The Coffee Bean and Tea Leaf ဆိုင်ခွဲဖွင့်ပွဲကို ရန်ကုန်မြို့၊ မြန်မာပလာဇာတွင် စက်တင်ဘာလ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အမေရိကန်နိုင်ငံမှာပထမဆုံး စတင်ဖွင့်လှစ်ခဲ့ပြီးနှစ်ပေါင်း ၃ဝ ကျော် အောင်မြင်ကျော်ကြားနေတဲ့ Coffee Bean and Tea Leaf ဆိုင်ကို မြန်မာနိုင်ငံရှိ ပြည်သူများလည်းသောက်သုံးနိုင်အောင် ယခု လို မျိုးဆိုင်ခွဲ ထပ်မံဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံ မှ ကျွမ်းကျင်သူများ ထုတ်လုပ်ထားသည့် ကော်ဖီစေ့နဲ့လက်ဖက် ခြောက်များကို မလေးရှားနိုင်ငံတွင် သင်တန်းပို့လွှတ်ထားသော Coffee Master များကဖျော်ပေးသွားမှာဖြစ်ပြီးစား သုံးသူများ အနေဖြင့် ကြိုက်နှစ်သက်ရာကော်ဖီကို ရွေးချယ်သောက်သုံးနိုင်ပါကြောင်း အဆိုပါဆိုင်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါ်ခင်သီတာစိုးက ပြောပြခဲ့ပါသည်။
ယခုဖွင့်လှစ်သောဆိုင်ခွဲမှာ လေး ဆိုင်မြောက်ဖြစ်ပြီး ကျန်ဆိုင်ခွဲသုံးဆိုင်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
ခိုင်ဝါဝင်း