Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeNewsLocal NewsSu-30 SME ဘက်စုံသုံးအကြီးစားတိုက်လေယာဥ်အပါအဝင်တပ်မ​တော်(​လေ)...

Su-30 SME ဘက်စုံသုံးအကြီးစားတိုက်လေယာဥ်အပါအဝင်တပ်မ​တော်(​လေ) ပျံသန်းမှုစွမ်းရည်များပြသ

တပ်မတော်(လေ)မှ လေယာဥ်ရဟတ်ယာဥ်များက တပ်မတော်(လေ)၏ ဒီဇင်ဘာ ၁၅ ရက်က မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင်လေ တပ်စခန်းဌာနချုပ်၌ကျင်းပသည့် (၇၅)နှစ် မြောက် စိန်ရတုနှစ်ပတ်လည်နေ့နှင့်လေယာဥ်ရဟတ်ယာဥ်များတပ်တော်ဝင်ခြင်းအခမ်းအနားတွင် ပျံသန်းမှုစွမ်းရည်များပြသခဲ့ကြသည်။

သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၁ စီးက နိုင်ငံတော်အလံအားချိတ်ဆွဲ၍၄င်း၊တိုက်ခိုက်ရေးရဟတ် ယာဉ် ၃ စီးကတပ်မတော်(ကြည်း၊ရေ၊လေ)အလံများကိုချိတ်ဆွဲကာအတန်းလိုက်အုပ်ဖွဲ့ပုံစံဖြင့် ပျံသန်းခြင်း၊အမျိုးအစားမတူညီသည့် ရဟတ်ယာဉ် ၄ စီးတို့ကအုပ်ဖွဲ့ပုံစံဖြင့်ပျံသန်းအလေးပြုခြင်း၊အပေါ့စားသယ်ယူပို့ ဆောင်ရေးရဟတ်ယာဉ်ဖြင့်စွမ်းရည်ပြသခြင်း၊သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ဖြင့် Bambi Bucket အသုံးပြု၍ မီးငြိမ်းသတ်မှုသရုပ်ပြခြင်း၊အမျိုးအစားမတူညီသည့် ကင်းထောက်လေယာဉ် ၁ စီး၊သယ်ယူပို့ဆောင်ရေးလေယာဉ် ၂ စီးတို့ဖြင့်အုပ်ဖွဲ့ပုံစံပျံသန်းအလေးပြုခြင်းများကို ပြုလုပ်ခဲ့ကြသည်။

အမောင်းသင်ဂျက်တိုက်လေယာဉ် ၃ စီးမှလည်း တပ်မတော်(လေ)ကိုယ်စားပြု အဝါရောင်၊အဖြူရောင်၊အပြာရောင်မီးခိုးတန်း Smoke Trail များကိုထုတ်လွှတ်ပျံသန်းခြင်း၊ ဗုံးကြဲလေယာဉ် ၁ စီးနှင့်အပေါ့စားဂျက်တိုက်လေယာဉ် ၄ စီးက အုပ်ဖွဲ့ပုံစံ၊ ဘက်စုံသုံးဂျက်တိုက်လေယာဉ် ၁ စီးနှင့်ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် ၄ စီးကအုပ်ဖွဲ့ပုံစံ၊ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ် ၆ စီးက Wedge Formation အုပ်ဖွဲ့ပုံစံဖြင့် ပျံသန်းအလေးပြုခဲ့ကြသည်။

ယခုနှစ်တွင်စတင် သုံးစွဲမည့် စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံးအကြီးစားတိုက်လေယာဉ် Su-30 SME တိုက်လေယာဉ်သည်လည်းအဆင့်မြင့်လှုပ်ရှားစစ်ကစားမှု(High Performance Maneuver)များအား စွမ်းရည်ပြပျံသန်းခဲ့သည်။

သာမန်ဂျက်တိုက်လေယာဥ်များမပြုလုပ်နိုင်သည့် Flap Spin Maneuver ရေပြင်ညီအပြားလိုက်လည်ကျသည့် ပျံသန်းမှုပုံစံတို့အား သရုပ်ပြသခဲ့သည်။ ထို့ပြင် မိမိလေယာဉ်နောက်မှ အနီးကပ်လိုက်ပါလာသည့် ရန်သူ့လေယာဉ်အား မိမိ၏မြင်ကွင်း၊ ပစ်ကွင်းရှေ့သို့ ပြန်လည်ရောက်ရှိစေပြီး အမြန်ဆုံးပြန်လည်တိုက်ခိုက်နိုင်သည့် စစ်ကစားမှုပုံစံ High AOA Roll အားသရုပ်ပြပျံသန်းပြခဲ့သည်။

Su-30 တိုက်လေယာဉ်သည် မည့်သည့်အခြေအနေ၊အမြန်နှုန်း၊အမြင့်ပေတွင်မဆို လေယာဉ်ကွင်းသို့ ရုတ်ချည်းဆင်းသက်နိုင်စွမ်းရှိခြင်းအား Maximum Banking Turn & Loop for Landing Maneuver ဖြစ်သည့် လေယာဉ်ပြေးလမ်းအတိုင်းပျံသန်းလာပြီး ရုတ်တရက်ကွေ့ကာ တစ်ဆက်တည်းပင် ဒေါင်လိုက်အပေါ်သို့ဆွဲတင်၍ Loop ထိုးပြီးလေယာဉ်ပြေးလမ်းသို့ ပြန်လည်ဆင်းသက်သည့် ပျံသန်းမှုစွမ်းရည်ကိုလည်း ပျံသန်းပြသခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု လန်ဒန်မြို့ရှိ မြန်မာသံအမတ်ပြော

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို မေ ၁၂ ရက်က ကျင်းပသည့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN London Committee-ALC) နှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီ (UK-ASEAN Business Council-UKABC) တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာကျောင်းသားလူငယ်များ၏ အနာဂတ်အတွက် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ဂုဏ်ပြုပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ သံတမန်များ၊ The Art of Living (ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ စွာတက်ရောက်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး နှင့် The Art of Living ဒါရိုက်တာများမှ ဆီမီးထွန်းညှိဖွင့်လှစ်ခဲ့သည်။ ထို့နောက် The...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀) ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့် ညနေပိုင်းတို့က လုံ ခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များ သည် မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေသည့် တ ရုတ်နိုင်ငံသား(၉၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများစွာနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိရောက်အရေးယူခြင်း၊ နောက်ကွယ်မှပါဝင်ပတ်သက်သူများကိုစိစစ်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်ခြင်း၊ သိမ်းဆီးရမိပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071