Thursday, June 4, 2026

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်နှင်းကေသီဝင်းကိုခန့်အပ်

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်နှင်းကေသီဝင်းကိုခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ဇွန် ၄ ရက်တွင် အမိန့်အမှတ် ၅၆/၂၀၂၆ ဖြင့်ထုတ်ပြန်ခဲ့သည်။ ဒေါ်နှင်းကေသီဝင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃ဝ၈၊ ပုဒ်မခွဲ(ခ)၊...

အနောက်တောင်မုတ်သုန်လေ မြန်မာနိုင်ငံတစ်ဝှမ်း ဝင်ရောက်ပြီးဖြစ်၊ ရန်ကုန်-ဧရာဝတီ-တနင်္သာရီတွင်...

အနောက်တောင်မုတ်သုန်လေသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ ဝင်ရောက်ပြီးဖြစ်ကာ ဇွန် ၅ ရက် နံနက်ပိုင်းအထိ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်...

မကွေး-တောင်တွင်းကြီး ၁၃၂ ကေဗွီဓာတ်အားလိုင်း အဆင့်မြှင့်တင်ရေးလုပ်ငန်း...

မကွေးတိုင်းဒေသကြီးရှိ ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်းအား နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံကြိုး (ACCC) ဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကို မေ ၂၂...

ရန်ကုန်တွင် ယာဉ်စည်းကမ်းဖောက်ဖျက်မှုများကို Viber မှတစ်ဆင့်...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်သည့် ယာဉ်များကို ပြည်သူများအနေဖြင့် Viber မှတစ်ဆင့် တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက အသိပေးထုတ်ပြန်ထားသည်။ တိုင်ကြားလိုသူများအနေဖြင့်...
HomeNewsLocal NewsYBS အမှတ် ၁၂၈...

YBS အမှတ် ၁၂၈ ယာဉ်လိုင်း ဇွန် ၁ နံနက် ၆နာရီမှ စတင်ပြေးဆွဲမည်

YBS အမှတ် ၁၂၈ ယာဉ်လိုင်း ဇွန် ၁ နံနက် ၆နာရီမှ စတင်ပြေးဆွဲမည်

ဗန္ဓုလအများပိုင်ကုမ္ပဏီလီမိတက်က ပြေးဆွဲမည့် YBS အမှတ် ၁၂၈ ယာဉ်လိုင်းသည် ဇွန် ၁ နံနက် ၆နာရီမှစတင်ပြေးဆွဲသွားမည်ဟု သိရသည်။

YBS အမှတ် ၁၂၈ ယာဥ်လိုင်းအနေဖြင့် အစီးရေ ၃၀ စီးဖြင့် ဒဂုံတက္ကသိုလ်(ဂိတ်အစ)မှ သခင်မြပန်းခြံ(ဂိတ်ဆုံး)အထိ အသွားအပြန်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

ယာဥ်စီးခနှုန်းထားများအဖြင့် သတ်မှတ်ရာတွင် ကျပ်နှစ်ရာ နှုန်းသာကောက်ခံရမည်ဖြစ်ပြီး၊ YPSကတ်စနစ်ဖြင့်လည်း စီနင်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားထားသည်။

“ယာဉ်စီးခ ပုံသေ ၂၀၀ ကျပ် ပါ။ YPS ကတ်နဲ့လည်း စီးလို့ရပါတယ်။ ဟု ၎င်းကဆိုသည်။

ယင်းသို့ တိုးချဲ့ပြေးဆွဲရခြင်းသည် ရန်ကုန်မြို့အတွင်း ကျောင်းသား/ကျောင်သူများနှင့် ခရီးသွားပြည်သူများအဆင်ပြေစွာသွားလာနိုင်ရန် ရည်ရွယ်ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။
ဗန္ဓုလအများပိုင် ကုမ္ပဏီလီမိတက် မှ ပြေးဆွဲမည့် အမှတ် ၁၂၈ ယာဉ်လိုင်းသည် ဒဂုံတက္ကသိုလ်မှ သခင်မြပန်းခြံအထိ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး၊ အဆိုပါ ယာဉ်လိုင်းခရီးစဉ်၏ အသွားအပြန်လမ်းကြောင်းများမှာ ဒဂုံတက္ကသိုလ်၊ ဘုန်းကြီးကျောင်းကွေ့၊ ၇/၈ လမ်းဆုံ၊ မဝတ လမ်းဆုံ၊ ဘေလီ၊ စံပြစျေး၊ အသင်းတိုက်၊ လမ်းဆုံ(မြင်းပြိုင်ကွင်း)၊ တာမွေအဝိုင်း၊ ရွှေဂုံတိုင်၊ အုတ်လမ်း၊ လင့်လမ်း၊ မြေနီကုန်း၊ ဟယ်ပင်၊ စိန်ဂျွန်း၊ ဗဟိုရ်စည်၊ သခင်မြပန်းခြံ ခရီးစဉ်အတိုင်း နေ့စဉ်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

