Monday, April 27, 2026

၂၀၂၆ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ...

​မြန်မာ့စစ်တုရင်လောကကို တစ်ခေတ်ပြန်လည်ဆန်းသစ်စေမည့် "၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ" ကို ရန်ကုန်မြို့၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) တွင်...

ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင်ကျောင်းတွင် အခမဲ့ပညာရေးအတွက် ကျောင်းအပ်လက်ခံစတင်

မိဘမဲ့နှင့် မိဘမစုံသော ကျောင်းသား၊ ကျောင်းသူများနှင့် နွမ်းပါးသော မိသားစုမှ ကလေးများအား အခမဲ့နေစားငြိမ်းပညာသင်ကြားပေးနေသည့် ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ၂၀၂၆ ခုနှစ်...

နန်းတော်ရာ၊ ပုတ်တလုတ်ကန်နေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး သုတေသနပြုတူးဖော်ရာမှတွေ့ရှိထားသော...

တောင်ငူမြို့ မြို့လေးခံတပ်နှင့် ယိုးဒယားပေါက် ဖော်ထုတ်ထိန်းသိမ်းထားရှိမှု၊ ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုးရှိ ရန်အောင်မြင်တံခါးမှ အနောက်မြောက်ထောင့်နေရာ၊ တောင်ငူခေတ် မြို့ပြယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော မြို့ရိုး၊ တံခါး ပြအိုး၊...

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ...

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်းက ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဧရာ၀တီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရန်နိုင်ဇော်က ပေါ်ပြူလာနယူစ်းသို့...
HomeArticlesTag အတွဲမခံပါနဲ့…●●●●●●●●●●●●●●

Tag အတွဲမခံပါနဲ့…
●●●●●●●●●●●●●●

ပုထုဇဥ်ဆိုတာ လောဘ,၊ဒေါသနဲ့ ရင်းနှီးကျွမ်းဝင်နေကြပြီးသားပါ။

မျက်စိကမြင်လိုက်တာပဲဖြစ်ဖြစ်၊
နားကကြားလိုက်တာပဲဖြစ်ဖြစ်၊
နှာခေါင်းကအနံ့ရလိုက်တာပဲဖြစ်ဖြစ်၊လျှာကအရသာ ရလိုက်တာပဲဖြစ်ဖြစ်၊ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခုခုက ထိတွေ့မှုတစ်ခုခုရှိလိုက်တဲ့အခါပဲဖြစ်ဖြစ်၊စိတ်ကူးကြံစည်မှု တစ်ခုခု ဖျတ်ကနဲပေါ်လာတာပဲဖြစ်ဖြစ်၊သက်ဆိုင်ရာဒွါရတစ်ခုခုမှာ
အာရုံတစ်ခုခုဖြစ်လိုက်တာနဲ့ လောဘ သို့မဟုတ် ဒေါသကို ချက်ချင်းထုတ်သုံးဖြစ်လိုက်ကြတာချည်းပါပဲ။

အဲဒီအချိန်မှာ လောဘ၊ဒေါသ ဖြစ်ဖို့ နောက်ကွယ် အမှောင်ရိပ်ထဲကနေ စေခိုင်း အမိန့်ပေးနေတာက မောဟ(အဝိဇ္ဇာ)ပါ။

ပြီးတော့ ကိုယ့်ဆီမှာ လောဘ,၊ဒေါသတွေဖြစ်သွားတာကို ဖြစ်သွားမှန်းမသိရအောင် ဖုံးကွယ်ထိန်ချန်ထားတာကလည်း မောဟ (အဝိဇ္ဇာ) ပါပဲ။

လောဘ၊ဒေါသ ဖြစ်နေမှန်း မသိရအောင် ဖုံးကွယ်ထိန်ချန်ထားတဲ့ မောဟ(အဝိဇ္ဇာ)ရဲ့ စွမ်းအားကို ပေါ့သေးသေးမထင်လိုက်ပါနဲ့။

သူဟာ လောဘသတ္တိ ကိန်းသွားတဲ့ ကာယကံရှင်ကို”မတော်လောဘ” ဖြစ်သွားတဲ့အထိ စွမ်းအားမြှင့်ပေးနိုင်သလို၊
ဒေါသသတ္တိ ကိန်းသွား ပြန်ရင်လည်း အဆုံးစွန်ဆုံးအထိ မိုက်မဲဆိုးသွမ်းသွားပြီး မိမိနဲ့ မိမိပတ်ဝန်းကျင်ကို ဖျက်ဆီးပစ်တဲ့အထိ ပူပြင်းတောက်လောင် သွားနိုင်ပါတယ်။

