Robot Camp Myanmar 2026 နှင့် World Robot Contest (WRC 2026) စက်ရုပ်ပြိုင်ပွဲကို မေလ ၃၀ ရက်နှင့် ၃၁ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ Rose Garden Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် အသက် ၇ နှစ်မှ ၁၆ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရန်ကုန်မြို့ရှိ အစိုးရကျောင်းများ၊ နိုင်ငံတကာကျောင်းများအပြင် တောင်ကြီး၊ မော်လမြိုင်နှင့် ဘားအံမြို့များမှလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲသို့ စုစုပေါင်း လူဦးရေ ၂၀၀ ကျော် ပါဝင်ခဲ့ပြီး စက်ရုပ်နည်းပညာ၊ Programming နှင့် Innovation ဆိုင်ရာ စွမ်းရည်များကို ယှဉ်ပြိုင်ပြသခဲ့ကြသည်။
Robo Camp Myanmar နှင့် WRC စက်ရုပ်ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် နှစ်စဉ် မေလကုန်ပိုင်း သို့မဟုတ် ဇွန်လအစပိုင်းတွင် ကျင်းပလေ့ရှိပြီး ယခုနှစ်သည် တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဆုအနေဖြင့် Level တစ်ခုလျှင် ချန်ပီယံဆု တစ်ဆု၊ 1 Runner up၊ 2 Runner up ဆုများကိုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
