Thursday, July 10, 2025

အသက် (၁၉)နှစ်အရွယ် Grade 12...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ...

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့...

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ...

အမေရိကန်ပြည်ထောင်စုသည် သြဂုတ်လမှစတင်၍ ဘရာဇီးမှ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ်...

အမေရိကန်ပြည်ထောင်စုသည် သြဂုတ်လ ၁ ရက်နေ့မှစတင်၍ ဘရာဇီးမှ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ် ၅၀% အကောက်ခွန်များ စည်းကြပ်ရန် ဆုံးဖြတ်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။ ဘရာဇီးသမ္မတ...

ရူဘီယိုနှင့် လက်ဗရော့ဗ် ကွာလာလမ်ပူရ်တွင်တွေ့မည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် ကွာလာလမ်ပူတွင် ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြင်ပတွေ့ဆုံမှုအဖြစ် ကြာသပတေးနေ့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ဗရော့ဗ်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း...
HomeCelebrities' NewsSpecial Effect Make-Upပညာရှင်တစ်ယောက်ဖြစ်အောင်အကောင်းဆုံးကြိုးစားခဲ့တဲ့ဟန်နာယူရီ

Special Effect Make-Upပညာရှင်တစ်ယောက်ဖြစ်အောင်အကောင်းဆုံးကြိုးစားခဲ့တဲ့ဟန်နာယူရီ

မော်ဒယ်လ်ဟန်နာယူရီကတော့ လတ်တလောမှာ တစ်ခါကဆတ်သေ ချောင်းရုပ်ရှင်ဇာတ်ကားကြီးမှာ Special Effect Make-Up ကို တာဝန် ယူပြီး လိမ်းခြယ်ပေးရမှာ ဖြစ်တယ်လို့သိရပါတယ်။ သူကျွမ်းကျင်တဲ့ Special Effect Make-Up ကို ဘယ်လိုမျိုး သင်ယူဖြစ်ခဲ့လဲ။ ကိုယ့်အတွက် ဘယ်လို မျိုးအခွင့်အရေးတွေ ရခဲ့သလဲလို့ မေးကြည့်တဲ့အခါမှာတော့ ဟန်နာယူရီက…

”ရင်း ပထမဦးဆုံး Special Effect Make-Up ကို လေ့လာခဲ့ တဲ့အချိန်က ၂ဝ၁၃၊ ၂ဝ၁၄ ခုနှစ် လောက်ကစပြီးတော့ Special Effect Make-Up Artist ဆိုတဲ့ ပညာကို ပညာရှင်တစ်ယောက်ဖြစ်အောင် ရပ်တည်ချင်တယ်။ ကိုယ် ကိုယ်တိုင်ကလည်း ပညာရှင်တစ်ယောက်အနေနဲ့ အလုပ်လုပ်ချင်ခဲ့တာဆိုတော့ ရင်းစပြီးတော့ ဘန်ကောက်မှာ ကျောင်း စတက်ဖြစ်ခဲ့တယ်။ မိတ်ကပ်ပညာတက်မယ်ဆိုရင် အလှအပ မိတ်ကပ်တွေ၊ Body Paint တွေကော အစအဆုံး အကုန်တက်ရမယ်ဆိုတာနဲ့ ရင်း အဲဒီ Special Effect Make-Up သင်တန်းကျောင်း ကို သွားတက်ခဲ့တယ်။ ဒါပေမဲ့ ရင်း သင်တန်းပြီးတဲ့အခါမှာ ကျောင်းပြီးတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် မတင်း တိမ်နိုင်တဲ့အတွက် အများကြီးလိုအပ်နေတဲ့အတွက် ရင်း Special Effect Make-Up ကို မာစတာ တန်းထိ တက်ခဲ့တယ်။ ရင်းပထမဦး ဆုံး လိမ်းခြယ်ပေးခဲ့တဲ့ ‘ဝိညာဉ် စိမ်း’ရုပ်ရှင်ဇာတ်ကားဟာရင်း အခြေခံ Special Effect Make-Up နဲ့ ရင်း အလုပ်လုပ်ဖြစ်တာပါ။ ဒီလိုမျိုး သင်ယူဖြစ်တာ လည်းရင်းက ဒီပညာကို စိတ်ဝင်စားတယ်။ အဲဒီအတွက်လည်း သင်တန်း တက်နေတဲ့အချိန်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ အခွင့် အရေးကတော့ အဲဒီလိုမျိုး ကြီးကြီးမားမား ရခဲ့တာမရှိပါဘူး။ ရင်း စိတ်ဝင်စားတဲ့ ပညာရပ် ကို အခုလိုမျိုး ကျွမ်းကျင်ပညာရှင် နေရာတစ်ခုအထိ ရောက်တာဟာရင်းရဲ့ အကြီးမားဆုံး အခွင့်အရေးပါ။ အဲဒီအတွက် ရင်း အကောင်းဆုံး ကြိုးစားတယ်။ ပရိသတ်ကြီးကလည်း ရင်းကို အားပေးစေချင် တယ်။ ရင်း ကိုအားပေးတဲ့ ပရိသတ်ကြီးရှိရင် ရင်း အဆုံးထိ ရှေ့ဆက်သွားနိုင် မှာ ပါ”လို့ ပြောပြခဲ့ပါတယ်။


