ရန်ကုန်မြို့တွင်း အများပြည်သူသုံးယာဉ်လိုင်းများဖြစ်သည့် YBS ယာဉ်ကြီးများ မောင်းနှင်နိုင်ရန်အတွက် “YBS “ မော် တော်ယာဉ်ကြီးမောင်း သင်တန်း အပတ်စဉ် (၄) အား မေလ နောက်ဆုံးပတ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ YRTC ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကာလ တစ်လကြာ တက်ရောက်ရမည့် ထိုသင်တန်းကို လျှောက်ထားလိုသူများသည် အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်ကာ (ခ)လိုင်စင် အနည်းဆုံးသက်တ မ်း (၅) နှစ်ရှိရမည်ဖြစ်သလို အသက် (၂၃) နှစ်မှ (၅၅) နှစ်အတွင်း ဖြစ်ရမည်ဖြစ်သည်။
ထို့အပြင် အခြေခံယာဉ်မောင်းနှင်နိုင်မှုအားလည်း သင်တန်းက ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။
သင်တန်းသားဦးရေ အကန့်အသတ်ရှိသော အဆိုပါ သင်တန်းကို လျှောက်ထားလိုသူများအနေဖြင့် ရန်ကုန်ဘက်စ်ကားအများနှင့်သက်ဆိုင်သော ကုမ္ပဏီလိမိတက်၊ အမှတ် (၇) ထောက်ကြန့် မြို့ရှောင်လမ်း၊ ဘွက်ကြီးကျေးရွာ အုပ်စုမှော်ဘီမြို့နယ်တွင် သွားရောက်စာရင်းသွင်းနိုင်ကြောင်း သိရသ ည်။
အသေးစိတ် သိရှိလိုပါကလည်း ဖုန်း – ၀၉၇၆၆၀၂၉၂၈၀၊၀၉၄၂၀၇၃၂၅၀၈၊ ၀၉၇၇၉၅၅၈၅၅၂ သို့ ဆက်သွယ်မေး မြ န်းနိုင်ကြောင်းလည်း သ်ိရသည်။
အများပြည်သူနှင့်ဆိုင်သည့် ယာဥ်မောင်းများအနေဖြင့် ကျွမ်းကျင်မူအစုံ ရှိနေခြင်းက ပြည့်သူဝန်ဆောင်မူကောင်း ကိုပေးနိုင်မည်ဖြစ်သဖြင့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ် အေးချမ်းမူတို့ကိုပါ လေ့ကျင့်ပေးစေလိုကြောင်း ပြည်သူများက အကြံပြုကြသည်။
