Friday, May 1, 2026

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...
HomeNewsLocal NewsUSDP ပါတီညီလာခံကျင်းပမည်

USDP ပါတီညီလာခံကျင်းပမည်

USDP ပါတီညီလာခံကျင်းပမည်

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ ပါတီညီလာခံတစ်ရပ်ကို အမြန်ဆုံးကျင်းပသွားရန်ရှိကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

လက်ရှိတွင် ကိုဗစ်၁၉ ကူးစက်မြန်ရောဂါကြောင့် နိုင်ငံတော်က လူဦးရေ ၄၀၀နှင့်အထက်စုဝေးခွင့်မပြုကြောင်း ကန့်သတ်ထားသည့်အတွက် ယင်းအပေါ် လက်တလောဆောင်နိုင်ခြင်းမရှိသည့်အတွက် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ကနဦးကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်းဆိုသည်။

” ညီလာခံကျင်းပရင် လူထောင်ချီတက်ရောက်မှာဖြစ်တဲ့အတွက် လက်ရှိအစိုးရက ကိုဗစ် ၁၉ ရောဂါကြောင့် လူဦးရေ ၄၀၀နဲ့အထက်စုဝေးခွင့်မပြုတာကြောင့် မကျင်းပနိုင်သေးတာပါ။ ပါတီညီလာခံကို အမြန်ဆုံးကျင်းပနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ဒါဟာ ပါတီရဲ့ဖွဲ့စည်းပုံအရ ငါးနှစ်တစ်ကြိမ်လုပ်ရမယ့် ညီလာခံပါ။” ဟု ဆိုသည်။

ပြီးခဲ့သော ဇွန်၈ ရက်နှင့်၉ ရက်တို့တွင်ပါတီဗဟိုကော်မတီအစည်းအဝေးကိုကျင်းပခဲ့ပြီး၊ အဆိုပါအစည်းအဝေးမှတစ်ဆင့် မိမိဆန္ဒအရ ဖြစ်စေ၊ ကျန်းမာရေးအခြေအနေအရဖြစ်စေနှုတ်ထွက်စာတင်ခဲ့သည့် ဗဟိုကော်မတီဝင်များရှိကြောင်းဆိုသည်။

“ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေတော့အပြောင်းအလဲမရှိပါဘူး။ ဗဟိုကော်မတီဝင်ထဲက မိမိဆန္ဒအရ ၊ ကျန်းမာရေးအခြေအနေအရနှုတ်ထွက်တဲ့သူတွေရဲ့လစ်လပ်နေရာမှာတော့ အစားထိုးပြောင်းလဲတာရှိပါတယ်။”ဟု ဆိုသည်။

ထို့အပြင် ပါတီဗဟိုကော်မတီအစည်းအဝေးမှ ပါတီ၏ရှေ့လုပ်ငန်းစဥ် ၅ ချက်ကိုလည်းချမှတ်နိုင်ခဲ့ပြီး၊ ပါတီတည်ဆောက်ရေး၊ နိုင်ငံတော် တည်ဆောက်ရေးနှင့် ပြည်သူလူထုခံစားနေရသော အခက်အခဲများအတွက် ကူညီဆောင်ရွက်ပေးရန်ဆိုသည့် ရှေ့လုပ်ငန်းစဥ်များဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ယင်းအပြင် ပါတီထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲဖြစ်မည်ဆိုသည့်အကြောင်းအပါအဝင် ပါတီအတွင်းပြိုကွဲစေရန်ရည်ရွယ်ချက်ဖြင့် လှုံဆော်နေမှုများသည်အထောက်အထားမရှိ ပြုလုပ်နေခြင်းများဖြစ်ပြီး၊ ယင်းသည် လုပ်ကြံဖန်တီးထားသော သတင်းများလည်းဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

ပြီးခဲ့သော ဇွန် ၈ ရက်နှင့် ၉ရက် နှစ်ရက်ကြာ ကျင်းပခဲ့သည့်ပါတီဗဟိုကော်မတီအစည်းအဝေးတွင် ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဒုတိယဥက္ကဋ္ဌများဖြစ်သော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဖိတ်ကြားထားသော ပါတီဗဟိုအတိုင်ပင်ခံများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် အင်းတော်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်သိမ်းပိုက်PDF အဖွဲ့ဝင်များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများက စစ်ကြောင်းခွဲ၍ ထိုးဖောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယနေ့တွင် အင်းတော်မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ကန်းနီ၊ နားရခေါင်၊ ကြာအင်း၊ ကျွန်းတောနှင့် ကူဆိပ်ကျေးရွာတို့ကို အဆင့်ဆင့် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ပတ်တာအတွင်း တိုက်ပွဲကြီး/ငယ် (၁၇) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လက်ရှိတွင် အင်းတော်မြို့အတွင်း၌ တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များ၊ လမ်းတံတားများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများတက်ရောက်၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ယနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှဘုရားလာသူများ၊ ညောင်ရေသွန်းလောင်းပူဇော်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများနှင့် စည်ကားများပြားလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071