Home News Local News USDP ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ပြန်လည်ရွေးချယ်ခံရ

USDP ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ပြန်လည်ရွေးချယ်ခံရ

0
114

နေပြည်တော်၊ စက်တင်ဘာ ၂၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ စတုတ္ထအကြိမ် ပါတီညီလာခံတွင် ပါတီခေါင်းဆောင်ပိုင်းကို ရွေးချယ်အတည်ပြုခဲ့ရာ ဦးခင်ရီအား ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ပြီး ဦးခင်ရီအပါအဝင် ပါတီဗဟိုအမှုဆောင် ၄၆ ဦးကို ပြန်လည်ရွေးချယ်ခဲ့ကြောင်း သိရသည်။

ပါတီခေါင်းဆောင်ပိုင်း ရွေးချယ်အတည်ပြုမှုအရ ပါတီဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးမြတ်ဟိန်းနှင့် ဦးသောင်းအေး၊ အတွင်းရေးမှူးများအဖြစ် ဦးတင်အောင်ချစ်နှင့် ဦးအောင်စိုးတို့ကို ရွေးချယ်အတည်ပြုခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ၏ စတုတ္ထအကြိမ် ပါတီညီလာခံကို စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် နေပြည်တော်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီ စက်တင်ဘာ ၁၈ ရက်က သတ္တမအကြိမ် ဗဟိုကော်မတီအစည်းအဝေး (၂၀၂၆) ကို ကျင်းပခဲ့သည်။ အစည်းအဝေးနှင့် ညီလာခံသို့ ပါတီဗဟိုကော်မတီဝင်များနှင့် နိုင်ငံတစ်ဝန်းမှ ပါတီကိုယ်စားလှယ်များ စုစုပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

ယခုညီလာခံတွင် ဦးခင်ရီအပါအဝင် ပါတီဗဟိုအမှုဆောင် ၄၆ ဦးကို ပြန်လည်ရွေးချယ်ခဲ့ခြင်းသည် လက်ရှိပါတီခေါင်းဆောင်မှုအဖွဲ့၏ ဖွဲ့စည်းပုံကို ဆက်လက်ထားရှိကာ ပါတီ၏ လက်ရှိလုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော်သွားမည့် အနေအထားဖြစ်သည်။

ပါတီအနေဖြင့် ယခုညီလာခံမှတစ်ဆင့် ခေါင်းဆောင်ပိုင်းနှင့် ပါတီဖွဲ့စည်းပုံကို ပြန်လည်အတည်ပြုခြင်းနှင့်အတူ အဖွဲ့အစည်းပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ပါတီလုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးအတည်ပြုခဲ့ကြောင်း သိရသည်။