Friday, May 23, 2025

တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ်...

ပေကျင်း၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်‌နေ့မှ ၂၆ ရက်...

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...
HomeActivitiesValentine's Day နှင့်...

Valentine’s Day နှင့် သူတို့ရဲ့ ဖြတ်သန်းမှု (၁)

Valentine’s Day လို့ သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကတော့ မကြာခင်မှာ ရောက်ရှိ လာမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ချစ်သူစုံတွဲတွေ အနေနဲ့ တစ်ဦးနှင့် တစ်ဦး အမှတ်တရ လက်ဆောင်တွေ ပေးကြရင်း ပျော်ရွင်စွာ ဖြတ်သန်းကြတဲ့ နေ့တစ်နေ့လည်းဖြစ်ပါတယ်။ အနုပညာရှင်တွေ အနေနဲ့လည်း ဒီနေ့လေးမှာ ဘယ်လိုတွေဖြတ်သန်းခဲ့ကြလည်းဆိုတာ မေးမြန်းတင်ဆက်ပေးလိုက်ရပါတယ်။

Valentine’s Day ကို အွန်ဆိုင်း က ရင်မခုန်ဘူး။ ချော့ကလက်လဲ ရမှာ မဟုတ်ဘူး။ ပန်းစည်းလည်း ရမှာ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီ နေ့လေးကို အွန်ဆိုင်းကြိုက်ပါတယ်။ ကိုယ်ချစ်တဲ့ ကိုယ်သဘောကျတဲ့သူ မည်သူကိုမဆို၊ မိသားစုဝင်ပဲ ဖြစ် ဖြစ်၊ အသိမိတ်ဆွေပဲဖြစ်ဖြစ်၊ ချစ်သူ ရည်းစားနဲ့ပဲဖြစ်ဖြစ် လှပတဲ့နေ့လေး တစ်နေ့ပါ။ Valentine’s Day မှာ အမှတ်တရ အဖြစ်ပျက်တော့ ရှိခဲ့ ဖူးပါတယ်။ ထွေထွေထူးထူး ပြန် ပြောရအောင်တော့ မရှိဘူး။ အရင် တုန်းကငယ်တုန်း၊ ရွယ်တုန်းဆိုတော့ ချော့ကလက်တွေ၊ ပန်းစည်းတွေ ရ ခဲ့ဖူးတာတော့ ရှိခဲ့ဖူးပါတယ်။

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

Valentine’s Day တော့ အလုပ်တွေနဲ့ပဲ ကျော်ဖြတ်သွား မယ်။ ငယ်ငယ်တုန်းက Valentine’s Day ဆိုရင် သူငယ်ချင်းတွေ စုပြီး Show တွေ ဘာတွေ သွားကြည့်တာတော့ရှိတယ်။ အခု တော့ မကြည့်ဖြစ်တော့ပါဘူး။ ငယ်ငယ်တုန်းကတော့ ချော့က လက်တွေ ဘာတွေပေးလည်း ပေး တယ်၊ အပေးလည်း ခံရဖူးတယ်။ ချစ်သူတွေ အဲဒီနေ့တစ်နေ့ထဲ ရန်မဖြစ်ပဲ မနေပါနဲ့။ ဖြစ်လက်စ နဲ့ နေ့တိုင်း ဖြစ်ကျပါ။ (ရီလျက်) ကျွန်တော်စတာပါ။ ချစ်သူတွေ အကုန်လုံး ပျော်ရွှင်စရာ အခိုက် အတန့်လေးတွေ ပိုင်ဆိုင်နိုင်ပါ စေလို့ ဆုတောင်းပေးပါတယ်။

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

စိတ်ထဲမှာ ဖြစ်ချင်တဲ့ Valentine’s Day က Suprise လေး တွေ ပေးခံရပြီးတော့ Romantic ဆန်တဲ့ Valentine’s Day ကို ကျော်ဖြတ်ချင်တယ်။ ဒါပေမယ့် အဲ့နေ့မှာ အဲလစ် ရိုက်ကူးရေးရှိလို့ အလုပ်နဲ့ပဲ ကျော်ဖြတ်ရမယ်။ Valentine’s Day မှာ ပထမဆုံး မှတ်မှတ်ရရ ရဖူးတဲ့ လက်ဆောင်ဆိုရင် ရီးစားစာ။ အဲလစ်အုန်း သူငယ်ချင်းက ချော့ကလက်နဲ့ ရီးစားစာကို Valentine’s Day နေ့မှာ အဲလစ်စီပို့ပေးတယ်။ အဲလစ်က Ro လည်း မRo တက်တော့ ဘာသဘောနဲ့ ငါ့ကိုပေးတာဆိုပြီး သွားမေးတော့ နင့်ကို ပေးမယ်လူ မရှိမှာစိုးလို့ စပြီးပေးတာ ဆိုပြီး ပြောတယ်။ သူလည်း အခု မိန်းမရ၊ ကလေးရသွားပြီ။ သူစတာလား ဘာလားတော့မသိဘူး။ Valentine’s Day မှာ ပထမဆုံးရဖူးတဲ့ လက်ဆောင်လည်း ဖြစ်တယ်။ အဲဒါကတော့ အခုချိန်အထိ အမှတ်တရပါပဲ။

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

နှစ်တိုင်းကတော့ ချစ်သူဆီကနေ ဘာလက်ဆောင်မှ မရဖူးပါဘူး။ အဲဒီ့တော့ ဒီနှစ်လည်း ရမယ်လို့ မမျှော်လင့်ဘူး။ မရဖူးတော့ တွေးပြီးလည်း ပျော်မနေပါဘူး။ ပရိသတ်တွေဆီကတော့ နှစ်စဉ်ရတယ်။ အဲဒီ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေကိုလည်း ချစ်ရတယ်။ ဒီနှစ်မှာလည်း ပရိသတ်တွေ ဆီကနေ ဘယ်သူတွေကဘာ လက်ဆောင်လေးတွေ ပေးလာမလဲ ဆိုတာကို မျှော်လင့်နေပါတယ်။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071