Thursday, April 30, 2026

နေပြည်တော်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီး၊...

လျှပ်စစ်ဓာတ်အား ပြုပြင်ဆောင်ရွက်မှု အခြေအနေ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲကျကာ ဓာတ်အားလိုင်းများပေါ် ဖိမိခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့်...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့်...

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်စပ်သူ ၁၄...

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်ပြီး တိမ်းရှောင်နေသူများနှင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကို ယနေ့...

“သံမဏိလူသား” ရော့ထန်ကို အလဲထိုးကာ တာခဲရု...

ပွဲစတင်သည့် ပထမအချီမှာပင် တာခဲရု၏ ပြင်းထန်ပြီး တိကျလှသည့် ပါဝါလက်သီးများကြောင့် "သံမဏိလူသား" ဟု အမည်ကျော်သည့် ရော့ထန်တစ်ယောက် (၂) ကြိမ်တိုင်တိုင် ဒူးထောက်ကာ...
HomeNewsLocal NewsTaxi ကားများ၏ ဘေးစတစ်ကာနံပါတ်များအား...

Taxi ကားများ၏ ဘေးစတစ်ကာနံပါတ်များအား ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ မြို့နယ်အလိုက်သတ်မှတ်သင်္ကေတများပြောင်းလဲမည်

ရန်ကုန်တိုင်းအတွင်း၌ ပြေးဆွဲလျက်ရှိသည့် Taxi ကားများ၏ ဘေးစတစ်ကာနံပါတ်များတွင် မြို့နယ်အလိုက်သတ်မှတ်ထားသည့် သင်္ကေတအမှတ်အသားနံပါတ်များအား ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ပြောင်းလဲတပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ သိရသည်။

“ရန်ကုန်တိုင်းက ၄၅ မြို့နယ်မှာ မြို့နယ်တစ်ခုချင်းအလိုက် မြို့နယ်သတ်မှတ်သင်္ကေတနံပါတ်တွေပေးပြီးတော့ ဆောင်ရွက်သွားမှာပါ ဘေးစတစ်ကာနံပါတ်တွေပေါ်မှာပြောင်းလဲတပ်ဆင်သွားမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ၏ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။

Taxi ယာဥ်များ၏ ဘေးစတစ်ကာနံပါတ်များအား မြို့နယ်အလိုက် ပြောင်းလဲသတ်မှတ်ရာတွင် တိုက်ကြီးမြို့နယ်မှ Taxi ယာဥ်များ၏ သင်္ကေတအမှတ်အသားနံပါတ်သည် No-1 ၊ ထန်းတပင်မြို့နယ်မှ Taxi ယာဥ်များသည် No-2 ၊ မင်္ဂလာဒုံမြို့နယ်မှ Taxi ယာဥ်များသည် No-3 အစရှိသဖြင့်မြို့နယ်အလိုက် သင်္ကေတအမှတ်အသားနံပါတ်များ ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Taxi ကားများအား မှတ်ပုံတင်ရာ၌ ယခင် တောင်းခံသည့် ရပ်ကွက်ထောက်ခံစာ၊သန်းခေါင် စာရင်း၊စာချုပ်တောင်းခံခြင်းများမပြုလုပ်တော့ဘဲ လက်ရှိအချိန်တွင် ယာဉ်မှတ်ပုံတင်စာအုပ်တွင်ရှိသည့် နောက်ဆုံးအမည်ပေါက်၊သက်တမ်းတိုးပြီး အထောက်အထား၊လုပ်ငန်းလိုင်စင်အပိုင်း ၁ နှင့် ၂ ၊ယာဉ်ပိုင်ရှင်နှင့်ယာဉ်မောင်း၏ မှတ်ပုံတင်၊နေရပ်လိပ်စာ၊ဖုန်းနံပါတ်၊ယာဉ်မောင်းလိုင်စင် “ဃ”နှင့်“င” တို့ကိုသာတောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။

