Friday, May 23, 2025

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeCelebrities' NewsOrganization အနေနဲ့Miss Grand...

Organization အနေနဲ့Miss Grand Myanmar 2017 အလှမယ် အေးချမ်းမိုး ဘက်ကရပ်တည်ပြီး အကောင်းဆုံးပံ့ ပိုးပေးသွားမှာပါ ဒေါ်စိုးယုဝေ

Miss Grand Myanmar 2017  သရဖူဆုရှင် အလှမယ် ရွှေအိမ်စည်ကို Miss Universe Myanmar Organization မှ Miss Grand International ပြိုင်ပွဲဆီစေလွှတ်ယှဉ်ပြိုင်စေမယ့် အစီအစဉ်ကို ရုပ်သိမ်း လိုက်ကြောင်း အောက်တို ဘာလ ၁ရက်နေ့မှာ ကြေညာ ချက်ထုတ်ပြန် လိုက်ပါတယ်။ သရဖူရုပ် သိမ်းလိုက်တဲ့ အပေါ် National Director ဖြစ်သူဒေါ်စိုးယုဝေက …

” ဒီကြေညာချက်ကို ကျွန်မတို့ Organization အနေနဲ့လည်း တော်တော် ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချ ခဲ့တာပါ။ ဒါကိုလည်း ဘယ် Organization မှ လုပ်ချင် လိမ့်မယ်လို့မထင်ပါဘူး။ အခြေအနေ အမျိုးမျိုးကြောင့် လုပ်ခဲ့ရတာကြောင့် အားပေးတဲ့ပရိသတ်တွေကို စိတ် ပျက်အောင် လုပ်ခဲ့မိတဲ့အတွက်လည်း တောင်းပန်ပါတယ်။ အထူးသဖြင့် ကတော့ Organization နဲ့ ရှေ့ဆက် လက်တွဲဖို့မဖြစ်နိုင်တော့လို့ပါ။ အလှမယ် အနေနဲ့လည်း Organization အပေါ်ယုံကြည်မှု လျော့နည်းလာတယ်။ ဒါမျိုးကိုတခြား အလှမယ်တွေ အတုယူမှားမှာစိုးတဲ့ အတွက် အကြိမ်ကြိမ်အခါခါစဉ်းစားပြီးမှ ဒီကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ” လို့ ပြောပါတယ်။

အလှမယ် ရွှေအိမ်စည်ကိုယ်စား Miss Universe Myanmar 2013 1st Runner Up ဆုရှင် အ လှမယ်အေးချမ်း မိုးကိုMiss Grand Myanmar 2017  သရဖူလွှဲပြောင်း ပေးအပ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ Miss Grand 2017 ပြိုင် ပွဲကို စေလွှတ် ယှဉ်ပြိုင်စေခဲ့ပါတယ်။ အလှမယ် အေးချမ်းမိုးကို Miss Grand Myanmar အဖြစ် ရွေးချယ် စေလွှတ်ဖြစ်ခဲ့ ပုံကိုတော့ဒေါ်စိုးယုဝေက.. .

“ကျွန်မတို့က ဒီနှစ်မှ Miss Grand ပြိုင်ပွဲ ကိုစပြီး လွှတ်တာပါ။ လွှတ်တဲ့အခါမှာလည်း Miss Universe Myanmar ပြိုင်ပွဲမှာ1st Runner Up ကို Miss Grand Myanmar အဖြစ် ရွေးတယ်။ အခုလိုမျိုးအကြောင်းကြောင်းကြောင့် ရွေးချယ်ထားတဲ့အလှမယ်ကို မလွှတ် ဖြစ်တဲ့အချိန်မှာ ဘယ်သူ့ကို အစားထိုး မလဲလို့စဉ်းစားတဲ့အချိန်မှာ တော် တော်လေးကို စဉ်းစားရခက် တဲ့ မေးခွန်းပါ။ ပြန်စဉ်းစားလိုက် တော့ ၂ဝ၁၃ ခုနှစ်ကနေ 1st Runner Up တွေကို ပြန်ကြည့်လိုက်ပါတယ်။ အဖြစ်သင့်ဆုံးနဲ့ သူကစီနီ ယာအကျဆုံးလည်းဖြစ်တယ်။ အခုအချိန် လွှတ်ရင် လည်းအဆင်သင့်ဖြစ်တယ်။ သူကိုယ်တိုင် ကလည်း တက်တက် ကြွကြွရှိတယ်။ စိတ်အားထက်သန် မှုရှိတယ်။ Organization ရဲ့ လမ်းညွှန်မှုကို လည်း ၁ဝဝရာခိုင်နှုန်း လိုက်နာလိမ့်မယ်လို့လည်း ယုံကြည် တဲ့အတွက်ရွေးချယ်လိုက်တာဖြစ်ပါတယ်။ သူ့အနေနဲ့ လည်းပြိုင်ပွဲကို တစ်ရက်နှစ်ရက်အတွင်းသွားပြိုင်ရ မှာ ဖြစ်တဲ့အတွက် တာဝန်လည်းအရမ်းကြီးပါတယ်။ အခက်အခဲတွေ အများ ကြီးရင်ဆိုင်ရမယ်ဆိုတာလည်းသိပါတယ်။ အဲဒီအတွက် ကျွန်မအနေနဲ့လည်းစိတ်မကောင်းဖြစ်ရပါတယ်။ Organization အနေနဲ့ သူ့ဘက်ကနေ ရပ်တည်ပြီး အတတ်နိုင်ဆုံး ပံ့ပိုးပေးသွားမှာပါ။ သူလည်း အကောင်းဆုံးလုပ်ဆောင်လာနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။

အလှမယ်အေးချမ်းမိုးက နိုင်ငံ တကာအလှမယ်တွေနဲ့ အတူ Camp ဝင်ဖို့အတွက် အောက်တိုဘာ ၅ ရက် နေ့မှာ ဗီယက်နမ်နိုင်ငံကို ထွက်ခွာသွားခဲ့ပြီး Miss Grand International 2017 ဖိုင်နယ်ပြိုင်ပွဲကို အောက်တိုဘာ ၂၅ ရက်နေ့မှာ ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071