ကာယကံမှုနဲ့ ပတ်ဝန်းကျင်ကို မဖျက်ဆီးခင်မှာတောင်မှဝစီကံအနေနဲ့
“ငါ့အကြောင်းသိတယ်နော်၊ငါ့ကိုဘာမှတ်လို့လဲ” ဆိုတဲ့
မတော်တရော် (indignityဖြစ်တဲ့) စကားတွေလည်း ပြောတတ်
ပါသေးတယ်။

တရားအားထုတ်တယ်ဆိုတာ မောဟ(အဝိဇ္ဇာ)နေရာမှာ အမောဟ (ဝိဇ္ဇာဉာဏ်)ကို အစားထိုးဖို့အတွက် လေ့ကျင့်နေရတဲ့ လုပ်ငန်းစဥ်ပါ။
“မသိမှု”ကနေ “သိမှု”ဖြစ်လာစေဖို့ပေါ့။

မသိမှုနဲ့ နေတာဟာ ဘယ်လောက်အန္တရာယ်များတယ်၊ဘယ်လောက် အထိကိုယ့်ဘဝကို ဖျက်ဆီးနိုင်တယ်၊ ဘယ်လောက်အထိ ဒုက္ခရောက်နိုင်တယ်၊ ဘယ်လောက်အထိ အသိဉာဏ်တွေတုံးသွားနိုင်တယ်၊ လူတစ်ယောက်မှာရှိသင့် ရှိအပ်တဲ့ ကျင့်ဝတ်စံနှုန်းတွေ ဘယ်လောက်အထိပျက်စီးသွားနိုင်တယ်ဆိုတာတွေကို လောဘ၊ဒေါသတွေကို လက်လွတ်စမ္ပာယ် ထုတ်သုံးမိလို့ မဖြစ်သင့်တာတွေဖြစ်ခဲ့ကြရတဲ့ အတွေ့အကြုံရှိခဲ့ကြဖူးသူတွေတိုင်း ပြန်လည်အမှတ်ရ သိမြင်မိကြမှာပါ။

ဒါကြောင့်မို့လည်း ဘုရားရှင်က မဟာသတိပဌာနသုတ်ထဲက
စိတ္တာနုပဿနာအပိုင်းမှာ လောဘဖြစ်ရင် လောဘမှန်းသိ၊ဒေါသဖြစ်ရင်ဒေါသမှန်းသိ၊(စာလိုကတော့ လောဘနှင့်ယှဥ်တွဲသောစိတ်ကို လောဘစိတ် လို့သိ၊ဒေါသနှင့်ယှဥ်တွဲသောစိတ်ကို ဒေါသစိတ် လို့သိ၊)
လို့ ရိုးရိုးလေးပဲ မိန့်မှာခဲ့တာပါ။

မူရင်း အလုပ်ပေးတရားက အင်မတန်ရှင်းပါတယ်။
ဘာမျှဆန်းဆန်းပြားပြား ပါမနေပါဘူး။ဘုရားခန်း၊ဒါမှမဟုတ် ဓမ္မာရုံထဲအထိရောက်အောင်သွား၊ ပရိကံတွေပြုသမာဓိတွေထူထောင်ပြီးမှ လောဘ၊ဒေါသကို မြန်မြန်ပျောက်သွားအောင် အလောတကြီးနှိမ်နင်းလိုက်မဟဲ့လို့ ကြုံးဝါးစရာမလိုပါဘူး။

အဲဒီလိုကြုံးဝါးပြီးလုပ်ဆောင်ပြန်ရင်လည်း လုပ်နည်းလုပ်ဟန်မမှန်လို့ ဘာသမာဓိမှမရတဲ့အပြင် လောဘ၊ဒေါသကလည်း ပျောက်ပျက်သွားမှာမဟုတ်ပါဘူး။သူတို့ကို နှိမ်နင်းလို့မရတဲ့အပြင် နှိမ်နင်းပုံနည်းစံနစ်မှားတာကြောင့် သူတို့ရဲဲ့သတ္တိတွေ ပိုကြွလာဖို့ပဲရှိပါတယ်။

