Saturday, August 15, 2026

အာရှအမျိုးသမီးချန်ပီယံလိဂ် ယှဉ်ပြိုင်မည့် ဧရာဝတီအသင်း ပြည်တွင်းထိပ်တန်းကစားသမား...

ရန်ကုန်၊ ဩဂုတ် ၁၅ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီအမျိုးသမီးအသင်းသည် အာရှအဆင့်ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိနိုင်ရေးအတွက် ပြည်တွင်းကလပ်အသင်းများမှ ကစားသမား ၆ ဦးကို အငှားစာချုပ်ဖြင့် ခေါ်ယူကာ...

Elite ခရီးသည်တင်ယာဉ် အမြန်လမ်းတွင် တံတားအောက်...

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် Elite ခရီးသည်တင်ယာဉ်လိုင်းမှ အဝေးပြေးခရီးသည်တင်ယာဉ်တစ်စီး တံတားအောက်သို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ ၁၅ ဦးလုံး မစိုးရိမ်ရဒ-ဏ်ရာများ...

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေချိန် ချောင်းသာနှင့် ငွေဆောင်ကမ်းခြေရှိ...

ပုသိမ်၊ ဩဂုတ် ၁၅ လက်ရှိဖြစ်ပွားလျက်ရှိသည့် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတို့သို့ လာရောက်လည်ပတ်သူများအနေဖြင့် ကမ်းခြေတွင် ရောင်းချနေသည့် အကင်များနှင့် အစားအစာများ ဝယ်ယူစားသုံးရာတွင်...

ရန်ကုန်အဝေးသင်တက္ကသိုလ်၌ နောက်ဆုံးနှစ်ကျောင်းသား/သူများအတွက် လုပ်ငန်းခွင်အကြိုပြင်ဆင်နိုင်မယ့် ဆွေးနွေးပွဲ...

ယနေ့ ဩဂုတ်လ ၁၅ ရက်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်၌ ပညာရေးဝန်ကြီးဌာနနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့၏ဦးဆောင်လမ်းညွှန်မှုဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကာ Job-Ready Skills Workshop...
HomeMoviesUSDP နှင့် ဘယ်လာရုစ်...

USDP နှင့် ဘယ်လာရုစ် Belaya Rus ပါတီတို့ ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံ အကောင်အထည်ဖော်မှု ဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီနှင့် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ H.E. Volha Chamadanava တို့သည် ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံ၍ နှစ်ပါတီအကြား သဘောတူညီချက်နှင့် အကောင်အထည်ဖော်မည့် လမ်းပြမြေပုံပါ လုပ်ငန်းစဉ်များ ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဉ် USDP နှင့် Belaya Rus ပါတီတို့အကြား ရရှိထားသည့် နှစ်ပါတီသဘောတူညီချက်နှင့် လမ်းပြမြေပုံပါ လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ထို့ပြင် လူငယ်ရေးရာကဏ္ဍတွင် နှစ်ပါတီမှ လူငယ်များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ဖလှယ်မှုများ တိုးမြှင့်ရေးအပြင် မီဒီယာကဏ္ဍတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ H.E. Volha Chamadanava ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် USDP ပါတီ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

photo -USDP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာရှအမျိုးသမီးချန်ပီယံလိဂ် ယှဉ်ပြိုင်မည့် ဧရာဝတီအသင်း ပြည်တွင်းထိပ်တန်းကစားသမား ၆ ဦးဖြင့် အင်အားဖြည့်

ရန်ကုန်၊ ဩဂုတ် ၁၅ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီအမျိုးသမီးအသင်းသည် အာရှအဆင့်ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိနိုင်ရေးအတွက် ပြည်တွင်းကလပ်အသင်းများမှ ကစားသမား ၆ ဦးကို အငှားစာချုပ်ဖြင့် ခေါ်ယူကာ အသင်းအင်အား ထပ်မံဖြည့်တင်းလိုက်ကြောင်း သိရသည်။ ဧရာဝတီအမျိုးသမီးအသင်းသို့ အငှားစာချုပ်ဖြင့် ရောက်ရှိလာသည့် ကစားသမားများမှာ ရတနာပုံအသင်းမှ ဝင်းသိင်္ဂီထွန်း၊ ရန်ကုန်ယူနိုက်တက်အသင်းမှ ဇင်မိုးပြည့်၊ ISPE အသင်းမှ မိုးမမစိုး၊ လင်းမြင့်မိုရ်နှင့် ဇူးလတ်နဒီ၊ သစ္စာအားမာန်အသင်းမှ မေသက်မွန်မြင့်တို့ ဖြစ်ကြသည်။ အဆိုပါကစားသမားများသည် ပြည်တွင်းအမျိုးသမီးလိဂ်ပြိုင်ပွဲများတွင် အတွေ့အကြုံရှိသည့် ကစားသမားများဖြစ်ပြီး ယခုကဲ့သို့ အင်အားဖြည့်တင်းမှုနှင့်အတူ ဧရာဝတီအမျိုးသမီးအသင်းအနေဖြင့် အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်မှုများ...

Elite ခရီးသည်တင်ယာဉ် အမြန်လမ်းတွင် တံတားအောက် ထိုးကျတိမ်းမှောက်၊ ယာဉ်ပေါ်ပါ ၁၅ ဦး မစိုးရိမ်ရဒဏ်ရာများရရှိ

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် Elite ခရီးသည်တင်ယာဉ်လိုင်းမှ အဝေးပြေးခရီးသည်တင်ယာဉ်တစ်စီး တံတားအောက်သို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ ၁၅ ဦးလုံး မစိုးရိမ်ရဒ-ဏ်ရာများ ရရှိခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့ ဩဂုတ် ၁၅ ရက် နံနက် ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် အဆိုပါယာဉ်သည် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၅၈/၁ နှင့် ၅၈/၂ ကြားအရောက်တွင် ယာဉ်မောင်းအိပ်ငိုက်ရာမှ လမ်းလယ်ကျွန်းအား ဝင်တို-က်မိပြီး တံတားအောက်သို့...

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေချိန် ချောင်းသာနှင့် ငွေဆောင်ကမ်းခြေရှိ အစားအစာများ စားသုံးရာတွင် အထူးဂရုပြုရန် အသိပေး

ပုသိမ်၊ ဩဂုတ် ၁၅ လက်ရှိဖြစ်ပွားလျက်ရှိသည့် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေတို့သို့ လာရောက်လည်ပတ်သူများအနေဖြင့် ကမ်းခြေတွင် ရောင်းချနေသည့် အကင်များနှင့် အစားအစာများ ဝယ်ယူစားသုံးရာတွင် သန့်ရှင်းမှုနှင့် အစားအစာဘေးကင်းလုံခြုံမှုကို အထူးဂရုပြုကြရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေးထားသည်။ အကင်များဝယ်ယူစားသုံးရာတွင် သေချာကျက်အောင် ချက်ပြုတ်ထားခြင်း ရှိ၊ မရှိ စစ်ဆေးရန်နှင့် ချက်ပြုတ်ပြီးသားအစားအစာများကို လက်ဗလာဖြင့် မကိုင်တွယ်ဘဲ ဇွန်း၊ ညှပ် သို့မဟုတ် သန့်ရှင်းသောလက်အိတ်များ အသုံးပြုကိုင်တွယ်သည့် ဆိုင်များကို ရွေးချယ်စားသုံးရန် အသိပေးထားသည်။ ထို့ပြင် အစားအစာများကို ဖုန်၊ ယင်ကောင်နှင့် အခြားပိုးမွှားများ မထိတွေ့စေရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071