Thursday, January 16, 2025

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင်...

AI နှင့် EV နည်းပညာများဖွံ့ဖြိုးရေးကဏ္ဍတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက်ဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် အာဆီယံ-တရုတ်စင်တာ(ACC) အထွေထွေအတွင်းရေးမှူးချုပ်တို့ ဆွေးနွေးခဲ့ကြသည်။ ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျနှင့် ACC အ...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ မြန် မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေး...

ကိုရီးယားနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ၊ ယဉ်ကျေးမှုအဖွဲ့များ မြန်မာနိုင်ငံသို့ အလုပ်သဘောသွားရောက်နိုင်ရေးအတွက် လွှတ်တော်၏ နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့မှ ပံ့ပိုးကူညီပေးရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က တိုက်တွန်းပြောကြားခဲ့သည်။ ၎င်းမှ ဇန်နဝါရီ ၁၅ ရက်က...

ပြည်ပအလုပ်အကိုင်လိမ်လည်မှုများသတိထား–တရုတ်အစိုးရကသတိပေး

ပေကျင်း၊ဇန်နဝါရီ ၁၅ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းများရှိလာသကဲ့သို့ နယ်စပ်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းပြဿနာများ အဖြစ်များနေသဖြင့် ပြည်သူများအနေဖြင့် အဆိုပါလုပ်ငန်းများ၏သားကောင်ဘဝမရောက်ရေးအတွက် သတိရှိရှိနေထိုင်ကြရန် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ယခုသတိပေးချက်သည် တယ်လီကွန်းလိမ်လည်မှုလုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများအတွက် သားကောင်အဖြစ် လူကုန်ကူးခံရပြီးနောက်...

ခရီးသွားများယုံကြည်မှုပြန်ရဖို့ဆောင်ရွက်သွားမည်–ထိုင်း

ဘန်ကောက်၊ဇန်နဝါရီ ၁၅ ထိုင်းအစိုးရက နိုင်ငံသို့လာကြသည့် ဧည့်သည်များ၏ ယုံကြည်မှုပြန်လည်ရရှိစေရန် နည်းအမျိုးမျိုးဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ထိုင်းအာဏာပိုင်များဘက်မှ အစီအစဉ်များကို ဆက်တိုက်ချမှတ်နေကြောင်းသိရသည်။ ထိုင်းဝန်ကြီးချုပ်ပေတုန်တန်က တနင်္လာနေ့ကပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအနေဖြင့်...
HomeEntertainmentStar Awards ရုပ်ရှင်ဆု...

