Wednesday, February 19, 2025

အီလွန်မတ် ဆက်လုပ်ဖို့ တရားရုံး မီးစိမ်းပြ

အီလွန်မတ်ဦးဆောင်သော အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန(DOGE)၏ အမေရိကန်ပြည်ထောင်စု ပြည်သူ့ဝန်ထမ်းစနစ် ပြန်လည်ပြင်ဆင်မှုကို လောလောဆယ်အနေဖြင့် ခွင့်ပြု‌ကြောင်း ဝါရှင်တန်ရှိ အမေရိကန်ပြည်ထောင်စုတရားရုံးမှ တရားသူကြီး တန်ယာချတ်ကင်က ကြေညာလိုက်သည်။ သူက အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာနကို...

ယူကရိန်းစစ်ပွဲ ဆွေးနွေးမှုများ၏ ပထမအဆင့်အဖြစ် သံတမန်ဆက်ဆံရေး...

ဖေဖော်ဝါရီ ၁၈ ရက်က ဆော်ဒီအာရေဗျနိုင်ငံတွင် အမေရိကနှင့် ရုရှား အရာရှိများ ဆွေးနွေးမှုအပြီး၌ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးများ ပုံမှန်လည်ပတ်မှုကို ပြန်လည်ဖော်ဆောင်ရန် အမေရိကနှင့်...

နွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီလများတွင် Hotspot...

နွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီလများတွင် Hotspot အရေအတွက်ပိုမိုများပြားလာနိုင်သည်ဟု မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ်ကိုလေး ကပြောသည်။ နေပြည်တော်၌ ဖေဖော်ဝါရီ...

သွေးသစ်ဝင်းလှိုင်နှင့် အောင်ခိုင်တို့၏ စိန်ခေါ်ပွဲပါဝင်သည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပမည်

သွေးသစ်ဝင်းလှိုင်နှင့် အောင်ခိုင်တို့၏ အထူးစိန်ခေါ်ပွဲအပါအဝင် နာမည်ကျော် ရိုးရာဖိုက်တာများ၏ တွဲဆိုင်းများပါဝင်သည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ယခုလ ဖေဖော်ဝါရီ (၂၃) ရက်နှင့် (၂၄)ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း...
HomeInternationalTikTok ဥပဒေကို ဆိုင်းငံ့ထားရန်...

TikTok ဥပဒေကို ဆိုင်းငံ့ထားရန် ထရမ့်ပ် တောင်းဆို

နာမည်ကျော် ဆိုရှယ်မီဒီယာအက်ပ်ကို ပိတ်ပင်ခံရနိုင်သည့် သို့မဟုတ် အတင်းအကြပ်ရောင်းချရစေနိုင်သည့် ဖက်ဒရယ် TikTok ဥပဒေတစ်ရပ်ကို ဆိုင်းငံ့ပေးရန် ဒေါ်နယ်ထရမ့်ပ်က အမေရိကန်တရားရုံးချုပ်ကို လျှောက်ထားတောင်းဆိုလိုက်ပြီး သူတာဝန်ထမ်းဆောင်ချိန်တွင် အဆိုပါကိစ္စကို နိုင်ငံရေးအရဖြေရှင်းနိုင်ရန် အချိန်ရသင့်သည်ဟု စောဒကတက်ခဲ့သည်။

TikTok ၏ မိခင်ကုမ္ပဏီဖြစ်သော ByteDance အနေဖြင့် အက်ပ်ကို ဇန်နဝါရီ ၁၉ ရက်အထိ လွှဲပြောင်းရောင်းချခြင်းမပြုပါက ပိတ်ပင်ရန် ကွန်ဂရက်က ဧပြီလတွင် မဲပေးဆုံးဖြတ်ခဲ့သည်။ ယင်းအချိန်မှစကာ TikTok နှင့် ByteDance သည် အမေရိကန်ပြည်ထောင်စုရှိ အွန်လိုင်းပေါ်တွင် အက်ပ်ဆက်ရှိနေရေးအတွက် တိုက်ပွဲဝင်နေခဲ့သည်။

၎င်းတို့သည် ဥပဒေကို ပယ်ချနိုင်ရေး ကြိုးပမ်းနေပြီး တရားရုံးချုပ်က အဆိုပါအမှုကို ကြားနာရန် သဘောတူထားခဲ့သည်။

သို့ရာတွင် တရားရုံးက ByteDance အပေါ် အနိုင်မပေးခြင်း သို့မဟုတ် ဥပဒေကို ပယ်ချခြင်းမျိုး မရှိခဲ့ပါက ထရမ့်ပ် ရာထူးမထမ်းဆောင်မီ တစ်ရက်အလို ဇန်နဝါရီ ၁၉ ရက်တွင် အက်ပ်သည် အမေရိကန်ပြည်ထောင်စုတွင် ပိတ်ပင်ခံရနိုင်မည်ဖြစ်သည်။

အဆိုပါအမှုသည် တစ်ဖက်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် အခြားတစ်ဖက်တွင် နိုင်ငံခြားရေးမူဝါဒနှင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်ရမှုကြားတွင် မကြုံစဖူးဆန်းသစ်သော ခက်ခဲသည့် အကျပ်အတည်းတစ်ခုဖြစ်သည်ဟု ထရမ့်ပ်က ဒီဇင်ဘာ ၂၅ ရက်က တိုင်ကြားလွှာတွင် ပြောဆိုခဲ့သည်။

