TNLA ၊ DPLA ၊ PDF အကြမ်းဖက်အဖွဲ့ဝင်များသည် ယနေ့ အောက်တိုဘာ ၁၆ ရက်ညနေပိုင်းက ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ သီပေါမြို့ရှိ ဌာနဆိုင်ရာဆိုင်ရာအဆောက်အအုံများနှင့် နေအိမ်များကိုမီးရှို့ကာထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
သီပေါမြို့အား ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ရေးအတွက် တပ်မတော်မှ သီပေါမြို့တွင်းအားဝင်ရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်အဖွဲ့ဝင်များသည် ဌာနဆိုင်ရာအဆောက်အအုံများဖြစ်သည့် အကျဉ်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြေစာရင်းရုံး၊ သီပေါဟိုတယ်တို့အပါအဝင် အခြားဌာနဆိုင်ရာအဆောက်အအုံများနှင့် နေအိမ်များအားမီးရှို့ကာ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းများမှ အခြားအဆောက်အအုံများအား မီးကူးစက်မှုမရှိစေရန် မီးငြှိမ်းသတ်နိုင်ရေးနှင့် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