Star Awards ရုပ်ရှင်ဆု ပထမဆုံး ခြေလှမ်း ရုပ်ရှင်သမိုင်း မှတ်တမ်းဝင်လေပြီ

မြန်မာနိုင်ငံသတင်းစာဆရာ အသင်းက ချီးမြှင့်မယ့် Star Awards ဆုကို လာမယ့် ၂ဝ၁၉ ခုနှစ်၊ ဧပြီ ၅ ရက်နေ့ညနေပိုင်းမှာ ခြိမ့်ခြိမ့်သဲသဲ ကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ ကျင်းပမယ့်နေရာက သုဝဏ္ဏဘူမိ Event Park မှာပါ။ ရုပ်ရှင်အနုပညာ ရှင်၊ အတတ်ပညာရှင်တို့အတွက် ချီး မြှင့်မယ့် Star Awards ဆိုတာ ဘယ် လိုဆုတံဆိပ်မျိုးလဲ၊ ဘယ်လိုစံချိန်၊ စံနှုန်းတွေနဲ့ ချီးမြှင့်မှာလဲ၊ ဘယ်လောက်အထိ ကြီးကျယ်ခမ်းနားမှာလဲ၊ စိတ်ဝင်တစားစောင့် ကြည့်ကြမယ့်သူတွေကော ဘယ်လောက် တောင်ရှိလိမ့်မလဲ စသဖြင့် မေးခွန်း တွေကတော့ ဆက်တိုက်၊ ဆက်တိုက် ပေါ်ထွက်လာမှာပါ။ ပထမဦးဆုံး အနေနဲ့ မြန်မာနိုင်ငံသတင်းစာဆရာ အသင်း(MJA)ကို ဘယ်လိုဖွဲ့စည်း ထားသလဲဆိုတာ သိဖို့လိုအပ်ပါတယ်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)
မြန်မာနိုင်ငံသတင်းစာဆရာ အသင်း(MJA) ကို ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့မှာ အသင်း မှတ်ပုံတင် အမှတ်- ၁/ ပြည်တွင်း/ ဝ၆ဝ၉ ဖြင့် စတင်ဖွဲ့စည်းခဲ့ပါတယ်။ စတင်ဖွဲ့စည်းခဲ့စဉ်က မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအသင်း (MWJA) ကနေ ခွဲထွက်ပြီးနောက် ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ ၂ဝရက်နေ့ မှာ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းနိုင်ငံလုံး ဆိုင်ရာညီလာခံပြု လုပ်ပြီး မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း( Myanmar Journalist Association- MJA) ကို အောင်မြင် စွာ ဖွဲ့ စည်းနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းကို သတင်း စာဆရာကြီး ဦးခင်မောင်လေး(ဖိုး သောကြာ၊ ခေတ်မိုး)၊ ဆရာဦးစိုးသိမ်း (မောင်ဝံသ)၊ ဆရာဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်)၊ ဆရာဦးသီဟစော (သီဟစော)၊ ဆရာဦးဝင်းငြိမ်း (ဝင်းငြိမ်း)၊ ဆရာဦး မြတ်ခိုင်(မြတ် ခိုင်)တို့ရဲ့ ဦးဆောင်မှုနဲ့ စတင်ဖွဲ့စည်း ခဲ့ပြီး အလုပ်အမှုဆောင် ၂၁ဦး၊ ဗဟိုဦးစီးကော်မတီ ၅၅ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။ မြန်မာနိုင်ငံသတင်းစာဆရာအသင်းအမှုဆောင်သက်တမ်းမှာ ၃ နှစ်ဖြစ်ပြီး ၂ဝ၁၈ -၂ဝ၂၁သက်တမ်းမှာ ဥက္ကဋ္ဌ ဦးမြတ် ခိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းငြိမ်း၊ ဦး ကျော်စွာမင်း၊ အထွေထွေအတွင်း ရေးမှူး ဦးသာဇော်၊ တွဲဖက်အတွင်း ရေးမှူး(၁) ဒေါ်အိအိတင်၊ တွဲဖက် အတွင်းရေးမှူး(၂) ဦးဇေယျာမြတ် ခိုင်၊ နိုင်ငံတကာဆက်ဆံရေးမှူး ဒေါက်တာဇော်သန်း၊ တွဲဖက်နိုင်ငံတ ကာဆက်ဆံရေးမှူး ဦးအောင်မြင့်၊ ဘဏ္ဍာရေးမှူး ဒေါ်ဂျူလိုင်မိုး၊ တွဲဖက် ဘဏ္ဍာရေးမှူး ဒေါ်အေးမွန်၊ စာရင်း စစ် ဒေါ်ခင်သန်းနွဲ့၊ တွဲဖက်စာရင်းစစ် ဒေါ်သူဇာနွယ်၊ ပြန်ကြားရေးမှူး ဦးဘဦး၊ တွဲဖက်ပြန်ကြားရေးမှူး ဒေါ်နွေဦးလင်း၊ စည်းရုံးရေးမှူး ဒေါ်ယဉ်ယဉ်သိန်း၊ တွဲဖက်စည်းရုံးရေး မှူး ဦးသန်းလှိုင်၊ ဗဟိုအလုပ်အမှု ဆောင် ဦးသိန်းအေး၊ ဦးထွန်းနေစိုး၊ ဦးတင်ဝင်းလှိုင်၊ ပြည်ပဆက်သွယ်ရေး မှူး ဦးအောင်သူရတို့ဖြစ်ပါတယ်။ ၂ဝ၁၉ ခုနှစ်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုမှ အသင်းသားဦးရေ ၁ဝဝဝ ကျော်တို့ဖြင့် ဖွဲ့စည်းနိုင်ခဲ့ပါ တယ်။

