Sunday, May 17, 2026

နိုင်ငံတော်သမ္မတက ချယ်ရီရိပ်ဖောင်ဒေးရှင်းအတွက် အလှူငွေများပေးအပ်   ခေါင်းဆောင်ကောင်းများဖြစ်လာစေရေးသင်ကြားလေ့ကျင့်ပေးခဲ့သည့် ဆရာ၊...

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ ချယ်ရီရိပ်ဖောင်ဒေးရှင်းအား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၁၇ ရက်တွင် အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတက ချယ်ရီရိပ်ဖောင်ဒေးရှင်းကို စစ်တ...

ဓနုဖြူမြို့မဈေး မီးလေ-ာင်ပြင်နေရာ၌ ဆယ်တင်ပစ္စည်းများသိမ်းဆည်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် စျေးသစ်ပြန်လည်တည်ဆောက်ရေး...

ယနေ့ (၁၇)ရက်တွင် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ဓနုဖြူမြို့မဈေးမီးလေ-ာင်ပြင်နေရာ၌ ဆယ်တင်ပစ္စည်းများသိမ်းဆည်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မြို့မဈေးအသစ် ပြန်လည်တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများအား...

နိုင်ငံတော်သမ္မတက ပြင်ဦးလွင်မြို့၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ စိမ်းလန်းစိုပြေရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုတို့ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး၊ တာဝန်ရှိသူများက ယနေ့ မေ ၁၇ ရက်တွင်...

တစ်ရက်လျှင်ခရီးသွား(၁,၀၀၀)ခန့်ဝင်/ထွက်နိုင်ရန် အနီးစခန်းလေဆိပ်ကိုအဆင့်မြှင့်တင်နေ

ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ဟု နိုင်ငံတော်သမ္မတပြော တစ်ရက်လျှင်ခရီးသွား(၁,၀၀၀)ခန့်ဝင်/ထွက်နိုင်ရန်အတွက် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ အနီးစခန်းလေဆိပ်အဆင့်မြှင့်တင်နေမှုကို ယနေ့ မေ ၁၇ ရက်တွင် နိုင်ငံတော်သမ္မတက ကြည့်ရှုစစ်ဆေးခဲ့သည်။ " အနီးစခန်းလေဆိပ်ကို အဆင့်မြှင့်တင်ခဲ့တာဟာ...
HomeNewsLocal NewsThe Great Lethwei...

The Great Lethwei -TGL-7 ပြိုင်ပွဲတွင် မြန်မာ့လက်ဝှေ့ကျော် ကျော်စွာဝင်းနှင့် ဘရတ်ပတ်စ်တိုး ပူးတွဲသရေ ရရှိ

ယနေ့ ကျင်းပပြုလုပ်သည့် The Great Lethwei -TGL-7 ပြိုင်ပွဲတွင် ခေါင်တွဲ‌ဆိုင်းအဖြစ် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ကြသည့် ရိုးရာဖိုက်တာ ကျော်စွာဝင်းနှင့် အမေရိကန်နိုင်ငံသား ဘရတ်ပတ်စ်တိုးတို့ ပူးတွဲသရေဖြင့် ပွဲပြီးဆုံးခဲ့သည်။

ဒုခေါင်တွဲဆိုင်းဖြစ်သည့် ရိုးရာဖိုက်တာ ရန်နိုင်ထွန်းနှင့် ထိုင်းဖိုက်တာ နီရန် တွဲဆိုင်းတွင် ရန်နိုင်ထွန်းက အလဲထိုးဖြင့် ထိုင်းပြိုင်ဘက်အား အနိုင်ရရှိခဲ့သည်။

ယနေ့ ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ကြသည့် တွဲဆိုင်း (၈)ဆိုင်းအနက် မြန်မာအချင်းချင်း ယှဉ်ပြိုင်ကြသည့် တွဲဆိုင်း (၅)ဆိုင်းမှာ အလူးအလဲဖြင့် ပူးတွဲသရေများ ရရှိခဲ့ကြပြီး၊ တွဲဆိုင်း(၆) ဆိုင်းမြောက်တွင် ထိုးသ-တ်ခဲ့ကြသည့် ရိုးရာဖိုက်တာ အောင်ထက်ဟိန်းနှင့် သွေးလင်းထက်တို့ ပွဲစဉ်တွင် သွေးလင်းထက် က အနိုင်ရရှိခဲ့သည်။

ယနေ့ ကျင်းပပြုလုပ်မည့် The Great Lethwei -TGL-7 ပြိုင်ပွဲတွင် ရိုးရာလက်ဝှေ့စည်းမျဉ်းအတိုင်း အလဲထိုးသူကို အနိုင်ယူစနစ်ဖြင့် ကျင့်သုံးထားခြင်းဖြစ်ပြီး Canal+မှ ပွဲကြိုတွဲဆိုင်း (၄)ဆိုင်းကိုသာ Live လွှင့် ပြသပေးခဲ့သည်။

ပြိုင်ပွဲတွင် မယ်ဒယ်ဝိတ်တန်းမှ ဖယ်သာ ဝိတ်တန်းအထိ ဝိတ်တန်းအလိုက် တွဲဆိုင်း (၈)ဆိုင်း ပါဝင်ထိုးသ-တ်ခဲ့ကြခြင်းဖြစ်သည်။