လိုချင်မှု လောဘဆိုတာ အရဟတ္တမဂ်ရမှပဲ စင်ကြယ်သွားနိုင်သလို
ဖျက်ဆီးလိုမှု ဒေါသကလည်း တတိယအဆင့်အရိယာမဂ်ဖြစ်တဲ့ အနာဂါမ်တည်မှပဲ စင်ကြယ်သွားမှာပါ။

သည်လိုပြောလိုက်လို့ လောဘနဲ့ ဒေါသကို တယုတယ မွေးမြူထားရမယ်လို့မဆိုလိုပါဘူး။ ဆိုင်ရာအရိယာမဂ်တွေ မရမချင်း ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်သွားရမှာပါ။
(အခု covid 19 နဲ့ herd immunity ရပြီးဖြစ်ကြတဲ့ လူတွေလို နောက်အသစ် အသစ်ပေါ်လာတဲ့ covid 19 ဗိုင်းရပ်စ် အသစ်တွေကို အေးအေးဆေးရင်ဆိုင်နိုင်သွားကြသလိုပေါ့)

သူတို့ ကို အပြစ်တင်စရာမလို၊နှင်ထုတ်စရာမလိုဘဲ သူတို့ဖြစ်ရင်ဖြစ်မှန်းအရင်သိဖို့လိုတာပါ။သူတို့လုံးဝပျောက်သွားဖို့အတွက်ကတော့ ကိုယ်တိုင်သတိပဌာန်တရားကို အဆင့်မြင့်မြင့် ဆက်ပြီး အားထုတ်သွားဖို့ပဲ လိုတာပါ။သည်လိုစိတ်ထားနဲ့ ယုံကြည်ချက်တွေဖြစ်ပေါ်လာစေတဲ့အတွက် သူတို့ကို “တွန်းအားရှင်” တွေအဖြစ် ကျေးဇူးတောင် တင်ရဦးမှာပါ။

စိတ်ထဲမှာ အမြဲနှလုံးသွင်းထားဖို့ကတော့-
ကိုယ့်သန္တာန်မှာ လောဘ၊ဒေါသ ဆူးညှောင့်တွေအမြဲရှိနေတယ်။သက်ဆိုင်ရာမဂ်နဲ့ ဆွဲမနှုတ်ရသေးဘူး။သူတို့ကိုအမြဲတမ်း သတိထားပြီးစောင့်ကြည့်နေရမယ်။

အာရုံတစ်ခုခု အကြောင်းတိုက်ဆိုင်တာနဲ့ သူတို့ဖြစ်ပေါ်လာနိုင်တယ်။
ဖြစ်ပေါ်လာပြီဆိုရင်လည်း အချိန်နဲ့တပြေးညီ ဖြစ်ပေါ်မှန်း သိနိုင်ဖို့လိုတယ်။ဖြစ်ပေါ်မှန်း သိလိုက်တာနဲ့ သူတို့ ကျယ်ပြန့်အားကောင်းဖို့အခွင့်အရေးမရတော့ဘူး။

ဒါဆိုရင် စိတ်မှာ tag လာတွဲတဲ့ သူတို့ရဲ့ သတ္တိတွေမှေးမှိန်သွားမယ်။
သည့်နောက် သူတို့ရဲ့ သတ္တိတွေနဲ့ ကိုယ့်စိတ်ကိုလွှမ်းမိုးလို့ မရတော့ဘူး။

tag လာတွဲတယ်ဆိုကတည်းက မူလ tag ပိုင်ရှင်က ကိုယ်မှမဟုတ်တာ။ကိုယ့်သဘောထား၊ကိုယ့်အယူအဆ၊ကိုယ့် idea နဲ့ရေးတဲ့ postမှမဟုတ်တာ၊ သူ့ account မှာ သူရေးချင်တာရေးပြီးမှ ကိုယ့်ကို tag လာတွဲတာပဲဟာ၊ ကိုယ်နဲ့ ဘာဆိုင်တာမှတ်လို့လဲ လို့နှလုံးသွင်းလိုက်ရင် နောက်ဆက်တွဲ ပြဿနာတွေ အကုန်ငြိမ်းပါတယ်။

သည်သဘောထား၊သည်နှလုံးသွင်းတွေနဲ့ လောဘ၊ဒေါသရဲ့ ပြဿနာတွေကို နည်းစံနစ်ကျကျ ကိုင်တွယ်ဖြေရှင်းလာနိုင်လေလေ ကိုယ့်သန္တာန်မှာ အမောဟ(ဝိဇ္ဇာဉာဏ်)တွေ ဖွံ့ဖြိုးလာလေလေပါပဲ။

