Wednesday, September 16, 2026

လူကြိုက်များသည့် ချယ်ရီပန်းပုံ YPS Card...

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရန်ကုန်မြို့တွင်း YBS ယာဉ်များ စီးနင်းရာတွင် ယာဉ်စီးခ ပေးချေနိုင်သည့် YPS Card များအနက် လူကြိုက်များလှသည့် ချယ်ရီပန်းပုံ...

အမေရိကန်နှင့် အခွန်နှုန်းထားဆိုင်ရာ သဘောတူညီချက်ရပြီးနောက် ဘင်္ဂလားဒေ့ရှ်၏...

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အမေရိကန်ဈေးကွက်သို့ အထည်ချုပ်ပစ္စည်းတင်ပို့မှုသည် ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၈၀၆.၄၆ သန်းအထိ ရောက်ရှိခဲ့ပြီး ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ၂၅.၆၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း...

ပြည်ပပို့ကုန်အတွက် အကောင်အထည်ဖော်နေသည့် ဆန်စပါးဇုန်များကို ဂြိုဟ်တုဖြင့်...

ရန်ကုန်၊ စက်တင်ဘာ ၁၆ ပြည်ပပို့ကုန်အတွက် အကောင်အထည်ဖော်နေသည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone – REZ) စီမံကိန်းများ၏ စိုက်ပျိုးမှုနှင့် ရိတ်သိမ်းမှုအခြေအနေများကို...

အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား လေးဦးကို...

မြဝတီ၊ စက်တင်ဘာ ၁၆ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုများတွင် ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား လေးဦးကို စက်တင်ဘာ ၁၅...
HomeNewsLocal NewsNSPNC နှင့် RCSS...

NSPNC နှင့် RCSS တွေ့ဆုံ၊ ပဋိပက္ခကြောင့် ရွှေ့ပြောင်းခဲ့ရသည့် ပြည်သူများ နေရပ်ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာ ၁၆

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ တွေ့ဆုံ၍ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ပဋိပက္ခကြောင့် ရွှေ့ပြောင်းနေထိုင်ခဲ့ရသည့် ပြည်သူများ နေရပ်ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအပါအဝင် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ Horizon Lake View ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးသည် အဓိကလိုအပ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ကြိုတင်ကန့်သတ်ချက်များမထားဘဲ တစ်ပြေးညီဖိတ်ခေါ်၍ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားသည်။

ထို့ပြင် ဆွေးနွေးညှိနှိုင်းမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခင်သဘောတူညီထားသည့် အချက်များကို လိုက်နာအကောင်အထည်ဖော်ကာ ရှေ့ဆက်ဆောင်ရွက်မည့် နည်းလမ်းများကို ဆွေးနွေးရန်လိုကြောင်း၊ နှစ်ဖက်အပြန်အလှန် ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် ယုံကြည်မှုတည်ဆောက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ဖော်ဆောင်ရန်လိုကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားခဲ့သည်။

RCSS အတွင်းရေးမှူး (၁) စဝ်စိုင်းငင်းကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ယုံကြည်မှုတည်ဆောက်ရေးသည် အလွန်အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နေစဉ် ပဋိပက္ခကြောင့် ရွှေ့ပြောင်းခဲ့ရသည့် ပြည်သူများ နေရပ်ပြန်လာနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအစီအမံများ ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။

ထို့အတူ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနေကြောင်းနှင့် မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဆက်လက်၍ နှစ်ဖက်တာဝန်ရှိသူများက ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ RCSS အဖွဲ့အစည်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ ပဋိပက္ခကြောင့် ရွှေ့ပြောင်းခဲ့ရသည့် ပြည်သူများ နေရပ်ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ ဒေသခံပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားနှင့် ဒေသဖွံ့ဖြိုးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဒေသတည်ငြိမ်အေးချမ်းရေး၊ နှစ်ဖက်အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ရေး၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ရေး၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များနှင့် မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးတို့တွင် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူကြိုက်များသည့် ချယ်ရီပန်းပုံ YPS Card များ အရောင်းကောင်တာများတွင် ပြန်လည်ဝယ်ယူနိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရန်ကုန်မြို့တွင်း YBS ယာဉ်များ စီးနင်းရာတွင် ယာဉ်စီးခ ပေးချေနိုင်သည့် YPS Card များအနက် လူကြိုက်များလှသည့် ချယ်ရီပန်းပုံ ရို-က်နှိပ်ထုတ်လုပ်ထားသော YPS Card များကို အရောင်းကောင်တာများတွင် ပြန်လည်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ချယ်ရီပန်းပုံ YPS Card များသည် အသုံးပြုရ လွယ်ကူသည့်အပြင် ဒီဇိုင်းလှပဆန်းသစ်သောကြောင့် ကိုယ်တိုင်အသုံးပြုရန်အတွက်သာမက လက်ဆောင်အဖြစ် ပေးအပ်ရန်အတွက်ပါ အထူးအသုံးဝင်သည့် Card အမျိုးအစား ဖြစ်သည်။ လက်ရှိတွင် YPS Card များကို ဆူလေ၊ သခင်မြပန်းခြံ၊...

အမေရိကန်နှင့် အခွန်နှုန်းထားဆိုင်ရာ သဘောတူညီချက်ရပြီးနောက် ဘင်္ဂလားဒေ့ရှ်၏ အထည်ချုပ်တင်ပို့မှု ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အမေရိကန်ဈေးကွက်သို့ အထည်ချုပ်ပစ္စည်းတင်ပို့မှုသည် ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၈၀၆.၄၆ သန်းအထိ ရောက်ရှိခဲ့ပြီး ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ၂၅.၆၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ပို့ကုန်မြှင့်တင်ရေးဗျူရို (EPB) ၏ အချက်အလက်များအရ သိရသည်။ အမေရိကန်ဈေးကွက်သို့ တင်ပို့ရာတွင် အခွန်နှုန်းထားဆိုင်ရာ သဘောတူညီချက်ရရှိပြီးနောက် အထည်ချုပ်တင်ပို့မှုများ ပြန်လည်အားကောင်းလာခြင်းဖြစ်ကြောင်း သိရသည်။ ဇူလိုင်နှင့် ဩဂုတ် နှစ်လအတွင်း အမေရိကန်သို့ အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၁.၆၁ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလက ရရှိခဲ့သည့် ဒေါ်လာ ၁.၄၄ ဘီလီယံနှင့်...

ပြည်ပပို့ကုန်အတွက် အကောင်အထည်ဖော်နေသည့် ဆန်စပါးဇုန်များကို ဂြိုဟ်တုဖြင့် စောင့်ကြည့်စိစစ်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၆ ပြည်ပပို့ကုန်အတွက် အကောင်အထည်ဖော်နေသည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone – REZ) စီမံကိန်းများ၏ စိုက်ပျိုးမှုနှင့် ရိတ်သိမ်းမှုအခြေအနေများကို ဂြိုဟ်တုနည်းပညာအသုံးပြု၍ စောင့်ကြည့်စိစစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ သိရသည်။ အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ စက်တင်ဘာ ၁၂ ရက်က ကုန်သည်/စက်မှုအသင်းချုပ်၌ ပြုလုပ်သည့် REZ စီမံကိန်းမှ တောင်သူလယ်သမားခေါင်းဆောင်များ၊ ကုမ္ပဏီများ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် MRF တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတွင် Satellite-Based Monitoring Service for Rice Export Zone...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071