အဓိက ခေါင်တွဲဆိုင်းတွင် ထိုးသ-တ်ခဲ့သည့် ရိုးရာလက်ဝှေ့ဖိုက်တာ ကျော်စွာဝင်းသည် ရိုးရာလက်ဝှေ့ပွဲများအတွင်း ရှုံးပွဲမရှိသူ တစ်ဦးဖြစ်ကာ လက်ရှိတွင် M2K ကလပ်တွင် ကိုယ်စားပြုကစားနေသူဖြစ်သည်။

အလားတူ ပြိုင်ဘက်ဖြစ်သူ အမေရိကန်နိုင်ငံသား ဖိုက်တာဘရတ်ပတ်စ်တိုး မှာ MMA ပွဲစဉ်တွင်( ၄) ပွဲနိုင် (၃) ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားပြီး One Championship ပွဲစဉ်တွင် (၂) ပွဲထိုး (၂)ပွဲရှုံး ရလဒ် ထွက်ပေါ်ထားသူဖြစ်သည်။

၎င်းသည် လက်ရှိ Tiger Muay Thai Club ကိုယ်စားပြု ကစားသမားတစ်ဦးလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတက ချယ်ရီရိပ်ဖောင်ဒေးရှင်းအတွက် အလှူငွေများပေးအပ်   ခေါင်းဆောင်ကောင်းများဖြစ်လာစေရေးသင်ကြားလေ့ကျင့်ပေးခဲ့သည့် ဆရာ၊ ဆရာမများ၊ အုပ်ချုပ်သူ များအားလုံးကို အစဉ်အမြဲအမှတ်ရကျေးဇူးတင်ရှိနေမည်ဟု နိုင်ငံတော်သမ္မတပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ ချယ်ရီရိပ်ဖောင်ဒေးရှင်းအား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၁၇ ရက်တွင် အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတက ချယ်ရီရိပ်ဖောင်ဒေးရှင်းကို စစ်တ က္ကသိုလ်ကျောင်းဆင်းအရာရှိကြီးများ၊ သင်ကြားရေးတာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးများက ဦးဆောင်ဆောင်ရွက်နေခြင်းဖြစ်ကာ ဆရာ ကြီး၊ ဆရာမကြီးတို့သည် မိဘနှင့် တစ်ဂိုဏ်းတည်းထားရမည့် ဒုတိယမိဘများဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ " မိမိကိုယ်ကိုထိန်းသိမ်းနေထိုင်တတ်စေဖို့၊ ခေါင်း ဆောင်ကောင်းတွေဖြစ်လာစေဖို့သင်ကြားလေ့ကျင့်ပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေ၊ အုပ်ချုပ်သူတွေအားလုံးကို အစဉ်အမြဲအမှတ်ရကျေးဇူးတင်ရှိနေမှာပါ"ဟု နိုင်ငံ တော်သမ္မတက ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်(ဗိုလ် ချုပ်မှူးကြီး-ငြိမ်း)နှင့်...

ဓနုဖြူမြို့မဈေး မီးလေ-ာင်ပြင်နေရာ၌ ဆယ်တင်ပစ္စည်းများသိမ်းဆည်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် စျေးသစ်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းပြင်ဆင်နေေ

ယနေ့ (၁၇)ရက်တွင် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများသည် ဓနုဖြူမြို့မဈေးမီးလေ-ာင်ပြင်နေရာ၌ ဆယ်တင်ပစ္စည်းများသိမ်းဆည်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မြို့မဈေးအသစ် ပြန်လည်တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။ ဓနုဖြူမြို့မြို့မဈေးသည် ဧပြီလ (၂၆)ရက် နံနက် (၆)နာရီ ကျော်အချိန်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းနှင့် တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများလာရောက်ခဲ့စဥ် မီးလေ-ာင်မှုဖြစ်ပွားခဲ့သော မြို့မဈေးနေရာတွင် ဈေးသစ်ကြီးပြန်လည်တည်ဆောက်ပေးရန် ညွှန်ကြားထားခဲ့ကြောင်း သိရသည်။ ဓနုဖြူမြို့မဈေးတွင် ဆိုင်ခန်းပေါင်း (၄၁၀)ရှိရာမှ မီးလေ-ာင်မှုကြောင့်ဈေးရုံ (၁၃) ရုံနှင့်...

နိုင်ငံတော်သမ္မတက ပြင်ဦးလွင်မြို့၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ စိမ်းလန်းစိုပြေရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုတို့ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး၊ တာဝန်ရှိသူများက ယနေ့ မေ ၁၇ ရက်တွင် ကြည့်ရှုစစ်ဆေးခဲ့သည်။ နိုင်ငံတော်သမ္မတ နှင့် ဇနီးတို့က ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း(B.E FALLS)တွင် 5D LED မှန်တံတားအားဖြတ်သန်းပြီး ဆင်ကလေးများ၏ ကျွမ်းကျင်မှုနှင့်အလှပြကွက်များ၊ Dinosaur Kingdom အတွင်းခင်းကျင်းထားရှိမှုများကိုကြည့်ရှုပြီး Sky Cable Car စီးနင်းကာ အပန်းဖြေစခန်းအတွင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတက ခရီးသွားများ၊ ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် အပန်းဖြေအနားယူနိုင်ရေးအတွက် အမြဲသန့်ရှင်းသာယာလှပပြီးစိမ်းလန်းစိုပြေမှုရှိအောင်ဆောင်ရွက်ရန်၊ သဘာဝအလျောက်တည်ရှိနေသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071