Sunday, April 19, 2026

AI နည်းပညာသုံးမျက်လှည့်ပြကွက်အစီအစဉ်များထည့်သွင်းကျင်းပသည့် Shopping in...

နန်နင်းမြို့တွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီးပွားရေးရာဦးစီးဌာနမှဦးစီး၍ AI နည်းပညာသုံးမျက်လှည့်ပြကွက်အစီအစဉ်များထည့်သွင်းထားသော Shopping in China 2026 Guangxi “33 Consumption Festival"ဖွင့်ပွဲကို...

ACK အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံအမတ်ကြီး...

ကူဝိတ်နိုင်ငံရှိ အာဆီယံကော်မတီကူဝိတ်(ACK)၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား ကူဝိတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီးထံမှ ကူဝိတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံအမတ်ကြီးမှ ဧပြီ ၁၆ ရက်ကလွှဲပြောင်းရယူရာ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးချမ်းအေးတက်ရောက်ခဲ့သည်။ အလှည့်ကျဥက္ကဌအသစ် ဘရူနိုင်းနိုင်ငံသံအမတ်ကြီး ...

အကျဥ်းသား၊ အကျဥ်းသူများကို လွတ်ငြိမ်းခွင့်ပြုခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)က အကျဥ်းသား၊ အကျဥ်းသူ များအား ပြစ်ဒ-ဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းမှာ လူ့အခွင့်အရေးရှုထောင့်နှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးရှုထောင့်တို့အရ ကောင်းမွန်သည့်ရလဒ်များရရှိစေသည်ဟု...

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဒီ ဇယ်ဆီတစ်ဂါလံလျင်(၁)သောင်းကျပ်နှုန်းဖြင့် တောင်...

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ်ဒီဇယ်ဆီများကို နေပြည်တော်ရှိ တောင်သူများထံအထူးသက် သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ ထိုသို့ ရောင်းချပေးလျက်ရှိရာ...
HomeArticlesYBS အလွမ်း၊ တက္ကသိုလ်အလွမ်း

YBS အလွမ်း၊ တက္ကသိုလ်အလွမ်း

ybs2

YBS ပြောင်းလဲလိုက်တဲ့ စနစ်သစ်တစ်ခု၊ အထာမကျသေးတဲ့ အခိုက်အတန့်ကာလ၊ ကားဂိတ်တွေမှာ ရုံးဆင်းချိန် ကျောင်း ဆင်းချိန် ကားတွေကြပ်၊ လူတွေညပ်ပြီး ယောက် ယက်ခတ်နေ တာကို မြင်ရတော့ ဟိုးအတိတ်တစ်ချိန် ရန်ကုန် တက္ကသိုလ်ကျောင်းသူ ဘဝ၊ ကားမှတ်တိုင်မှာ ကားမရလို့ အကျပ်ရိုက်ခဲ့ရတဲ့ ဖြစ်စဉ်လေး ကြေးမုံပြင်လို စိတ်အတွေးတရေးရေး ပေါ်လာခဲ့ပါပေါ့။ သူငယ်ချင်းတို့ရေ လွမ်းလိုက်ရတာဟယ်။

