များအနေဖြင့် ဖိတ်စာရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ မပျက်မကွက်တက်ရောက်ကြရန် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့က အသိပေးထားသည်။ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MPMEA) သည် ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071