Sunday, February 16, 2025

အမေရိကသာ မကူညီပါကယူကရိန်းမှာ‌ေ-သဘွယ်ရာသာရှိ–ဇလန်းစကီး

ဖေဖော်ဝါရီ၊ ၁၅ ယူကရိန်းသည် အဓိက မဟာမိတ် အမေရိက ၏ ပံ့ပိုးကူညီမှုကို ဆုံးရှုံးသွားလျှင် ရုရှား၏ စစ်ပွဲကို ရင်ဆိုင်ရာ၌ အသက်ရှင်ကျန်ရစ်ရန် မဖြစ်နိုင်ကြောင်း...

ဗြိတိန်ဝန်ကြီးချုပ်နှင့်မကြာခင် တွေ့မည်–ထရမ့်ပ်

ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာကို အမေရိကသို့ လာရန် သူ ဖိတ်ခေါ်ခဲ့ပြီးနောက် သူတို့နှစ်ဦးသည် သိပ်မကြာခင်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

AFC U20 အာရှဖလားပြိုင်ပွဲတွင် ဂျပန်က...

ရှန်ကျန်း၊ ဖေဖော်ဝါရီ ၁၄ အာရှဘောလုံးအင်အားကြီး ဂျပန်အသင်းက ထိုင်းကို ၃-၀ နဲ့ အနိုင်ယူပြီး AFC အသက် 20 အောက် အာရှဖလား...

ထရမ့်ပ်နှင့် မတ်စ်က အစိုးရဝန်ထမ်း ၁၀,၀၀၀...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် သူ၏ အကြံပေး အီလွန်မတ်စ်တို့၏ အမေရိကန်ဗျူရိုကရေစီစနစ်၏‌ ဖေါင်းပွမှုကို သိသိသာသာ ဖြတ်တောက်လျှော့ချခြင်း စီမံချက်အရ သောကြာနေ့တွင် ပြည်ထောင်စုမြေယာ စီမံခန့်ခွဲခြင်းမှသည်...
HomeNewsLocal NewsSME ချေးငွေများပြန်လည်ပေးဆပ်ချိန်တွင် အပြည့်အဝရရှိရန်လိုအပ်

SME ချေးငွေများပြန်လည်ပေးဆပ်ချိန်တွင် အပြည့်အဝရရှိရန်လိုအပ်

SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ထုတ်ချေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ချိန်တွင် အပြည့်အဝရရှိရန်လိုအပ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ပြောသည်။

SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းအဆင့် – ၁ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်သော PFI ဘဏ် (၆)ဘဏ်မှတစ်ဆင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ SME လုပ်ငန်းရှင် (၆၆၃) ဦးသို့ ချေးငွေကျပ် (၁၅၇ ဒသမ ၂၄၃) ဘီလီယံထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စီမံကိန်း အဆင့်-၂ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်သော PFI ဘဏ် (၁၁) ဘဏ်မှတစ်ဆင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ SME လုပ်ငန်းရှင် (၁၉၃၆) ဦးသို့ ချေးငွေကျပ် (၃၈၇ ဒသမ ၅၄၃) ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုး တိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သောငွေကြေးထောက်ပံ့မှုများကို ကူညီပံ့ပိုးပေးနိုင်ရန် SME နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့် – ၁ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့် – ၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်မှ ချမှတ်ထားသည့်မူဝါဒများနှင့် ညီညွတ်အကျုံးဝင်သည့် SME လုပ်ငန်းများထံသို့ အတိုးနှုန်းသက်သာသည့် SME နှစ်ဆင့်ချေးငွေများ ရောက်ရှိစေရေးနှင့် ထိရောက်စွာသုံးစွဲနိုင်ရေးအတွက် ဆွေးနွေးပေးစေလိုကြောင်း၊ ယခုစီမံကိန်းသည် အောင်မြင်သည့် စီမံကိန်းတစ်ခု ဖြစ်သည့်အပြင် SME လုပ်ငန်းများ အတွက်လည်း များစွာအကျိုး ကျေးဇူးဖြစ်ထွန်းကြောင်း၊ နိုင်ငံတော်မှ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်နေချိန် ရည်ရွယ်ချက်နှင့်ကိုက်ညီသည့် စီမံကိန်းတစ်ခုလည်းဖြစ်ကြောင်း သိရသည်။

