Wednesday, May 6, 2026

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံ၏...

မနီလာမြို့၊ ၂၀၂၆ ခုနှစ် မေလ ၆ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား...

ဖလမ်းမြို့၌ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပြန် လည်စတင်တော့မည်

တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး၍ အစိုးရ၏အုပ် ချုပ်ရေးယန္တရားများပြန်လည်စတင်တော့မည်ဖြစ်ရာ ယနေ့ မေ ၅ ရက်ညနေပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင် ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူရောက်ရှိလာခဲ့ကြကြောင်း...

ပင်လယ်ပြင်တွင် သောင်တင်နေသည့် အိန္ဒိယသင်္ဘောကို ပါကစ္စတန်ရေတပ်...

အာရေဗျပင်လယ်တွင် ဆိုးရွားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သည့် အိန္ဒိယသင်္ဘောတစ်စင်း၏ အကူအညီတောင်းခံမှုကို ပါကစ္စတန်ရေတပ်က ကူညီခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က မေလ ၅ ရက်နေ့တွင်...

ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို...

ပြည်ပမှတင်သွင်းနေရသည့် ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို မေ ၃၁ ရက်အထိထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ယနေ့ မေ ၆ ရက်ကထုတ်ပြန်ခဲ့သည်။ ဒီဇယ်ဆီ...
HomeInternationalTesla က လျှပ်စစ်ကား...

Tesla က လျှပ်စစ်ကား အစီးရေ ၃၇၆,၀၀၀ ကို ပြန်လည် သိမ်းဆည်း

မောင်းနှင်နေစဉ် ယာဉ်ကို ထိန်းချုပ်ရ ခက်ခဲစေနိုင်ကာ အထူးသဖြင့် အရှိန်နှေးသည့်အခါမျိုးတွင် ယာဉ်တိုက်မှုဖြစ်နိုင်ချေများသည့် ပါဝါစတီယာရင် အထောက်အကူပြုစနစ် ချို့ယွင်းချက်ကြောင့် တက်စ်လာ(Tesla) ကုမ္ပဏီက အမေရိကတွင် ၎င်း၏ လျှပ်စစ်ကား အစီးရေ ၃၇၆,၀၀၀ ကို ပြန်လည်သိမ်းဆည်းနေကြောင်း သိရသည်။

နေ့လည်ပိုင်း အရောင်းအဝယ်တွင် တက်စ်လာ၏ ရှယ်ယာများသည် ၃ ရာနှုန်း ကျဆင်းခဲ့သည်။

တက်စ်လာကားပိုင်ရှင်အချို့က စတီယာရင် ချို့ယွင်းချက်များနှင့် ပတ်သက်၍ သတင်းပို့ခဲ့ပြီးနောက် နိုင်ငံတော် အဝေးပြေးယာဉ်လမ်းကြောင်း ဘေးကင်းရေးအဖွဲ့(NHTSA) က တစ်နှစ်ကျော် စစ်ဆေးအပြီးတွင် ယခုကဲ့သို့ ပြန်လည်သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

အချို့ကားပိုင်ရှင်များက ဘီးကို လှည့်မရကြောင်းနှင့် အချို့က ပိုမိုအားစိုက်၍ လှည့်ရကြောင်း တိုင်တန်းခဲ့ကြသည်။ အဆိုပါပြဿနာကြောင့် ယာဉ်စီးရေ ၅၀ ကျော်သည် ဆွဲယူရသည့် အခြေအနေဖြစ်ခဲ့သည်ဟု NHTSA က ၂၀၂၄ ခုနှစ်တွင် ပြောဆိုခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်း စတီယာရင် အစိတ်အပိုင်းများ အချိန်မတန်မီ ချို့ယွင်းမှုပေါ်ပေါက်ခြင်းကို သောင်းနှင့်ချီသော ယာဉ်ပိုင်ရှင်များ ကြုံတွေ့ခဲ့ရသည်ဟု တက်စ်လာ စာရွက်စာတမ်းများ၊ ဖောက်သည်ဟောင်းများနှင့် ဝန်ထမ်းဟောင်းများကို တွေ့ဆုံမေးမြန်းမှုများကို ကိုးကား၍ ရိုက်တာက သတင်းဖော်ပြခဲ့သည်။

