Monday, May 18, 2026

သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးသွားကားလမ်းရေကျော်၍ မီးသတ်တပ်ဖွဲ့ကကူညီ

မန္တလေးတိုင်း၊ သာစည်မြို့နယ်ရှိ မိတ္ထီလာ-တောင်ကြီးသွားကားလမ်းပေါ်တွင် ယနေ့ မေ ၁၈ ရက်နံနက်ပိုင်းက ရေကျော်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာအုပ်စု၊ မယ်ဇလီကန်ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီးကားလမ်း၏...

လူနေရာတွင် AI ဖြင့်အစားထိုးခန့်အပ်ခြင်းကိုတရုတ်တရားရုံးတစ်ခုက တားမြစ်         လူသားဝန်ထမ်းများ၏...

ဤအထင်ကရဆုံးဖြတ်ချက်သည် ကော်ပိုရေးရှင်းများစွာက ကုန်ကျစရိတ်လျှော့ချရန်နှင့် ဝန်ထမ်းဦးရေလျှော့ချရန် နည်းပညာကို လက်ခံကျင့်သုံးနေသည့် ကမ္ဘာလုံးဆိုင်ရာ AI အလိုအလျောက်စနစ် လှိုင်းလုံးကြီးရိုက်ခတ်နေချိန်တွင် သိသာထင်ရှားသော ဥပဒေရေးရာ အစဉ်အလာတစ်ခုကို...

ရန်ကုန်အနီး ပင်လယ်ပြင်ကို ဗဟိုပြု၍ ယနေ့တစ်ရက်တည်းတွင်...

ရန်ကုန်၊ မေ ၁၈မြန်မာနိုင်ငံတစ်လွှားနှင့် ရန်ကုန်တိုင်းဒေသကြီးအနီးဝန်းကျင်တွင် ယနေ့ (မေလ ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ၂၄ နာရီအတွင်း အင်အားအနည်းငယ်မှ အသင့်အတင့်ရှိသော...
HomeNewsLocal NewsSME လုပ်ငန်းများကို အသားတင်အမြတ်...

SME လုပ်ငန်းများကို အသားတင်အမြတ် သိန်း ၁၅၀ အထိ အမြတ်ခွန်ကင်းလွတ်ခွင့် (၃)နှစ် ခွင့်ပြုမည်

ပြည်တွင်း SME လုပ်ငန်းများကို လုပ်ငန်းစတင်ချိန်မှ သုံးနှစ်တိတိ အသားတင်အမြတ်ငွေ ကျပ်သိန်း ၁၅၀ အထိ အမြတ်ခွန်ကင်းလွတ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပြည်တွင်းထုတ်လုပ်မှုကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများ သို့မဟုတ် အသေးစား စက်မှုလက်မှု လုပ်ငန်းသစ်များနှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်များကို ၂၀၂၃ ခုနှစ် မေလ (၁၅) ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အသေးစား စက်မှုလက်မှု လုပ်ငန်းများသည် လုပ်ငန်းစတင်သည့် နှစ်အပါအဝင် တစ်ဆက်တည်းသုံးနှစ်ကာလအတွင်း အသားတင် အမြတ်ဝင်ငွေ ကျပ်သိန်း (၁၅၀) အထိ ဝင်ငွေခွန် ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေပုဒ်မ (၂၉) နှင့် ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုခြင်းသည် ပြည်တွင်းထုတ်လုပ်မှုကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေရန်အတွက် ဆောင်ရွ က်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းမှတ်ပုံတင်ပါ မှတ်ပုံတင်သည့် ရက်စွဲနှင့် သက်ဆိုင်သည့် ဝင်ငွေနှစ်အား လုပ်ငန်းစတင်သည့် နှစ်အဖြစ် သတ်မှတ်ပြီး တစ်ဆက်တ ည်းသုံးနှစ်အထိ ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ကင်းလွတ်ခွင့် ပြုရာတွင် စုစုပေါင်းအသားတင်အမြတ်ဝင်ငွေ ကျပ် သိန်း ၁၅၀ အားနုတ်ပယ်ပြီး ကျန်ဝင်ငွေပမာဏအပေါ်တွင်သာ ဝင်ငွေခွန်ကို ပေးဆောင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