Star Awards ဆုရွေးချယ်ရေး ကော်မတီ
နိုင်ငံတကာမှာလည်း နိုင်ငံ အသီးသီးရှိ သတင်းစာဆရာများအ နေနဲ့ ဆုများရွေးချယ်ချီးမြှင့်မှုများရှိနေခဲ့ပြီး မြန်မာနိုင်ငံသတင်းစာ ဆရာအသင်းအနေနဲ့လည်း မြန်မာ့ ရုပ်ရှင်လောကတိုးတက်ရေး၊ ရုပ်ရှင် လောကသားများရဲ့ ထူးချွန်ပြောင် မြောက်တဲ့ စွမ်းဆောင်မှုများကို အသိအမှတ်ပြုအားပေးတဲ့အနေနဲ့ Star Awards ဆုများကို ရွေးချယ် ပေးအပ်ရန် ယခုနှစ်မှာ ပထမဦး ဆုံးအနေနဲ့ စတင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဆုရွေးချယ်ရေးအတွက် အတိုင်ပင်ခံအဖွဲ့ကို အဖွဲ့ဝင် ၆ဦး၊ ဆုရွေးချယ်ရေးကော်မတီ အဖွဲ့ဝင် ၂၁ဦးဖြင့် ဖွဲ့စည်းခဲ့ပါတယ်။ အတိုင် ပင်ခံအဖွဲ့ဝင်များမှာ ဦးဝင်းဖေ၊ မလိခဦးစိုးထိုက်အောင်၊ ဦးလူမင်း၊ ဦးလှမြင့်ဆွေ၊ ဦးတင်မောင်ဝင်း (CEO Paradiso)၊ ဦးဇော်မြင့် (ရီမြင့်ရုပ်ရှင်)တို့ဖြစ်ပြီး မြန်မာ့ရုပ်ရှင် Star Awards ဆုရွေးချယ်ရေးကော် မတီဝင်းများအနေနဲ့ ဥက္ကဋ္ဌအဖြစ် ဦးဝင်းငြိမ်း၊ အဖွဲ့ဝင်များအဖြစ် ဦးဟိန်းလတ်၊ မောင်ယဉ်ကျော်၊ ဦးမြတ်ခိုင်၊ ဒေါက်တာဇော်သန်း၊ ဦးသိန်းအေး၊ မောင်မျိုး၊ ကိုမျိုး (မြန်မာစာ)၊ ညိုသစ်ငယ်၊ ဒေါ်နန်း အိအိဇာ၊ အောင်စိုးသူ၊ တင် မောင်ဆွေ၊ လင်းနိုင်ဦး၊ ဒေါ်နန်း ကလျာဝင်း၊ ဦးမောင်မောင်အေး (အလင်္ကာဝတ်ရည်)၊ ငြိမ်းအေးအိမ်၊ ဦးထင်လင်း၊ ဦးမိုးမင်း၊ ဦးတင်မောင် ဝင်း(CEO Paradiso)၊ ဦးသာဇော် (ပြန်ကြားရေးမှူး)၊ ဦးထွန်းနေစိုး (အတွင်းရေးမှူး) တို့ဖြစ်ပါတယ်။

