U9 telecom ၏ ဆက်သွယ်ရေး ကွန်ရက်သည် ယနေ့ နံ နက်ပိုင်းမှ စတင်ကာ ပြတ်တောက်မှုဖြစ်ပေါ်နေသည်။
“ဖုန်းတိုင်မတက်ဘူး ဖြစ်နေတယ်။ မနက်ကတည်းက ခုထိပါ” ဟု U9 ဖုန်းကတ်သုံးစွဲသူတစ်ဦးက ပြောသည်။
U9 ဘက်ကမူ နည်းပညာပိုင်းဆိုင်ရာ ကွန်ရက်ပြတ်တောက်မှု နှင့်ပတ်သက်၍ ယနေ့နံနက်ပိုင်းတွင် မမျှော်လင့်ဘဲ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတစ်ရပ်ကြောင့် U9 သုံးစွဲသူ များ၏ ဝန်ဆောင်မှုများကို ထိခိုက်စေသည့် ကွန်ရက်ပြတ်တောက်မှုတစ်ခု ဖြစ်ပွားလျက်ရှိသည်ဟု အသိပေးထားသ ည်။
အဆင်မပြေမှုများအတွက် စိတ်ရင်းမှန်ဖြင့် အနူးအညွတ် တောင်းပန်ထားပြီး နည်းပညာအဖွဲ့များသည် အဓိက ပြ ဿနာ၏ ရင်းမြစ်ကို ဖော်ထုတ်ရန်နှင့် ဝန်ဆောင်မှုများကို အမြန်ဆုံး ပြန်လည်ရရှိစေရန်အတွက် အရေးပေါ်အခြေအ နေအဖြစ် အမြင့်ဆုံးဦးစားပေးဖြင့် အပြင်းအထန် ကြိုးပမ်းဆောင်ရွက်နေသညိဟု အသိပေးထားသည်။