ဟိုးလွန်ခဲ့တဲ့ အနှစ်၃ဝနီးပါး ကာလတစ်ခု၊ ပြေငြိမ်းနဲ့ တင်နီလာဝင်းတို့ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်မှာပေါ့။ ဆံပင်ရှည်ရှည် လွယ်အိတ်ရှည်ရှည်၊ ထဘီတိုတို၊ ဒေါက်ဖိနပ်မြင့်မြင့်စီးပြီး စာအုပ် လက်မှာပိုက်လို့ ဒီမှာဟေ့ တက္ကသိုလ်ကျောင်းသူရယ်လို့ မြင်တာနဲ့ သိနိုင်အောင် စတိုင်လုပ်ရှိုးထုတ်ထားတဲ့ ကျွန်မတို့သူငယ်ချင်း ၄ယောက်၊ သောက နဲ့နပန်းလုံး ခံခဲ့ရတဲ့ ညနေခင်းလေးတစ်ခုမှာပေါ့နော်။ ထမင်း စားဖိတ်ထားတဲ့ မြေနီကုန်းက ကျွန်မအဒေါ်အိမ်ကို ထမင်းစားသွားဖို့အတွက် မိန်းထဲကထွက်၊ ကမာရွတ် ရဲစခန်းကိုကျော်ပြီး လှည်းတန်းလမ်းမကြီးပေါ်မှာ ကားစောင့်လေသတည်း ပေါ့။ ရုံးဆင်းချိန်၊ ကျောင်းဆင်းချိန်မို့ ရပ်လိုက်တဲ့ကားမှန်သမျှ လူတွေငါးပိငါးချဉ် သိပ်ကြပ်ညပ်နေတာမို့ လေးယောက်လုံးဘယ်လိုမျှတက်လို့မရ။ စတိုင်နဲ့မလိုင်နဲ့ ပိုက်ဆံအကုန်အကျခံပြီး တက္ကစီငှားစီးမယ် ဆိုတာတောင် လွတ်တဲ့တက္ကစီရယ် လို့ တစ်စီးမှမတွေ့ရလောက်အောင် ခရီးသည်တွေကလည်း ပေါပါဘိ။ တက္ကသိုလ် ကျောင်းသူတွေရဲ့ လှတပတရုပ်လေးတွေမှ မထောက်ထား၊ တက္ကစီကားသမားတွေ ကလည်း လက်ခါပြပြီး ပါစင်ဂျာပါပြီးသားမို့ ရပ်မပေး။ ရော်.. ခက်လှပါပေါ့။ ဒီလိုပုံနဲ့ မြေနီကုန်းဘယ်လိုရောက်ပါ့။ အစာအိမ်ရဲ့ အချက်ပေးခေါင်း လောင်း သံကလည်း ဘာမှမစားရသေးတဲ့ ကျွန်မတို့ကို ကျီစယ်လိုက်သမှ တဂွီဂွီတ ဂွမ်ဂွမ်နဲ့ပါ။ ဖိတ်ကျွေးတဲ့ထမင်းပွဲမှာ အဝတွယ်လိုက်မဟဲ့လို့ စိတ်ကူး ထားပြီး သကာလ ကျွန်မတို့ ခွဲတမ်းဟင်းတွေယူစားကြလို့ အဆောင်က သူငယ် ချင်းတွေကို စေတနာရေ စီးကမ်းပြိုလိုက်မှာခဲ့ပြီးသား။ ကားမရတဲ့ ဒုက္ခရင်ထဲ မှာ ဗလောင်ဆူပူလိုက်တာမှ ပူပူနဲ့တောင်နေသေး။ စားချင်တာတွေ ကြိုတင် မေးပြီး တကူးတက ချက်ကျွေးမယ့်ထမင်းဝိုင်းထဲက ငါးဖယ်ဆီပြန်၊ ကြက်သား ဘူးသီး ကာလသားချက်၊ ကြက်သဲကြက်မြစ်သုပ်၊ ပါးပိရည်တို့စရာ ကိုပြေးမြင် ခဏတံတွေးမျိုချရင်း ကြံစမ်းလို့ ဦးနှောက်ကို အလုပ်ပေးရင်းက ရလာတဲ့ အကြံအစည်ကို အကောင်အထည်ဖော်ဖို့ ကျွန်မတို့ရှေ့ကနေခေါက်တုံ့ ခေါက် ပြန်လျှောက်နေတဲ့ မော်တော်ပီကယ် မမလှလှလေးကို လှမ်းခေါ်လိုက်ပါတယ်။