”ဒါကတော့ အားပေးတဲ့လူ လည်းရှိတယ်။ အားမပေးချင်တဲ့လူ တွေလည်းရှိမှာပေါ့နော်။ ကျွန်တော် တို့ကတော့ ကမ္ဘာမှာလုပ်နေတဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွေမှာ ပုဂ္ဂလိကဖြစ်တဲ့ စာနယ်ဇင်းတွေက ပေးတဲ့ဆုဆိုတာရှိတယ်။ အထူး သဖြင့် ဟောလီးဝုဒ်မှာဆိုရင် သူတို့ အော်စကာဆုရွေးချယ်ရေးအဖွဲ့ဆို တာရှိသလို နိုင်ငံခြားသတင်းထောက် တွေက စုပေါင်းပြီးပေးတဲ့ဆုဆိုတာလည်းရှိတယ်။ ကျွန်တော်တို့ ဒီဘက် ကလည်း မြန်မာနိုင်ငံသတင်းစာ အသင်းကို အကြောင်းပြုပြီးတော့ သူတို့အနေနဲ့ ရုပ်ရှင်ထူးချွန်ဆုပေး မယ်ဆိုပြီးတော့ စလုပ်ခဲ့တာပေါ့” လို့ မြန်မာ့ရုပ်ရှင် Star Awards ဆု ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဆရာဦးဝင်းငြိမ်းကပြောပါတယ်။ ဆုရွေးချယ်ရေးကော်မတီဝင်တစ်ဦးဖြစ် တဲ့ ဆရာဦးမြတ်ခိုင်ကလည်း ”ပထမဦးဆုံးဖြစ်တဲ့အတွက် စိန်ခေါ်မှုတွေများတယ်။ အခက်အခဲ တွေလည်းရှိတယ်။ ဒါပေမဲ့ အားလုံး နားလည်မှုရသွားကြရင် အားလုံး အဆင်ပြေသွားမှာပါ။ ဒါကတော့ ပထမဦးဆုံးဖြစ်တဲ့အတွက် အခက် အခဲတွေကတော့ ရှိကြမှာပေါ့” လို့ ပြောပါတယ်။



Star Awards ဆုရွေးချယ်ချီးမြှင့်ခြင်း
၂ဝ၁၈ခုနှစ်အတွင်း ရုံတင်ပြသ ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ၈၃ကား ထဲကနေ ဆန်ခါတင်ကား ၂ဝကို ဆုရွေးချယ်ရေးကော်မတီဝင်အဖွဲ့များ ရဲ့ မဲစနစ်နဲ့ ရွေးချယ်ခဲ့ပြီး ဆုအမျိုး အစား ၁၅ဆုကို ရွေးချယ်ချီးမြှင့်မှာ ဖြစ်ပါတယ်။

”ကျွန်တော်တို့က စာနယ်ဇင်း ဆရာတွေ ရွေးချယ်တာဖြစ်ပါတယ်။ သို့သော် ဒီအထဲမှာ ဂီတနဲ့ ပတ်သက် ရင် ဂီတနဲ့ ကျွမ်းကျင်တဲ့ပညာ ရှင်တွေကို ဖိတ်ခေါ်ထားတာ ရှိပါတယ်။ ဓာတ်ပုံနဲ့ ပတ်သက်ရင် ဓာတ်ပုံကျွမ်းကျင်ပညာရှင်ပေါ့နော်။ သီးခြားဖိတ်ခေါ်ထားတာရှိပါတယ်။ ကျန်တာကတော့ ကျွန်တော်တို့ စာနယ်ဇင်းရှုထောင့်က ပေးတာပါ။ ရုပ်ရှင်ပညာရှင်ရှုထောင့်ကပေးတာမဟုတ်ပါဘူး” လို့ ဆရာဦးမြတ်ခိုင် ကပြောပါတယ်။ ဇာတ်ကား ၈၃ကား မှာ မဲစနစ်နဲ့ရွေးချယ်လိုက်တယ်လို့ဆိုတဲ့ ဆရာဦးမြတ်ခိုင်ကို တချို့ မပါ ချင်လို့ ကန့်ကွက်တဲ့သူတွေ၊ သူတို့ ဇာတ် ကားတွေကို ဝင်ရောက်အရွေး ချယ်မခံတာတွေလည်းရှိတယ်ဆိုတာ ဟုတ်၊ မဟုတ်မေးဖြစ်တော့ . . .