အလားတူ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်း အဖွဲ့ကလည်း YBSအမှတ်၁၂၈ယာဥ်လိုင်းကို အစီးရေ ၁၀စီးဖြင့်ပြေးဆွဲရန်လျာထားသော်လည်း စတင်ပြေးဆွဲမည့်ရက်ကို မသိရှိရပေ။

အဆိုပါ ယာဥ်လိုင်းပြေးဆွဲမည့်ခရီးစဥ်လမ်းကြောင်းမှာ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ၊ ဘုရင့်နောင်လမ်း၊ လေးထောင့်ကန်၊ စံပြစျေး၊သံသုမာလမ်း၊ ဘေလီ၊ ပင်လုံလမ်း၊ ပြည်ထောင်စုလမ်း၊ ၇/၈ လမ်းဆုံ၊ ရာဇဓိရာဇ်လမ်း၊ ဘုန်းကြီးကျောင်းကွေ့၊ မင်းရဲကျော်စွာလမ်း၊ စိတ်ကျန်းမာရေးဆေးရုံ၊ အမှတ်(၇)လမ်းမ၊ မစိုထိပ်၊ အမှတ်(၂)လမ်းမ၊ လေးထောင့်ကန်၊ ဘုရင့်နောင်လမ်း၊ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ(အဝိုင်းပတ်) ခရီးစဉ် အတိုင်းပြေးဆွဲရန်ရှိနေသည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်နှင်းကေသီဝင်းကိုခန့်အပ်

ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ဒေါ်နှင်းကေသီဝင်းကိုခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ ဇွန် ၄ ရက်တွင် အမိန့်အမှတ် ၅၆/၂၀၂၆ ဖြင့်ထုတ်ပြန်ခဲ့သည်။ ဒေါ်နှင်းကေသီဝင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃ဝ၈၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၄)၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၄၅ နှင့် တိုင်း(သို့)ပြည်နယ်အစိုးရ အဖွဲ့ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ(ဃ)တို့အရခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

အနောက်တောင်မုတ်သုန်လေ မြန်မာနိုင်ငံတစ်ဝှမ်း ဝင်ရောက်ပြီးဖြစ်၊ ရန်ကုန်-ဧရာဝတီ-တနင်္သာရီတွင် နေရာကွက်၍ မိုးကြီးနိုင်

အနောက်တောင်မုတ်သုန်လေသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ ဝင်ရောက်ပြီးဖြစ်ကာ ဇွန် ၅ ရက် နံနက်ပိုင်းအထိ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၄ ရက်တွင် ထုတ်ပြန်သည်။ မိုးလေဝသခန့်မှန်းချက်အရ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း) တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း သိရသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်တိုင်းဒေသကြီးနှင့်...

မကွေး-တောင်တွင်းကြီး ၁၃၂ ကေဗွီဓာတ်အားလိုင်း အဆင့်မြှင့်တင်ရေးလုပ်ငန်း ၁၀ ရက်အတွင်း ၁၂ ရာခိုင်နှုန်းကျော် ပြီးစီး

မကွေးတိုင်းဒေသကြီးရှိ ၁၃၂ ကေဗွီ မကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်းအား နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံကြိုး (ACCC) ဖြင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းကို မေ ၂၂ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ မေ ၃၁ ရက်အထိ ၁၀ ရက်အတွင်း လုပ်ငန်းတိုးတက်မှု ၁၂ ဒသမ ၇၉ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း သိရသည်။ အဆိုပါ နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံကြိုးသည် လက်ရှိအသုံးပြုနေသည့် ကြိုးများထက် ဝန်အား နှစ်ဆကျော် သယ်ဆောင်နိုင်မည်ဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံများမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071