” မမခင်မာဝေ” ကျွန်မရဲ့ ခေါ်သံမှာ ရုတ်တရက်အံ့အားသင့်သွားတဲ့ မော်တော်ပီကယ်အစ်မကို ကျွန်မလှိုက်လှိုက်လှဲလှဲပြုံးပြရင်း “မမဝေ တအား လှတာဘဲ ဒီလောက် နေပူကြီးထဲမှာနေရတာတောင် အသားအရေက မပျက်စီး ဘဲ လှနေတာနော်၊ အားကျလိုက်တာ”လို့ ရင်းနှီးတဲ့လေသံနဲ့ ကျွန်မက ပြော လိုက်တော့ ဇဝေဇဝါဖြစ်နေတဲ့ သူ့အမူအရာကို ပြင်လိုက်ရင်း “ညီမလေးတို့ ဘယ်သွားမလို့လဲ” လို့ ပါးချိုင့်ခွက်လေးပေါ်အောင် ပြုံးရင်းမေးပါလေရော။ ကျွန်မလိုချင်တဲ့ မိန်းပွိုင့်နက်နက်ထိလေ။ အောက်ဆုံးရောက်အောင်ပြုတ်ကျ လုလု စိတ်ဓာတ်ကို ပြန်ကောက်တင်ရင်း ကျွန်မက “မမဝေရေ၊ ညီမတို့ မြေနီ ကုန်းက အဒေါ့်အိမ် ထမင်းစားသွားမလို့ပါ။ ကားမရတော့ အခက်တွေ့နေ လို့ပါ။ အပြန်အချိန်မီ အဆောင်ပြန်ဝင်ရမှာမို့ အကူအညီ တောင်းချင်လို့မမ” လို့ ပြောလိုက်တော့ ” အေးအေး ခဏစောင့်၊ ဒီတစ်ခါမီးပွိုင့်နီရင် အဆင်ပြေအောင် စီစဉ်ပေးမယ်နော်” တဲ့။

ဟုတ်ကဲ့။ အဆင်ပြေလိုက်တာမှ ချောတဲ့မော် တော်ပီကယ်မမရဲ့အကူအညီတောင်းပေးမှုမှာ တစ်ယောက်တည်း ကားမောင်းလာတဲ့ ကိုယ်ပိုင်ကား မောင်းသူကလည်း လိုလိုလားလားပါ။ ကျွန်မတို့လည်း ဇိမ်ကျရင်း မော်တော် ပီကယ်မမကို လက်ပြရင်း မြေနီကုန်းကို ချောမွေ့စွာ ရောက်လေသတည်းပေါ့နော်။ ဒီဇာတ်လမ်းရဲ့ အဓိက စွမ်းဆောင်ရှင်က မော်တော်ပီကယ်မမပါ။ ဝန် ထမ်းတွေရဲ့ရင်ဘတ်နားမှာ ချိတ်ဆွဲထားတဲ့ နာမည်ကတ်လေးက အကူအညီ လိုရင် တောင်းနိုင်အောင် ချိတ်ဆွဲထားကြတာ ထင်ပါရဲ့။ ကျွန်မလည်း ဝန်ထမ်း နာမည်ကတ်လေးကိုကြည့်ပြီး တရင်းတနှီး ဆွေမျိုးစပ်ပြီး ကားရအောင် အကူ အညီတောင်းခံခဲ့ရတာပါနော်။ ခုလည်း YBS ကားတွေ အခက်အခဲ ဖြစ်နေချိန်မှာလည်း ပရဟိတ (အခမဲ့ယာဉ်)တွေ ကူညီမှုကြောင့် လိုရာခရီးကို (နည်းနည်း လေး စိတ်မောရတာကလွဲရင်) ချောချောမောမော ရောက်ကြတာပါပဲ။ အို၊ ကျွန်မချစ်တဲ့ ရန်ကုန်တက္ကသိုလ်၊ ကျွန်မချစ်တဲ့ သူငယ်ချင်းတွေရေ၊ YBS နဲ့ ဆက်စပ်ပြီး လွမ်းမိတာမို့  YBS အလွမ်း၊ တက္ကသိုလ်အလွမ်း တွေက ရင်ထဲမှာ .. ရင်ထဲမှာပေါ့။

စိမ်းမြမြ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071