ယင်းကို ဆိုင်းထားခြင်းအားဖြင့် ဖွဲ့စည်းပုံဥပဒေဆိုင်ရာ အရေးကြီးသောကိစ္စရပ်များကို ဆုံးဖြတ်ရာတွင် တရားရုံးဝင်ပါစရာမလိုဘဲ သမ္မတထရမ့်ပ်ကို နိုင်ငံရေးဆုံးဖြတ်ချက်တစ်ခု အကောင်အထည်ဖော်ရန် အခွင့်အလမ်းအား ပေးစွမ်းလိမ့်မည်ဖြစ်သည်ဟုလည်း တိုင်းကြားလွှာတွင် ပြောဆိုထားခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီလွန်မတ် ဆက်လုပ်ဖို့ တရားရုံး မီးစိမ်းပြ

အီလွန်မတ်ဦးဆောင်သော အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန(DOGE)၏ အမေရိကန်ပြည်ထောင်စု ပြည်သူ့ဝန်ထမ်းစနစ် ပြန်လည်ပြင်ဆင်မှုကို လောလောဆယ်အနေဖြင့် ခွင့်ပြု‌ကြောင်း ဝါရှင်တန်ရှိ အမေရိကန်ပြည်ထောင်စုတရားရုံးမှ တရားသူကြီး တန်ယာချတ်ကင်က ကြေညာလိုက်သည်။ သူက အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာနကို ဦးဆောင်နေသော အီလွန်မတ်၏ လုပ်ဆောင်ချက်များကို ချက်ချင်းတားဆီးရန် ပြည်နယ်ပေါင်း ၁၀ ခုကျော်မှ တောင်းဆိုချက်များကို လောလောဆယ်အားဖြင့် ငြင်းဆန်လိုက်ခြင်းဖြစ်သည်။ အစိုးရအေဂျင်စီ ၇ ခု၏ ကွန်ပျူတာစနစ်များကို ဝင်ရောက်ကြည့်ရှုခြင်း သို့မဟုတ် အစိုးရဝန်ထမ်းများကို ဖယ်ရှားခြင်းတို့ကို တားမြစ်သည့် တရားဝင် အမိန့်ထုတ်ပေးရန် ပြည်နယ်ပေါင်း ၁၀ ခုကျော်မှ တောင်းဆိုထားခြင်း ဖြစ်သည်။ ထိုတောင်းဆိုချက်တွင်...

ယူကရိန်းစစ်ပွဲ ဆွေးနွေးမှုများ၏ ပထမအဆင့်အဖြစ် သံတမန်ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရန် ကန်-ရုရှား သဘောတူ

ဖေဖော်ဝါရီ ၁၈ ရက်က ဆော်ဒီအာရေဗျနိုင်ငံတွင် အမေရိကနှင့် ရုရှား အရာရှိများ ဆွေးနွေးမှုအပြီး၌ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးများ ပုံမှန်လည်ပတ်မှုကို ပြန်လည်ဖော်ဆောင်ရန် အမေရိကနှင့် ရုရှားတို့ သဘောတူညီခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောကြားသည်။ မော်စကိုက ယူကရိန်းကို ကျူးကျော်ခဲ့မှုနှင့် မော်စကို၏ အခြားလုပ်ရပ်များနှင့် ပတ်သက်၍ ယခင်အမေရိကန်အစိုးရများက ရုရှားသံတမန်များအပေါ် ချမှတ်ခဲ့သော ကန့်သတ်ချက်များကို သိသိသာသာ ဖြေလျှော့ပေးနေသည်ကို ယခုလုပ်ရပ်က ပြသနေသည်။ ဇန်နဝါရီလတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သော သမ္မတ ဒေါ်နယ်ထရမ့်ပ်က စေ့စပ်ညှိနှိုင်းမှုများ စတင်ရန် ထိပ်တန်းအရာရှိများကို အမိန့်ပေးခဲ့ပြီးနောက်...

နွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီလများတွင် Hotspot အရေအတွက်ပိုမိုများပြားလာနိုင်ဟု ဒု-ဝန်ကြီး ဗိုလ်ချုပ်ကိုလေးပြော

နွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီလများတွင် Hotspot အရေအတွက်ပိုမိုများပြားလာနိုင်သည်ဟု မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ်ကိုလေး ကပြောသည်။ နေပြည်တော်၌ ဖေဖော်ဝါရီ ၁၈ ရက်မွန်းလွဲပိုင်းကကျင်းပသည့် မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင် ရွက်ရေးကော်မတီ၏ (၁/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် တစ်နိုင်ငံလုံးအနေဖြင့် Fire Hot-spot ဖြစ်ပေါ်မှု(၅၆၅၀၄)ကြိမ်ရှိပြီး ၂၀၂၄ ခုနှစ်တွင် (၅၁၀၉၁)ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလတွင် Fire Hotspot ဖြစ်ပေါ်မှုမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၁၂၇၉)ကြိမ်ဖြစ်ပေါ်ခဲ့ကာ ၂၀၂၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071