အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက မေ ၁ ရက်မှ မေ ၂၂ ရက်အတွင်း အစိုးရ ၏ ရက်(၁၀၀)စီမံကိန်းအဖြစ် OWIC ကတ်နှင့်ပတ် သက်၍ အလုပ်သမား(၉၀၄)ဦးကို အဆင်ပြေစွာဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်ပနိုင်ငံများမှ ခွင့်ပြန်အလုပ်သမားများအနက် OWIC ကတ် လုံးဝလျှောက်ထားရရှိခြင်းမရှိသေးသူ များနှင့် OWIC ကတ်ရှိသော်လည်း ကတ်သက်တမ်း ကုန်ဆုံး၍ သက်တမ်းတိုးလျှောက်ထားလာသူ(၆၂၆) ဦးကို OWIC ကတ်ထုတ်ပေးခြင်းနှင့် ပြည်ပထွက်ခွာခွင့်ပြုခြင်းများကို အထူးဦးစားပေးစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မိမိအစီအစဉ်ဖြင့် ပြည်ပသို့ကျွမ်းကျင်အလုပ် သမားများအဖြစ် ပထမဆုံးအကြိမ်သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ၊ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းတက်ရောက်ခွင့်နှင့် ပြည်ပအလုပ်အကိုင်အ လုပ်သမားသက်သေခံကတ်(OWIC)ပြုလုပ်ခွင့် လျှောက်ထားသူ(၂၂၄)ဦး၊ OWIC ကတ်တွင်ဖော်ပြထားသည့် သွားရောက်လုပ်ကိုင်မည့် နိုင်ငံ၊ အလုပ်ရှင်/ကုမ္ပဏီအချက်အလက်ကွဲလွဲသူ(၅၄)ဦးတို့အား အချက် အလက်များပြင်ဆင်ထည့်သွင်းပြီး OWIC ကတ်ထုတ် ပေးခြင်းနှင့် ပြည်ပထွက်ခွာခွင့်ပြုခြင်းများကို အထူးဦးစားပေးစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်း ကာလအတွင်း ခွင့်ဖြင့်မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိပြီး ပြည်ပထွက်ခွာခွင့်ထပ်မံတင်ပြလာသည့် အလုပ်သမားများကိုလည်း စိစစ်ကာ ရက်သတ္တပတ်အတွင်းခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် OWIC ကတ်ပြုလုပ်ရန်လျှောက်ထားလိုသော အလုပ်သမားများအနေဖြင့် စုံစမ်းမေးမြန်းလိုသည်များကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(ရုံးချုပ်)၊ ဖုန်း ၀၆၇၃၄၃၀၁၈၄ နှင့် ၀၆၇၃၄၃၀၁၈၅ တို့သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ကာ သက်ဆိုင်ရာ OWIC ထုတ်ပေးရေးရုံးတာဝန်ခံများကိုလည်း သွား ရောက်ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာနက OWIC ကတ်ပြုလုပ်ခွင့်လျှောက်ထားလာမှုများကို အချက်အလက်မှန်ကန်ပြည့် စုံပါက လွယ်ကူချောမွေ့စွာဆောင်ရွက်ပေးလျက်ရှိပြီး တရားဝင်သတ်မှတ်ကောက်ခံငွေမှအပ အခြားမည်သည့် အပိုငွေကြေးတစ်စုံတစ်ရာပေးဆောင်ရခြင်းမရှိဘဲပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
