Thursday, August 6, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဝန်ကြီးချုပ်က အစိုးရအိမ်တော်၌...

ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့်...

YCDC ပြင်ပဓာတ်အားလိုင်း အဆင့်မြှင့်တင်မှုကြောင့် ရန်ကုန်မြို့နယ်...

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သည် ရေကူးရေတွန်းစက်ရုံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ပေးဝေနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ပိုင် မြောက်ကမ္ဘာအေးဓာတ်အားခွဲရုံ၌ 33 kV...

ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ ဩဂုတ်-၆ ပြည်တွင်းဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် လိုအပ်သည့် စက်ပစ္စည်းများ ဖြည့်ဆည်းတပ်ဆင်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေအဆိုပြုလွှာများကို ပေးပို့လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဒုတိယဝန်ကြီးချုပ် ဦးဆောင်၍...

ဗန်ကောက်၊ ဩဂုတ် ၆ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official...
HomeInternationalWHO မှ အမေရိကနုတ်ထွက်ကြောင်း...

WHO မှ အမေရိကနုတ်ထွက်ကြောင်း ထရမ့်ပ် ကြေညာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ နုတ်ထွက်မည်ဆိုသည့် သူ၏ မဲဆွယ်ကတိကဝတ်ကို ကောင်းကောင်းအကောင်အထည်ဖော်နေပြီဖြစ်သည်။ ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ထုတ်ပြန်ခဲ့သော သမ္မတအမိန့်အများအပြားတွင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာများကို ကြီးကြပ်သော ကုလသမဂ္ဂ၏ အေဂျင်စီမှ အမေရိက၏ အဖွဲ့ဝင်ဖြစ်မှုကို ရပ်စဲသည့် လုပ်ငန်းစဉ်သည် စတင်ပြီဖြစ်ကြောင်း ကြေညာချက်လည်း ပါဝင်ခဲ့သည်။

ထရမ့်ပ်၏ WHO နှင့် မကျေလည်မှုသည် ကိုဗစ်ကပ်ရောဂါဘေး အချိန်ကာလက မြင့်မားခဲ့သည်။ WHO သည် ကပ်ရောဂါကို တုန့်ပြန်ဖြေရှင်းရာတွင် အလွန်နှေးကွေးခဲ့ကြောင်းနှင့် အဖွဲ့သည် တရုတ်နိုင်ငံ၏ ထိန်းချုပ် ကိုယ်ပိုင်ပြုမှုခံနေရကြောင်း သူက ထပ်တလဲလဲ ဝေဖန်ခဲ့သည်။

“ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကျုပ်တို့ကို ဆုတ်ယုတ်စေတယ်” ဟု သမ္မတအမိန့်များကို လက်မှတ်ရေးထိုးစဉ် ထရမ့်ပ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ထရမ်ပ့်၏ ကတိကဝတ် တရားဝင်ဖြစ်လာရန်သည် တစ်နှစ်အချိန်ယူရမည်ဖြစ်သည်။ ယင်းသည် ၁၉၄၈ ခုနှစ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ အမေရိကဝင်ရောက်စဉ် အနာဂတ်တွင် နုတ်ထွက်မည့်အခြေအနေနှင့်ပတ်သက်၍ သတ်မှတ်ထားသော အချိန်ကာလဖြစ်သည်။ ထရမ့်ပ်သည် သူ၏ ပထမဆုံး သမ္မတသက်တမ်းအတွင်းက WHO ကို ရန်ပုံငွေထောက်ပံ့ခြင်းကို ရပ်ဆိုင်းခဲ့ပြီး နုတ်ထွက်ခြင်းလုပ်ငန်းစဉ်ကို စတင်ခဲ့သည်။ သို့သော်လည်း တစ်နှစ်တာ နုတ်ထွက်ခြင်း လုပ်ငန်းစဉ် မပြီးမြောက်မီတွင် ဘိုင်ဒင် သမ္မတဖြစ်လာခဲ့ပြီး ချက်ချင်းပင် နုတ်ထွက်မှုလုပ်ငန်းစဉ်ကို ဖျက်သိမ်းခဲ့သည်။

ထရမ့်ပ်၏ တနင်္လာနေ့ ကြေညာချက်သည် WHO အတွက် အကျိုးဆက်များက သိသာထင်ရှားသည်။ အဖွဲ့သည် ၎င်းတို့၏ အရေးကြီးဆုံးအဖွဲ့ဝင်နှင့် အကြီးမားဆုံး အလှူရှင်ကို ဆုံးရှုံးရခြင်းဖြစ်သည်။ အမေရိကသည် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်တို့တွင် WHO ကို ဒေါ်လာ ၁ ဒဿမ ၂၈၄ ဘီလျံထည့်ဝင်ခဲ့ပြီး ယင်းသည့် ဒုတိယအများဆုံး ထည့်ဝင်သည့် အလှူရှင် ဂျာမနီထက် ဒေါ်လာသန်းရာချီ၍ ပိုများကြောင်း သိရသည်။

Ref: အင်န်ပီအာရ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဝန်ကြီးချုပ်က အစိုးရအိမ်တော်၌ နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆို

ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်က ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။ အစိုးရအိမ်တော်သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရောက်ရှိလာရာ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ကြိုဆိုနှုတ်ဆက်ခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံဂုဏ်ပြုတပ်ဖွဲ့က မြန်မာနိုင်ငံတော်သီချင်းနှင့် ထိုင်းနိုင်ငံတော်သီချင်းတို့ကို တီးမှုတ်၍...

YCDC ပြင်ပဓာတ်အားလိုင်း အဆင့်မြှင့်တင်မှုကြောင့် ရန်ကုန်မြို့နယ် ၁၂ ခုတွင် ရေပေးဝေရေး ယာယီပြတ်တောက်မည်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သည် ရေကူးရေတွန်းစက်ရုံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတည်ငြိမ်စွာ ပေးဝေနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ပိုင် မြောက်ကမ္ဘာအေးဓာတ်အားခွဲရုံ၌ 33 kV Auto Recloser တပ်ဆင်ရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ရာ ရန်ကုန်မြို့နယ် ၁၂ ခု တွင် ရေပေးဝေရေး ယာယီပြတ်တောက်ခြင်း သို့မဟုတ် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း အသိပေးထုတ်ပြန်သည်။ အဆိုပါလုပ်ငန်းကို ဩဂုတ် ၇ ရက် နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ လေးနာရီကြာ ဆောင်ရွက်မည်ဖြစ်ပြီး ယင်းကာလအတွင်း...

ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ ဩဂုတ်-၆ ပြည်တွင်းဆီစက်လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် လိုအပ်သည့် စက်ပစ္စည်းများ ဖြည့်ဆည်းတပ်ဆင်နိုင်ရေးအတွက် ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေအဆိုပြုလွှာများကို ပေးပို့လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက အသိပေးထားသည်။ အဆိုပါချေးငွေများကို ပြည်တွင်းဆီစက်များ အဆင့်မြှင့်တင်ခြင်းနှင့် လုပ်ငန်းလိုအပ်ချက်အရ စက်ပစ္စည်းများ ဖြည့်ဆည်းဝယ်ယူတပ်ဆင်ခြင်းတို့အတွက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ချေးငွေအဆိုပြုလွှာများကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ရုံးခွဲများသို့ ပေးပို့လျှောက်ထားနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071