ချေးငွေများကို ပြန်လည်ပေးဆပ်သည့်အချိန်တွင် အပြည့်အဝ ပြန်လည်ရရှိရန် လိုအပ်ကြောင်း၊ ချေးငွေအသစ်များကို ထုတ်ချေးရာတွင်လည်း သတ်မှတ်ထားသည့် စည်းမျ ဉ်း/ စည်ကမ်းများ၊ မူဝါဒများနှင့်ကိုက်ညီစေရန် စနစ်တကျ စိစစ်ထုတ်ချေးရန်လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

SME နှစ်ဆင့်ချေးငွေ စည်းမျဉ်း/စည်းကမ်းများ၊ နိုင်ငံတော်မှ ချမှတ်ထားသည့် ဦးစားပေးကဏ္ဍများ၊ ကိုက်ညီသည့် SME လုပ်ငန်းများသို့ တိုးမြှင့်ထုတ်ချေး နိုင်ရေးနှင့် ပိုမိုထိရောက်စွာ သုံးစွဲနိုင်ရေးတို့နှင့် စပ်လျဉ်း၍ တက်ရောက်လာကြသူများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကသာ မကူညီပါကယူကရိန်းမှာ‌ေ-သဘွယ်ရာသာရှိ–ဇလန်းစကီး

ဖေဖော်ဝါရီ၊ ၁၅ ယူကရိန်းသည် အဓိက မဟာမိတ် အမေရိက ၏ ပံ့ပိုးကူညီမှုကို ဆုံးရှုံးသွားလျှင် ရုရှား၏ စစ်ပွဲကို ရင်ဆိုင်ရာ၌ အသက်ရှင်ကျန်ရစ်ရန် မဖြစ်နိုင်ကြောင်း သမ္မတ ဗိုလာဒီမာ ဇလန်းစကီး က ယခုသီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဇလန်းစကီး နှင့် ရုရှားသမ္မတ ဗလာဒီမီရ် ပူတင် တို့ထံ ဖုန်းခေါ်ဆိုပြီးနောက် သောကြာနေ့တွင် ပြောကြားခဲ့သည်။ “ဖြစ်နိုင်တယ်၊ဒါမဲ့ အရမ်းခက်လိမ့်မယ်။ သေချာပါတယ်၊ ခက်ခဲတဲ့အခြေအနေတိုင်းမှာ တစ်စုံတစ်ခုအတွက် အခွင့်အရေးရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အခွင့်အလမ်းနည်းပါတယ် -...

ဗြိတိန်ဝန်ကြီးချုပ်နှင့်မကြာခင် တွေ့မည်–ထရမ့်ပ်

ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာကို အမေရိကသို့ လာရန် သူ ဖိတ်ခေါ်ခဲ့ပြီးနောက် သူတို့နှစ်ဦးသည် သိပ်မကြာခင်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အတည်ပြု ပြောကြားခဲ့သည်။ အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းတွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ် ဆာ ကီယာနှင့် ဖုန်းပြောဆိုမှုအကြောင်းအရာကို မစ္စထရမ့်ပ်က ပြောဆိုခဲ့သည်။ “သူက တွေ့ဆုံဆွေးနွေးကြဖို့ ကမ်းလှမ်းတယ်၊ တွေ့ဆုံကြဖို့ ငါသဘောတူလိုက်ပါတယ်” ဟု အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားခဲ့သည်။ “ငါတို့ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးသွားကြမယ်၊ အရမ်းအဆင်ပြေပါတယ်” ဟု သူက ဆိုသည်။ တွေ့ဆုံမည်ရက်ကို မသိရသေးသော်လည်း...

AFC U20 အာရှဖလားပြိုင်ပွဲတွင် ဂျပန်က ထိုင်းကိုအနိုင်ယူ၊ တောင်ကိုရီးယားကလည်း ဆီးရီးယားကို အနိုင်ရ

ရှန်ကျန်း၊ ဖေဖော်ဝါရီ ၁၄ အာရှဘောလုံးအင်အားကြီး ဂျပန်အသင်းက ထိုင်းကို ၃-၀ နဲ့ အနိုင်ယူပြီး AFC အသက် 20 အောက် အာရှဖလား အုပ်စု ဃ မှာ တောင်ကိုရီးယားက ဆီးရီးယားကို ၂-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဟီဆာတစုဂု အီရှီ က ၁၄ မိနစ်မှာ ဂျပန်အတွက် ပထမဂိုးကိုသွင်းယူပြီး၊ ရီယွန်း အစ်ချီဟာရာ သည် ၃၃ မိနစ်တွင် ပင်နယ်တီ မှ တစ်ဆင့် ဒုတိယ ဂိုးကို သွင်း ခဲ့သည်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071