Special Effect Make-Up သင်ယူခဲ့တာကိုတော့ မိဘတွေက အားပေးကြလားလို့ မေးကြည့်တဲ့အခါမှာတော့ ဟန်နာယူရီက …

”ရင်းက မိုးကုတ်သူရှင့်။ ရင်း အဖေက တောင်ကြီးသားပေါ့။ ရင်း တို့ အဖေနဲ့အမေက တိုင်းရင်းသားတွေဖြစ်ကြတော့ တအားကြီးခေတ် မဆန်ဘူး။ ဒီလိုဟာတွေကို ဖေဖေဆိုရင် နိမိတ်မရှိ၊ နမာမရှိတွေ မလုပ် နဲ့ပေါ့။ အဲဒီလို မျိုးလုပ်တဲ့သူတွေဟာ မတော်တဆ ဒုက္ခရောက်တတ်ကြ တယ်ဆိုပြီး ပြောကြ တယ်။ နိမိတ် ဖတ်သလို ဖြစ်တတ်တယ်ဆိုပြီး ဖေ ဖေက လုံးဝ သဘောမတူ ဘူး။ ရင်းဘန်ကောက်မှာ ကျောင်းတက်မယ် ဆိုတုန်းက မသွား တက်နဲ့ဆိုပြီး ဖေဖေ တားတယ်။ ဖေဖေနဲ့ အတိုက် အခိုက်လေးတွေ ဖြစ်ခဲ့ တယ်။ မေမေက ကျတော့လုပ်ကြည့်ပေါ့။ ရင်းတို့ မိသားစုတွေက သမီး မိန်းကလေးက အိမ်မှာပဲနေရမယ်ဆိုပြီးရှိတယ်။ ရင်း ကကျတော့မရဘူး။ အဲဒီလိုမျိုး အိမ်မှာချည်းပဲ မနေချင်ဘူး။ အဲဒီအတွက် အစပိုင်းမှာတော့ အဆင်မပြေ မှုတွေရှိတယ်။ နောက်ပိုင်းတော့ ဖေဖေ လည်း ခွင့်ပြုလာတယ်။ ရင်းကလည်း ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုကိုရအောင် လုပ်ရမှ ပြီးတော့ အိမ်မှာလည်း အိမ်မှုကိစ္စတွေ မလုပ်ချင်ဘူး အဲဒီအတွက် ကိုယ်လုပ်ချင်တဲ့ ပန်းတိုင်ကို ရအောင်လုပ်တယ်။ သင်တန်းတွေတက်တယ်။ အကုန်ကြိုးစားတယ်။ နောက်ပိုင်း ရင်း တကယ် ကြိုးစားတာ မြင်တော့လက်ခံလာတယ်။ အခုတော့ ဖေဖေ၊ မေမေတို့လည်းအကုန်လုံး အားပေးကြပါတယ်”လို့ ပြောပါ တယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