”ကျွန်တော်တို့ ဖယ်ပစ်ပြီး နောက်ကားတွေရွေးတာပေါ့။ ကျွန် တော့် မိတ်ဆွေတစ်ယောက်ပြောသ လိုပေါ့။ အဲဒီကားတွေ ဖယ်ပေး လိုက်တော့ ငါတို့ကားတွေရှေ့ တက် လာတာပေါ့ကွာဆိုပြီး သူက ရယ် စရာပြောပါတယ်။ ဒီသဘောပါပဲ။ ကျွန်တော်တို့ နားလည်မှုလွဲနေကြ လို့ဖြစ်ပါလိမ့်မယ်” လို့ ဆရာ ဦးမြတ် ခိုင်က ပြောပြပါတယ်။

ဆုအမျိုးအစားအလိုက်ဆု ကြေးမှာ ဆုတစ်ဆုကို ငွေကျပ်သိန်း ၅ဝပေးအပ်ချီးမြှင့်သွားမှာဆိုတော့ ထိုက်ထိုက်တန်တန်ချီးမြှင့်တဲ့သ ဘောမှာလည်း ရှိနေပါတယ်။

”ပေးအပ်မယ့် ၁၅ဆုကတော့ Star Awards ဆုရွေးချယ်ရေး ကနေပြီး သတ်မှတ်တာပါ။ ကျွန်မတိှု့Stellar Seven ကနေ သတ်မှတ်တာ ကကျတော့ Stellar Seven အနေနဲ့ ပေးမယ့် ဆု ၃ဆု ရှိပါတယ်။ အဲဒါ ကကျတော့ တက်ရောက်လာမယ့် အနုပညာရှင်တွေထဲက Best Dress အမျိုးသားတစ်ဦး၊ အမျိုး သမီးတစ်ဦးရွေးချယ်မယ်။ ပြီးတော့ Best Dress Guest တစ်ဦး ရွေးချယ်ပါမယ်။ ဒီဆု ၃ဆုကတော့ Stellar Seven ကနေ စီစဉ်ရွေး ချယ်မှာဖြစ်ပါတယ်”လို့ Star Awards ဆုချီးမြှင့်ပွဲအခမ်းအနားကို Organizer အဖြစ်ဆောင်ရွက်မယ့် Stellar Seven Entertainment မှ Operation Director ဒေါ်လင်း ဝတ်မှုန်က ပြောပါတယ်။

အကယ်ဒမီလို့လူအများသိကြ တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာဆိုရင် ပွဲတက်ဝတ်စုံကို မြန်မာဆန် ဆန်ဝတ်စုံတွေနဲ့ ပွဲတက်ရတယ်။ Star Awards ဆုပေးပွဲမှာကော ဘယ်လိုဝတ်စုံဒီဇိုင်းတွေနဲ့ ပွဲတက် လာမှာလဲ။ ဒါလည်း စိတ်ဝင်စား စရာပါ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဆရာဦးဝင်းငြိမ်းက . . .

”ကျွန်တော်တို့က အဲဒီလိုမျိုး တိုက်ပုံဝတ်ပါတို့၊ အမျိုးသမီးများ ပုဝါခြုံပါတို့ မပြောပါဘူး။ ကျွန်တော် တို့က Free Style ပဲလုပ်မှာပါ။ ပျော် ပျော်ပါးပါးနဲ့ ပေါ့ပေါ့ပါးပါးပဲလုပ် မှာပါ” လို့ပြောပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း က ချီးမြှင့်မယ့် Star Awards ရုပ်ရှင် ဆု ပထမဆုံးခြေလှမ်းက မြန်မာ့ရုပ် ရှင်သက်တမ်း ၉၈နှစ်အတွင်းမှာ Star Awards ရုပ်ရှင်ဆု ရုပ်ရှင် သမိုင်းမှတ်တမ်းဝင်လေတော့မှာ ဖြစ်ပါတယ်။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071