အမောဟ(ဝိဇ္ဇာဉာဏ်)တွေ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နောက်ဆုံး တစ်နေ့မှာ ဆိုင်ရာမဂ်တွေရလာပြီး လောဘ,ဒေါသတွေလည်း အပြီးတိုင်ချုပ်ငြိမ်းသွားတော့မှာပါ။

ဒါကြောင့်မို့ အာရုံတစ်ခုခုကြောင့် လောဘ၊ဒေါသတွေ စိတ်မှာလာတွဲတာနဲ့(tag လာလုပ်လိုက်တာနဲ့) အချိန်မဆိုင်းဘဲ ရှုမှတ်လိုက်ပါ။(tag ကိုဖြုတ်လိုက်ပါ)။ဖြစ်နိုင်ရင် setting ထဲဝင်ပြီး tag ကို off လုပ်ထားလိုက်ပါ။

ဝိပဿနာဆိုတာ စိတ်အလုပ်မို့ စိတ်မှာဖြစ်လာတတ်တဲ့ပြဿနာကို ချက်ချင်းဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းကို မြတ်စွာဘုရားသခင်က စိတ္တာနုပဿနာမှာ ပေးထားခဲ့ပြီးပါပြီ။

အချိန်ရွေးနေစရာ၊နေရာရွေးနေစရာ၊ဣရိယာပုတ်ရွေးနေစရာမလိုပါဘူး။ယခုချက်ချင်းဖြစ်လာတဲ့ ပြဿနာကို ယခုပဲဖြေရှင်းနိုင်ပါတယ်။

နည်းစံနစ်အမျိုးမျိုးနဲ့ ရှုပ်ထွေးနေတတ်တဲ့ ညွှန်ကြားချက်မျိုးစုံတွေအပေါ် တွေဝေလွင့်မျော နားယောင်နေစရာမလိုပါဘူး။(ဒါကိုကလည်း မကျင့်ဖြစ်တဲ့အခြေအနေကို ရောက်သွားနိုင်တဲ့ မောဟ တစ်မျိုးပါပဲ)

မူလတရားပိုင်ရှင်ဖြစ်တဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောမိန့်သမျှ ရိုးရိုးရှင်းရှင်းလေးတွေချည်းပါပဲ။သိလည်းသိမြင်လွယ်ပါတယ်။
ကွန့်တာညွန့်တာတွေ ဘာမျှမပါပါဘူး။ဒါကြောင့်မို့ လူတိုင်းနားလည်လွယ်ပါတယ်။ကျင့်ဖို့လည်း အခက်အခဲမရှိပါဘူး။

ကျင့်ရမယ့်နည်းလမ်း၊နည်းစံနစ်က ဘာမျှမခက်ပါဘူး။မကျင့်ချင်တဲ့စိတ်ကပဲ ကိုယ့်အတွက် မဟာအခက်အခဲ ဖြစ်နေတာပါ။

ဒါ့ကြောင့်မို့ မောဟရဲ့ အမိန့်ပေးစံနစ်အောက်မှာရှိနေတဲ့ လောဘနဲ့ ဒေါသ tag လာတွဲတာကို ခေါင်းငုံ့ခံမနေပါနဲ့။ချက်ချင်းတုံ့ပြန်ဖြေရှင်း ရှုမှတ်လိုက်ခြင်းဖြင့်”မင်းလုပ်နေတာ ငါသိပါတယ်”ဆိုပြီး မောဟကိုပါ မိတ္တူပေးလိုက်ပါ။

မတရားတာကို မတရားမှန်းသိလျက်နဲ့ငုံ့ခံနေမှန်းသိရင် မတရားတဲ့သူဟာ ကိုယ့်ဘဝနဲ့ အသိဉာဏ်ကို ဖျက်ဆီးတဲ့အထိ ကျူးကျော်လာပါလိမ့်မယ်။

ကိုယ်က မတရားတာကို မတရားမှန်းသိရင် ငုံ့ခံ မနေတော့ဘဲနဲ့ (လောဘ၊ဒေါသရဲ့tag အတွဲမခံဘဲနဲ့)  သတိပဌာန်တရားကို ဘုရားရှင်ပေးခဲ့တဲ့ ဓမ္မအမွေအဖြစ် တန်ဖိုးထားပြီး စင်ကြယ်မြင့်မြတ်သည်အထိ အားထုတ်သွားမှပဲ သံသရာမှာမရခဲ့ဖူးတဲ့ လွတ်မြောက်ခြင်းဓမ္မရသကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။

မြသန်းစံ
12.5.2023.
09:45 a.m.