“အဲဒါတွေကို လာရောက်ဆောင်ရွက်သူကို ပြန်ပေးလိုက်မှာပါ အချက်အလက်တွေကို e-Government စနစ်အတိုင်း ကွန်ပျူတာနဲ့သိမ်းဆည်းထားမှာပါ”ဟု YRTC ၏တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။

ထို့ပြင် Taxi ယာဉ်များ မှတ်ပုံတင်ရာ၌ ယခင်ကောက်ခံသည့်နှုန်းများနှင့်ဒဏ်ကြေးများ ကောက်ခံမည်မဟုတ်တော့ဘဲ မှတ်ပုံတင်ခ ၃၀၀၀ ကျပ်၊ယာဉ်မောင်းလိုင်စင်ခ ၆၀၀ ကျပ်၊ယာဉ်မောင်းလိုင်စင်ကတ်စနစ် ၃၅၀၀ ကျပ်နှင့် ဘေးစတေကာနံပါတ်အတွက် ၁၂၀၀ ကျပ်တို့ကိုသာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် Taxi ယာဉ်များ စည်းကမ်းနှင့်အညီစနစ်တကျပြေးဆွဲနိုင်ရန်၊ခရီးသည်ပို့ဆောင်ရေးကို ယုံကြည်စိတ်ချစွာဝန်ဆောင်မှုပေးနိုင်ရန်၊မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်သော Taxi ယာဉ်များဖြစ်စေရန်နှင့် အုပ်ချုပ်မှုဆိုင်ရာ စနစ်တကျစီမံမှုပြုလုပ်နိုင်ရန် YRTC စီမံမှုအောက်ရှိ “ဂ”စင်းလုံးငှားဌာနတွင် မှတ်ပုံတင်ခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီး၊ မီးပြတ်တောက်မှုကြောင့် မြို့နယ်အချို့တွင် ရေပေးဝေချိန် နောက်ကျနိုင်နေပြည်တော်ရှိ မြို့နယ်အချို့၌ ယမန်နေ့ ဧပြီလ ၂၈ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး လက်ရှိတွင် မီးပြန်လည်ရရှိရေးနှင့် ရေပေးဝေမှု အဆင်ပြေစေရေးအတွက် သက်ဆိုင်ရာဌာနများက အပူတပြင်း ဆောင်ရွက်လျက်ရှိသည်။

လျှပ်စစ်ဓာတ်အား ပြုပြင်ဆောင်ရွက်မှု အခြေအနေ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲကျကာ ဓာတ်အားလိုင်းများပေါ် ဖိမိခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့် ဓာတ်တိုင်ကျိုးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် မြို့နယ်အချို့ရှိ အိမ်ရာများ၊ အဆောင်များနှင့် ရပ်ကွက်၊ ကျေးရွာများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရသည်။ မြို့နယ်လျှပ်စစ်ဝန်ထမ်းများ၏ ဝိုင်းဝန်းပြုပြင်မှုကြောင့် နေရာအချို့တွင် မီးပြန်လည်ရရှိနေပြီဖြစ်သော်လည်း ကျန်ရှိနေသေးသည့် နေရာများကိုလည်း အမြန်ဆုံး ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ရေပေးဝေမှု နောက်ကျနိုင်သည့် နေရာများ လျှပ်စစ်မီး ပြတ်တောက်နေမှုကြောင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) အောက်ရှိ ရေတင်စနစ်များ...

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် များကို သိန်း ၂၀၀ ကျော် ပေးအပ်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ ဧပြီလ ၂၉ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ အလင်းဝင်လာသူများမှာ KIA အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ KPDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြသည်။ ၎င်းတို့သည် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာရာတွင် မိမိတို့နှင့်အတူ...

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်စပ်သူ ၁၄ ဦးနှင့် တရားမဝင် တရုတ်နိုင်ငံသား ၂၆ ဦးတို့ကို ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်ပြီး တိမ်းရှောင်နေသူများနှင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကို ယနေ့ ဧပြီလ ၂၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ဖြစ်စေနိုင်သည့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် အွန်လိုင်းလိမ်လည်မှုများလုပ်ကိုင်ပြီး ပုန်းခိုနေသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071