Saturday, June 6, 2026

ပုဂံရှေးဟောင်းဘုရား များနှင့်ပတ်သက်၍ ရှင်းလင်းချက်ဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ...

ပုဂံဒေသရှိ  ရှေးဟောင်းဘုရား များနှင့်ပတ်သက်၍ ပြည်သူများနှင့် ပြည်ပခရီးသွားများ လေ့လာနိုင်ရန် ရှင်းလင်းချက်ဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ ဖြည့်စွက်ပြုပြင်ထားရန် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM)အကြီးအကဲ နှင့် လူကယ်ပြန်...

လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organi-zation for...

ပူတာအိုမြို့အတွက် ထောက်ပံ့ပစ္စည်းများကို မြစ်ကြီးနားမြို့မှတစ်ဆင့် တပ်မတော်လေယာဥ်ဖြင့်ပို့ဆောင်

ကချင်ပြည်နယ်၊ ပူတာအိုမြို့အတွက် နိုင်ငံတော်အစိုး ရမှထောက်ပံ့ပေးသည့် ထောက်ပံ့ပစ္စည်းများကို ဇွန် ၅ ရက်က မြစ်ကြီးနားမြို့မှတစ်ဆင့် တပ်မတော်လေယာဥ်များဖြင့်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဌာနဆိုင်ရာလုပ်ငန်းသုံးပစ္စည်းများ၊ ကျောင်းသုံးစာ အုပ်များ၊...

ပြည်သူဗဟိုပြု ဘင်းမ်စတက်အသိုက်အဝန်း တည်ဆောက်ရန် နိုင်ငံတော်သမ္မတ...

ဘင်းမ်စတက် (BIMSTEC) ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် တည်ထောင်ခြင်း (၂၉) နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လက်ရှိမျိုးဆက်နှင့်...
HomeNewsLocal NewsPEP နို့ခဲနှင့်ပတ်သက်ပြီး PEP...

PEP နို့ခဲနှင့်ပတ်သက်ပြီး PEP Myanmar က စားသုံးသူ ပြည်သူများကို  တောင်းပန်

FDA နှင့် ထပ်မံစစ်ဆေးမှုများလုပ်ဆောင်မည်

လူမှုကွန်ရက်မီဒီယာတွင်  စားသုံးသူတစ်ဦးမှ တင်ခဲ့သော PEP နို့ခဲနှင့် ပတ်သက်သည့် Complaint တစ်ခုကို စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် စားသုံးသူမှတင်ထားသည့် ဗီဒီယို၊ ဓာတ်ပုံအရ  နို့ခဲအတွင်း ပါလာသော ထိုပစ္စည်းသည် ထုပ်ပိုးမှုစက်ပစ္စည်းတွင်အသုံးပြုသည့် သန့်ရှင်းရေးကိရိယာမှ metal ချောင်းတစ်ခုဖြစ်သည်ဟု သံသယရှိကြောင်း PEP Myanmar က ယမန်နေ့က ထုတ်ပြန်ထားသည်။

စားသုံးသူအများပြည်သူများကို စိတ်ပူပန်စေခဲ့မှု၊ စိတ်အနှောင့်အယှက်ဖြစ်စေခဲ့မှုအပေါ်  PEP ဝန်ထမ်းမိသားစုမှ အထူးဝမ်းနည်းစွာ တောင်းပန်ကြောင်းလည်း ဖော်ပြထားသည်။

ဤဖြစ်ရပ်အပေါ် တာဝန်ယူလက်ခံပြီး  စစ်ဆေးရေးလုပ်ငန်းစဥ်များကို ပိုမိုတိုးမြှင့်ကာ ပြင်ဆင်ချက်များ ချမှတ်ထား၍ စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

FDA ကိုလည်း မိမိတို့ကိုယ်တိုင် ယနေ့ပင် အကြောင်းကြားပြီး မိမိတို့၏ ထုတ်လုပ်မှုကျင့်စဥ်အား ထပ်မံအစစ်ဆေးခံမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