ပုံစာ-UMFCCI MSME FAIR 2023 ပြပွဲ ပုံရိပ်များ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးသွားကားလမ်းရေကျော်၍ မီးသတ်တပ်ဖွဲ့ကကူညီ

မန္တလေးတိုင်း၊ သာစည်မြို့နယ်ရှိ မိတ္ထီလာ-တောင်ကြီးသွားကားလမ်းပေါ်တွင် ယနေ့ မေ ၁၈ ရက်နံနက်ပိုင်းက ရေကျော်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာအုပ်စု၊ မယ်ဇလီကန်ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီးကားလမ်း၏ မိုင်တိုင်အမှတ် ၅/၂၃ နှင့် ၅/၂၄ ကြားတွင်ရေကျော်မှုဖြစ်ပွား၍ သာစည်မြို့နယ်မီးသတ်စခန်းနှင့် လှိုင်းတက်နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ခရီးသွားများအဆင်ပြေစွာသွားလာနိုင်ရန် ကူညီပေးခဲ့ကြကြောင်း သိရသည်။

လူနေရာတွင် AI ဖြင့်အစားထိုးခန့်အပ်ခြင်းကိုတရုတ်တရားရုံးတစ်ခုက တားမြစ်         လူသားဝန်ထမ်းများ၏ အလုပ်တာဝန်များကို ညဏ်ရည်တု(AI) က လုပ်ဆောင်နိုင်သည်ဆိုသည့်တိုင် ကုမ္ပဏီများအနေဖြင့် ဝန်ထမ်းများကို ရာထူးမှ ထုတ်ပယ်ခြင်း သို့မဟုတ် ၎င်းတို့၏ လစာကို လျှော့ချခြင်းများ မပြုရဟု တရုတ်နိုင်ငံ တရားရုံးတစ်ခုက ဆုံးဖြတ်ခဲ့သည်။

ဤအထင်ကရဆုံးဖြတ်ချက်သည် ကော်ပိုရေးရှင်းများစွာက ကုန်ကျစရိတ်လျှော့ချရန်နှင့် ဝန်ထမ်းဦးရေလျှော့ချရန် နည်းပညာကို လက်ခံကျင့်သုံးနေသည့် ကမ္ဘာလုံးဆိုင်ရာ AI အလိုအလျောက်စနစ် လှိုင်းလုံးကြီးရိုက်ခတ်နေချိန်တွင် သိသာထင်ရှားသော ဥပဒေရေးရာ အစဉ်အလာတစ်ခုကို ချမှတ်ပေးသည်။         ယင်းအမှုသည် ၂၀၂၂ ခုနှစ်တွင် နည်းပညာကုမ္ပဏီတစ်ခု၌ အရည်အသွေးထိန်းချုပ်မှု မန်နေဂျာအဖြစ် ဝင်ရောက်ခဲ့သော အမျိုးသားဝန်ထမ်းတစ်ဦးနှင့်ပတ်သက်သည့် အမှုဖြစ်သည်။ သူ၏ အဓိကတာဝန်သည် တရားမဝင်မှုနှင့် မူပိုင်ခွင့်ချိုးဖောက်သော အကြောင်းအရာများကို စိစစ်ရန်အတွက် AI က ထုတ်လုပ်သော ရလဒ်များကို စစ်ဆေးရန်ဖြစ်ပြီး လစာယွမ် ၂၅,၀၀၀(ဘတ် ၁၂၅,၀၀၀) ခန့် ရရှိသည်။       သို့သော် ကုမ္ပဏီသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071