နေပြည်တော်၊ ဩဂုတ် ၁
မန္တလေးမြို့ရှိ Sky Villa Condo ငလျင်ဒဏ်ကြောင့် ပြိုကျပျ-က်စီးပြီး လူေ-သဆုံးမှုများ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောက်လုပ်ရေးကုမ္ပဏီ ၃ ခုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို အမည်မည်းစာရင်း (Blacklist) သွင်းလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ကြေညာထားသည်။
အဆိုပါကုမ္ပဏီ၃ ခုနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများကို ၂၀၂၆ ခုနှစ် ဇွန် ၁၉ ရက်မှ စတင်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာနက အမည်မည်းစာရင်း ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အကြောင်းကြားချက်အရ အများပြည်သူ သိရှိနိုင်ရန် DICA က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အမည်မည်းစာရင်း ထည့်သွင်းခံရသည့် ကုမ္ပဏီများမှာ NTL Construction, Depawaddy Construction နှင့် CES Constructure Engineering Services တို့ ဖြစ်ကြသည်။
DICA အနေဖြင့် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များအပြင် သက်ဆိုင်ရာ အစိုးရဌာနများ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေများကိုလည်း လိုက်နာရန် လိုအပ်ကြောင်း ထပ်မံ အသိပေးထားသည်။ ထို့ပြင် စည်းမျဉ်းစည်းကမ်း လိုက်နာမှုမရှိကြောင်း သက်ဆိုင်ရာဌာနများက အကြောင်းကြားလာပါက မှတ်ပုံတင်အရာရှိက DICA ဝက်ဘ်ဆိုက်မှတစ်ဆင့် အများပြည်သူသိရှိရန် ဆက်လက် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