PEP Myanmar သည် FDA, HACCP နှင့် ISO စံနှုန်းများအရ အရည်အသွေးနှင့် ထုတ်လုပ်မှုစံချိန်စံညွှန်းများအတိုင်း တင်းကြပ်စွာ လိုက်နာကျင့်သုံးသွားမည့်အပြင် ယခုကိစ္စအားဖြစ်လေ့ဖြစ်ထရှိသည်ဟု မမှတ်ယူဘဲ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ဖြင့် ကြိုးစားလုပ်ဆောင်မည်ဖြစ်ကြောင်း စားသုံးသူများအား ကတိကဝတ်ပြုထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုဂံရှေးဟောင်းဘုရား များနှင့်ပတ်သက်၍ ရှင်းလင်းချက်ဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ ဖြည့်စွက်ပြုပြင်ထားရန် ပြည်ထောင်စုဝန်ကြီးပြော

ပုဂံဒေသရှိ  ရှေးဟောင်းဘုရား များနှင့်ပတ်သက်၍ ပြည်သူများနှင့် ပြည်ပခရီးသွားများ လေ့လာနိုင်ရန် ရှင်းလင်းချက်ဘုတ်များ၊ လမ်းညွှန်ဆိုင်းဘုတ်များ ဖြည့်စွက်ပြုပြင်ထားရန် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ကပြောသည်။ ယမန်နေ့ က  ပုဂံမြို့ရှိ ရွှေစည်းခုံစေတီတော်ကို ဖူးမြော်ကြည်ညိုပြီး ရွှေစည်းခုံစေတီတော် တောင်ဘက်စောင်းတန်း (မေတ္တာစောင်းတန်း)၊ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် ဘုရင့်နောင်မင်းတရားကြီး လှူဒါန်းထားသည့် ခေါင်းလောင်းနှင့် ကျန်စစ်သားမင်း အတ္ထုပ္ပတ္တိ မွန်ကျောက်စာများကို သွားရောက်ကြည့်ရူစဉ် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ပြုပြင်ထိန်းသိမ်းမှုများကို ရှေးမူမပျက်ဆောင်ရွက်ရန်၊ ကျန်စစ်သားမင်းအတ္ထုပ္ပတ္တိ မွန်ကျောက်စာကို မြန်မာဘာသာဖြင့် အနက်အဓိပ္ပာယ်ပြန်ဆိုမှုများကိုပါ ပြသသွားရန်...

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM)အကြီးအကဲ နှင့် လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး တို့တွေ့ဆုံ

လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organi-zation for Migration – IOM) ရုံးအကြီးအကဲဖြစ်သူ Mr. Daihei Mochizuki ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့‌က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ ဝန်ကြီးဌာနနှင့် IOM တို့အကြား လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် IOM နှင့် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုပြင်...

ပူတာအိုမြို့အတွက် ထောက်ပံ့ပစ္စည်းများကို မြစ်ကြီးနားမြို့မှတစ်ဆင့် တပ်မတော်လေယာဥ်ဖြင့်ပို့ဆောင်

ကချင်ပြည်နယ်၊ ပူတာအိုမြို့အတွက် နိုင်ငံတော်အစိုး ရမှထောက်ပံ့ပေးသည့် ထောက်ပံ့ပစ္စည်းများကို ဇွန် ၅ ရက်က မြစ်ကြီးနားမြို့မှတစ်ဆင့် တပ်မတော်လေယာဥ်များဖြင့်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဌာနဆိုင်ရာလုပ်ငန်းသုံးပစ္စည်းများ၊ ကျောင်းသုံးစာ အုပ်များ၊ ပညာသင်ထောက်ပံ့ပစ္စည်းများနှင့် ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဆေးနှင့် ဆေးဝါးပစ္စည်းများအား တပ်မတော်လေယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ပစ္စည်းများအား ပူတာအိုမြို့သို့ မြစ်ကြီးနားမြို့မှတစ်ဆင့် တပ်မတော်လေယာဥ်ဖြင့် (၂) ကြိမ်ပို့ဆောင်ပေးပြီးဖြစ်ကာ တာဝန်ရှိသူများကလက် ခံရယူ၍ သက်ဆိုင်ရာဌာနများသို့ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပူတာအိုမြို့ပေါ်နှင့် ကျေးရွာများ၌ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071