Mya Than San Appamada  pageမှကူးယူဖော်ပြပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ရန်ကုန်တွင် ကျင်းပမည်

​မြန်မာ့စစ်တုရင်လောကကို တစ်ခေတ်ပြန်လည်ဆန်းသစ်စေမည့် "၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ" ကို ရန်ကုန်မြို့၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) တွင် မကြာမီ ကျင်းပပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ ​ပြိုင်ပွဲ၏ ထူးခြားချက်အနေဖြင့် နိုင်ငံတကာစံနှုန်းမီ အပြည်ပြည်ဆိုင်ရာ စစ်တုရင် (International Chess) သာမက မြန်မာတို့၏ အဖိုးတန်အမွေအနှစ်ဖြစ်သော မြန်မာ့ရိုးရာစစ်တုရင် ပြိုင်ပွဲများကိုပါ တစ်ပါတည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လူငယ်မျိုးဆက်သစ်များ၏ ဉာဏ်ရည်စွမ်းပကားကို ဖော်ထုတ်နိုင်ရန်...

ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင်ကျောင်းတွင် အခမဲ့ပညာရေးအတွက် ကျောင်းအပ်လက်ခံစတင်

မိဘမဲ့နှင့် မိဘမစုံသော ကျောင်းသား၊ ကျောင်းသူများနှင့် နွမ်းပါးသော မိသားစုမှ ကလေးများအား အခမဲ့နေစားငြိမ်းပညာသင်ကြားပေးနေသည့် ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်မှစတင်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကျောင်းသည် ပန်းတစ်ပွင့်တောင် ဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုဖြင့် ကုသိုလ်ပြုဖွင့်လှစ်ထားသည့် အခမဲ့စာသင်ကျောင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးသာမက နေထိုင်စားသောက်ရေးအတွက်ပါ တာဝန်ယူထောက်ပံ့ပေးလျက်ရှိသည်။ ထို့ပြင် ကျောင်းတွင် သာသနာ့နယ်မြေ စည်းကမ်းများအတိုင်း သက်သတ်လွတ်စားသုံးခြင်း၊ သာသနာတော်အား လေးစားလိုက်နာခြင်း၊ ရိုးသားကြိုးစား၍ ယဉ်ကျေးလိမ္မာစွာနေထိုင်ခြင်းတို့ကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။ ပညာသင်ယူလိုသော ကျောင်းသား၊...

နန်းတော်ရာ၊ ပုတ်တလုတ်ကန်နေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး သုတေသနပြုတူးဖော်ရာမှတွေ့ရှိထားသော အုတ်စီအုတ်ရိုးများ၊ အုတ်ကြမ်းခင်းများ၊ အုတ်ကြွပ်မိုးနှင့် သံမယ်နများကို စနစ်တကျ ထိန်းသိမ်းရန် ဒုဝန်ကြီးပြောကြား

တောင်ငူမြို့ မြို့လေးခံတပ်နှင့် ယိုးဒယားပေါက် ဖော်ထုတ်ထိန်းသိမ်းထားရှိမှု၊ ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုးရှိ ရန်အောင်မြင်တံခါးမှ အနောက်မြောက်ထောင့်နေရာ၊ တောင်ငူခေတ် မြို့ပြယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော မြို့ရိုး၊ တံခါး ပြအိုး၊ ရေကျုံးနှင့် နွံကျုံးဖော်ထုတ် ထိန်းသိမ်းထားရှိမှုများကို ယမန်နေ့က ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့နောက် နန်းတော်ရာ၊ ပုတ်တလုတ်ကန်နေရာတို့ကို ကြည့်ရှုပြီး သုတေသနပြုတူးဖော်ရာမှတွေ့ရှိထားသော အုတ်စီအုတ်ရိုးများ၊ အုတ်ကြမ်းခင်းများ၊ အုတ်ကြွပ်မိုးနှင့် သံမယ်နများကို စနစ်တကျ ထိန်းသိမ်းသွားရန် ဦးအေးထွန်းက ပြောကြားခဲ့သည်။ ကေတုမတီမြို့ဟောင်း အနောက်ဘက်မြို့ရိုးရှိ စင်တံခါးနှင့် သစ်ရင်းတံခါး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071