Wednesday, April 15, 2026

အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးအပါအဝင်...

အီရန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် သင်္ဘောများကို အမေရိကန်က စတင်ပိတ်ဆို့သည့် ပထမဆုံးနေ့တွင်ပင် အမေရိကန်၏ အရေးယူမှုခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးနှင့် အခြားသင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီးသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့်...

ဟူသီတို့ရန်မှလွတ်ရန် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု အာဖရိကတိုက်ကိုပတ်၍ ခုတ်မောင်းနေရ

အမေရိကန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် အာရပ်ပင်လယ်အတွင်း အင်အားတိုးချဲ့မည်ဆိုသည့် အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတစ်စုသည် ဟူသီတို့၏ တိုက်ခိုက်မှုမှလွတ်ရန် အာဖရိကတိုက်ကို တောင်ပိုင်းမှပတ်၍ ခုတ်မောင်းနေရကြောင်း တနင်္လာနေ့ထုတ်ပြန်ချက်အရ...

GPS မလိုသော သိုရီယမ်နာရီအတွက် တရုတ်ထုတ်...

ဧပြီလ ၁၁ ရက် ရှင်ကျန်း မှ သိပ္ပံပညာရှင်များသည် အနာဂတ်တွင် အသုံးပြုမည့် သိုရီယမ် နျူကလီးယားနာရီ များအတွက် လိုအပ်သည့် ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ပေးနိုင်သော...

ဂျပန်က အရေးပါသော စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်

ဧပြီလ ၁၁ ရက် အမေရိက-ဖိလစ်ပိုင် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုများတွင် ဂျပန်နိုင်ငံ ပါဝင်လာခြင်းသည် “အလွန်အရေးပါသော ကိစ္စရပ်” တစ်ခုဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော်...
HomeNewsLocal NewsOnline အသုံးပြုလိ-မ်လ-ည်မှုများကို မြန်မာ-လာအိုနှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်မည်

Online အသုံးပြုလိ-မ်လ-ည်မှုများကို မြန်မာ-လာအိုနှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်မည်

Online အသုံးပြုလိ-မ်လ-ည်မှုအပါအဝင် ဆိုက်ဘာရာဇဝတ်မှု၊ နယ်စပ်ဖြတ်ကျော်လေ-ာင်းကစားမှု၊ မူးယ-စ်ဆေးဝါးမှုနှင့် လူကု-န်ကူးမှုကဲ့သို့ နိုင်ငံဖြတ်ကျော်မှုခင်းများအား မြန်မာ-လာအိုနှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်သွားမည်ဖြစ်သည်။

ထိုသို့ ပူးပေါင်းတိုက်ဖျက်မှုများပြုလုပ်ရန် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ဇန်နဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိကျင်းပသည့် နစက အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်တက်ရောက်ခဲ့သော မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လာအိုနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့၏ (၉)ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေး၌ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် မြန်မာ-လာအိုနှစ်နိုင်ငံကြား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ တရားခံပြေးများဖမ်းဆီးရေးဆိုင်ရာများတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးရေး၊ နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံးများ(BLOs)ကြားပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဒေသများမှတစ်ဆင့် လူနှင့်ကုန်ပစ္စည်းများ တရားမဝင် ဝင်/ထွက်သွား လာမှုမရှိစေရန် သက်ဆိုင်ရာပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နှစ်ဖက်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား ရာဇဝတ်မှုကျူးလွန်ပြီး ဝရမ်းပြေးများအဖြစ် ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများ၊ အဖွဲ့ဝင်များကို ရှာဖွေဖော်ထုတ်ဖမ်းဆီးလွှဲပြောင်းပေးရေးနှင့် တားဆီးထိန်းချုပ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ နှစ်နိုင်ငံသက်ဆိုင်ရာဝန်ကြီးဌာနနှစ်ခုကြား အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်ဖလှယ်၍ နိုင်ငံဖြတ်ကျော်မှုခင်းများအား တားဆီးနှိမ်နင်းနိုင်ရန် ဆက်သွယ်ဆက်ဆံရေးစနစ်တစ်ရပ်ထားရှိရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ညှိနှိုင်းဆွေးနွေးခဲ့သည့် အချက်များအား ထိရောက်အကျိုးရှိစွာဆက်လက်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အစည်းအဝေးမှတ်တမ်းကို နှစ်နိုင်ငံဝန်ကြီးများက လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။

ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၏ လာအိုနိုင်ငံခရီးစဉ်အတွင်း၌ မြန်မာ-လာအိုနှစ်နိုင်ငံကြား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးတို့ ဆွေးနွေးနိုင်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီး ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွား

အီရန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် သင်္ဘောများကို အမေရိကန်က စတင်ပိတ်ဆို့သည့် ပထမဆုံးနေ့တွင်ပင် အမေရိကန်၏ အရေးယူမှုခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးနှင့် အခြားသင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီးသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ပင်လယ်ကွေ့အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ Rich Starry ဟု အမည်ရသော တရုတ်သင်္ဘောသည် အမေရိကန်၏ ပိတ်ဆို့မှုစတင်ပြီးကတည်းက ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်ကျော်ကာ ပင်လယ်ကွေ့အတွင်းမှ ထွက်ခွာနိုင်ခဲ့သည့် သင်္ဘောဖြစ်ကြောင်း LSEG၊ MarineTraffic နှင့် Kpler တို့၏ အချက်အလက်များတွင် ဖော်ပြထားသည်။ အဆိုပါသင်္ဘောနှင့် ၎င်း၏ပိုင်ရှင်ဖြစ်သော Shanghai Xuanrun Shipping...

ဟူသီတို့ရန်မှလွတ်ရန် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု အာဖရိကတိုက်ကိုပတ်၍ ခုတ်မောင်းနေရ

အမေရိကန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် အာရပ်ပင်လယ်အတွင်း အင်အားတိုးချဲ့မည်ဆိုသည့် အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတစ်စုသည် ဟူသီတို့၏ တိုက်ခိုက်မှုမှလွတ်ရန် အာဖရိကတိုက်ကို တောင်ပိုင်းမှပတ်၍ ခုတ်မောင်းနေရကြောင်း တနင်္လာနေ့ထုတ်ပြန်ချက်အရ သိရသည်။ လေယာဉ်တင်သင်္ဘော USS George H.W. Bush နှင့် ၎င်း၏ အရန်စစ်သင်္ဘောများဖြစ်ကြသော USS Donald Cook (DDG-75)၊ USS Mason (DDG-87) နှင့် USS Ross (DDG-71) တို့ ပါဝင်သော စစ်သင်္ဘောအုပ်စုသည် မြေထဲပင်လယ်လမ်းကြောင်းကို ရှောင်ရှား၍ အာဖရိကတိုက်ကို တစ်ပတ်ပတ်ကာ...

GPS မလိုသော သိုရီယမ်နာရီအတွက် တရုတ်ထုတ် ‘ခရစ်စတယ်’ က လမ်းသစ်စထွင်

ဧပြီလ ၁၁ ရက် ရှင်ကျန်း မှ သိပ္ပံပညာရှင်များသည် အနာဂတ်တွင် အသုံးပြုမည့် သိုရီယမ် နျူကလီးယားနာရီ များအတွက် လိုအပ်သည့် ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ပေးနိုင်သော ကမ္ဘာ့ပထမဆုံး ခရစ်စတယ်ကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါနည်းပညာသည် နောင်တစ်ချိန်တွင် ရေငုပ်သင်္ဘောများနှင့် အာကာသအနက်ပိုင်း စူးစမ်းရှာဖွေရေးယာဉ်များကို GPS မပါဘဲ လမ်းညွှန်ပေးနိုင်မည် ဖြစ်သည်။ ဖလိုရင်းပါဝင်သော ဘိုရိတ်ဒြပ်ပေါင်းသည် လေဆာရောင်ခြည်၏ လှိုင်းအလျားကို စံချိန်တင်အဆင့်ဖြစ်သော ၁၄၅.၂ နာနိုမီတာ အထိ ရောက်ရှိစေနိုင်ကြောင်း ဇန်နဝါရီလထုတ် Advanced Materials ဂျာနယ်တွင် အဖွဲ့က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071