ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းနှင့် သုမနလမ်းထောင့်ရှိ Fortune Plaza တွင် Yangon Baby & Kids Fair ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
Yangon Baby & Kids Fair ပွဲကြီးတွင် ဆိုင်ခန်းပေါင်း(၂၀၀) ကျော် ပါဝင်ရောင်းချပေးခဲ့ပြီး စိတ်လှုပ်ရှားဖွယ် ကလေး Playground ကစားကွင်းများ၊ စားစရာ Food Court ဆိုင်များ၊ ကလေးအသုံးဆောင်ပစ္စည်းများ၊ အထူးလျော့ဈေးများဖြင့် ရောင်းချပေးခဲ့ကြာင်း သိရသည်။
YANGON BABY & KIDS FAIR 2025 ကို စက်တင်ဘာလ (၅) ရက်မှ (၇) ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။