အသက် (၁၉)နှစ်အရွယ် Grade 12 ကျောင်းသူတစ်ဦး ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေး

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ အသက် (၁၉) နှစ်အရွယ် Grade 12 ကျောင်းသူ မဝင့်ဝါရှန်ထွန်းမှာ (၃)ရက်ကြာ ပျေ-ာက်ဆုံးနေရာ ယနေ့အချိန်အထိ ရှာဖွေမတွေ့ရှိသေးဟု ဖခင်ဖြစ်သူ ဦးညီညီထွန်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ၎င်းအနေဖြင့် လက်ရှိတွင် သက်ဆိုင်ရာနယ်မြေ ရဲစခန်းဖြစ်သည့် ဒဂုံမြိုးသစ်အရှေ့ပိုင်းမြို့နယ် ရဲစခန်းတွင် လူပျေ-ာက်တိုင်ချက်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။ "ကျွန်တော် (၈) ရက်နေ့မှာ ရဲစခန်းကို သွားပြီး အမှုဖွင့်ထားတယ်။ အခုလည်းလိုက်ရှာနေတုန်းပါ။ လက်လှမ်းမှီရာ တွေလည်းဖုန်းဆက်မေးထားတာ မတွေ့ဘူး၊ မလာဘူးဘဲပြောနေကြတယ်"ဟု ၎င်းက ဆိုသည်။ ဖခင်၏ ပြောဆိုချက်အရ ကနဦးတွင်...

စာရေးဆရာ မောင်သာချို၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်သို့ ပို့ဆောင်ပေးနေသည့် မြင်ကွင်း

နိုင်ငံကျော် စာရေးဆရာမောင်သာချိုသည် ယနေ့ ဇူလိုင် (၁၀)ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံတွင် ကွယ်လွန်သွားပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ ဖြစ်သည်။ စာရေးဆရာ မောင်သာချိုသည် မြန်မာစာပါမောက္ခတစ်ဦးလည်းဖြစ်ပြီး ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် ၊ သုံးခွကျေးရွာတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သူသည် ရန်ကုန် တက္ကသိုလ်မှ ၁၉၈၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့၊ ၁၉၈၃ ခုနှစ်တွင် ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ ၁၉၈၈ တွင် မဟာဝိဇ္ဇာဘွဲ့များ ရရှိခဲ့ပြီး ၁၉၇၃ ခုနှစ် ဒီဇင်ဘာလထုတ် သောင်းပြောင်း ထွေလာရယ်စရာ...

အမေရိကန်ပြည်ထောင်စုသည် သြဂုတ်လမှစတင်၍ ဘရာဇီးမှ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ် ၅၀% အခွန်စည်းကြပ်မည်

အမေရိကန်ပြည်ထောင်စုသည် သြဂုတ်လ ၁ ရက်နေ့မှစတင်၍ ဘရာဇီးမှ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ် ၅၀% အကောက်ခွန်များ စည်းကြပ်ရန် ဆုံးဖြတ်လိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။ ဘရာဇီးသမ္မတ လူးဝစ် အီနာစီယို လူလာ ဒါဆေးလ်ဗားထံသို့ ပေးပို့သော မက်ဆေ့ချ်ပါ အခွန်နှုန်းအသစ်ကို သူ၏ Truth Social စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။ ဘရာဇီးလ်အနေဖြင့် ပြန်လည်လက်တုံ့ပြန်သည့် အခွန်များ တန်ပြန်စည်းကြပ်ရန် ဆုံးဖြတ်ပါက အမေရိကန်သည် ဘရာဇီးကုန်ပစ္စည်းများအပေါ် အခွန်နှုန်းထားကို ထပ်မံတိုးမြှင့်မည်ဖြစ်ပြီး ဘရာဇီးလ်က သတ်မှတ်သည့် ပမာဏအတိုင်း လိုက်လံတိုးမြှင့်မည်ဖြစ်ကြောင်း ထရမ့်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071