ယခု ပြန်လည်သိမ်းဆည်းမှုများသည် စတီယာရင် ထိန်းချုပ်မှုမ‌ကောင်းပါဆိုသော စွပ်စွဲချက်များအပေါ် NHTSA က စုံစမ်းစစ်ဆေးမှုကို တုန့်ပြန်ဆောင်ရွက်ခြင်းမျိုးမဟုတ်ဟု တက်စ်လာက ပြောကြားခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံ၏ ထုတ်ပြန်ချက်

မနီလာမြို့၊ ၂၀၂၆ ခုနှစ် မေလ ၆ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းနှင့် ပြစ်ဒ-ဏ်အချို့လျှော့ပေါ့ပေးခဲ့သည့် သတင်းများအပေါ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုဆိုပါသည်။ ဤဖြစ်ပေါ်တိုးတက်မှုများသည် မြန်မာနိုင်ငံ၏ ရေရှည်တည်ငြိမ်ရေးအတွက် လိုအပ်သော ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အရေးပါသည့် ခြေလှမ်းများဖြစ်သည်ဟု ကျွန်ုပ်တို့ ရှုမြင်ပါသည်။ နိုင်ငံတကာ၏ ယုံကြည်မှုကို ပိုမိုခိုင်မာစေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ မိသားစုနှင့် ဆက်သွယ်ခွင့်ပြုခြင်းဖြင့် ဤပြောင်းရွှေ့မှုအပေါ် ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ရန် မြန်မာနိုင်ငံကို ကျွန်ုပ်တို့...

ဖလမ်းမြို့၌ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပြန် လည်စတင်တော့မည်

တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး၍ အစိုးရ၏အုပ် ချုပ်ရေးယန္တရားများပြန်လည်စတင်တော့မည်ဖြစ်ရာ ယနေ့ မေ ၅ ရက်ညနေပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင် ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူရောက်ရှိလာခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တပ်မတော်စစ်ကြောင်းများမှလည်း အကြမ်း ဖက်အဖွဲ့များမီးရှို့ဖျက်ဆီးခဲ့သည့် ရုံး/ဌာန အဆောက် အအုံများ၊ လူနေအဆောက်အအုံများ၊ ဘာသာရေး၊ ပ ညာရေး၊ ကျန်းမာရေးဆိုင်ရာအဆောက်အအုံများပြန် လည်ပြုပြင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ ဒေသခံများ မြေမြုပ်မိုင်းအန္တရာယ်မှကင်းရှင်းစေရန် မြို့/ရွာများအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပင်လယ်ပြင်တွင် သောင်တင်နေသည့် အိန္ဒိယသင်္ဘောကို ပါကစ္စတန်ရေတပ် ကူညီ

အာရေဗျပင်လယ်တွင် ဆိုးရွားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သည့် အိန္ဒိယသင်္ဘောတစ်စင်း၏ အကူအညီတောင်းခံမှုကို ပါကစ္စတန်ရေတပ်က ကူညီခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က မေလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ “အမ်ဗီဂူတမ်” အမည်ရှိ သင်္ဘောသည် အိန္ဒိယနိုင်ငံသား ခြောက်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦး အပါအဝင် သင်္ဘောသား ခုနစ်ဦးကို တင်ဆောင်လာခဲ့ပြီး အိုမန်မှ အိန္ဒိယသို့ ဦးတည် ခုတ်မောင်းနေစဉ် ကြီးမားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သဖြင့် ပင်လယ်ထဲတွင် သောင်တင်နေခဲ့ကြောင်း ပါကစ္စတန်စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပါကစ္စတန်ရေတပ်သည် “ကက်ရှ်မီးယား” အမည်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071