Home News Local News Sky Villa ကွန်ဒိုတည်ဆောက်ရေးကုမ္ပဏီပိုင်ရှင် ထောင် ၅ နှစ်ချမှတ်

Sky Villa ကွန်ဒိုတည်ဆောက်ရေးကုမ္ပဏီပိုင်ရှင် ထောင် ၅ နှစ်ချမှတ်

0
120

မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသည့် NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား အောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ဖြင့် ထောင်ဒ-ဏ် ၅ နှစ် ချမှတ်လိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။

Sky Villa ကွန်ဒိုကို NTL ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်အတွင်း ကွန်ဒိုအဆောက်အအုံပြိုကျခဲ့ရာ လူ‌ေ-သဆုံးမှုအများဆုံးဖြစ်ပွားခဲ့သည့် နေရာတစ်ခုဖြစ်ခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ကုမ္ပဏီပိုင်ရှင်ကို တရားစွဲဆိုထားခဲ့ပြီး ၂၀၂၅ ခုနှစ် ဇွန်လ ၂၃ ရက်တွင် အောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) အရ ထောင်ဒ-ဏ် ၅ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

“သူ့ကို ထောင်ငါးနှစ်ချမှတ်လိုက်တာဟုတ်တယ်။ ဒါပေမယ့် ငါးနှစ်ဆိုတာအလွန်နည်းပါတယ်။ ဟိုလှည့်သည်လှည့်နဲ့အချိန်ကုန်သွားမှာ။ သူတို့ဘက်က တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူး။ ‌ေ-သဆုံးသွားတဲ့သူတွေရဲ့ အသက်က အစားထိုးလို့မရဘူး။ ပေးတဲ့လျော်ကြေးနဲ့လည်း ဘာမှပြန်မရနိုင်ဘူး။ အခုချိန်ထိ ဖြစ်ခဲ့တာတွေကို မမေ့နိုင်သေးဘူး” ဟု ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးက ပြောသည်။

မန္တလေးငလျင်ကြီးလှုပ်ခတ်စဉ် Sky Villa ကွန်ဒိုပြိုကျမှုကြောင့် လူ ၂၀၀ ကျော် ‌ေ-သဆုံးခဲ့ပြီး မန္တလေးမြို့ လမ်း ၆၀၊ ၂၃ လမ်းနှင့် ၂၄ လမ်းကြားရှိ အဆိုပါအဆောက်အအုံမှ ရုပ်အလေ-ာင်း ၂၀၇ လေ-ာင်းကို ရှာဖွေတွေ့ရှိခဲ့ကာ အသက်ရှင်လျက် ကယ်တင်နိုင်သူ ၅၂ ဦးရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ကုမ္ပဏီဘက်မှ ‌ေ-သဆုံးသူတစ်ဦးလျှင် ထောက်ပံ့ကြေးအဖြစ် ကျပ်သိန်း ၁၀၀ စီ ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here