The Pirates မှာကျွမ်းကျင်မှုတွေပြသခဲ့တဲ့ Sehun
The Pirates ဟာ ဇာတ်ကားထဲမှာပါဝင်မယ့် Exo အဖွဲ့ဝင် Sehun ရဲ့ အမိုက်စားဓာတ်ပုံတွေကို ထုတ်ပြခဲ့ပါတယ်။
၂၀၁၄က ထွက်ခဲ့တဲ့ The Pirates ရဲ့ အဆက်ဖြစ်တဲ့ The Pirates:Goblin Flag ဟာ ပင်လယ် ပြင်မှာ ရတနာတွေရှာနေတဲ့ ပင်လယ်ဓားပြအဖွဲ့တစ်ဖွဲ့အကြောင်းကို စွန့်စားခန်းတွေ၊အက်ရှင်ခန်းတွေနဲ့အတူ ဟာသရောနှောရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ဒီဇာတ်ကားမှာတော့ Kang Ha Neul,Han Hyo Joo,Lee Kwang Soo, Kwon Song Woo , Sehun နဲ့ Chae Soo Bin တို့ပါဝင်ပါတယ်။
Sehun ကတော့ လေးနဲ့မြှားကိုင်ဆောင်ထားတဲ့ပါးနပ်ပြီးထူးခြားစွမ်းရည်ရှိတဲ့ Han Goong အဖြစ် သရုပ်ဆောင်ထားပါတယ်။
Han Goong ဟာ ပင်လယ်ဓားပြအဖွဲ့သားတွေကို ကာကွယ်ပေးဖို့နဲ့ ရတနာတွေရှာဖွေတဲ့ခရီးမှာ ကူညီပေးဖို့အတွက် အရေးကြီးတဲ့ အချိန်
တွေမှာ ပေါ်လာတတ်ပါတယ်။
Sehun ဟာ လေးနဲ့မြှားအပြင် ဓားနဲ့တိုက်ခိုက် ခြင်းလိုမျိုး ခက်ခဲတဲ့ ဇာတ်ဝင်ခန်းတွေအတွက် ပါ ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ခဲ့ပါတယ်။
The Pirates ဇာတ်ကားရိုက်ကူးသူဒါရိုက်တာ Kim Jang Hoon က Han Goong ဟာ ထူးခြားတဲ့ ကိုယ်ခံပညာစွမ်းရည်ကို အသုံးပြုပြီး Hae Rang ကို ကာကွယ်တဲ့ အသံတိတ်ပုဂ္ဂိုလ်ဖြစ် ကာ ဒါဟာ Sehun ရဲ့ ပုံသဏ္ဍာန်နဲ့ လိုက်ဖက်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ဒီဇာတ်ကားကိုတော့ ၂၀၂၂ခုနှစ် တရုတ်နှစ်သစ်ကူးအားလပ်ရက်တွေမှာ ပြသသွားမှာဖြစ်ပါတယ်။
Zaw Gyi