Monday, September 21, 2026

မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ပေးသည့် CEIR...

ရန်ကုန်၊ စက်တင်ဘာ ၂၁ မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် CEIR OSS (YGN) ရုံးကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းနှင့်...

ဂျပန်-အာဆီယံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် သဘောတူ

မနီလာ၊ စက်တင်ဘာ ၂၁ ဂျပန်နိုင်ငံနှင့် အာဆီယံတို့သည် ကုန်စည်ထောက်ပံ့ရေးကွင်းဆက် ခိုင်မာရေးနှင့် AI နည်းပညာ၏ အခန်းကဏ္ဍ မြင့်တက်လာမှုတို့ကို ထည့်သွင်းစဉ်းစားကာ နှစ်ဖက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို...

မြန်မာနိုင်ငံတွင် 5G စနစ်များ မကြာမီ...

ရန်ကုန်၊ စက်တင်ဘာ ၂၁ မြန်မာနိုင်ငံတွင် 5G စနစ်များကို မကြာမီကာလအတွင်း စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးသည် စက်တင်ဘာ...

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကြီးတွင် ကျောက်တုံးကြီးလိမ့်ကျပြီး သတ္တုတွင်းဦးစီးဌာနရုံး...

တောင်ကြီး၊ စက်တင်ဘာ ၂၁ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကမ်းပါးမှ ကျောက်တုံးကြီးတစ်တုံး လိမ့်ကျလာပြီး သတ္တုတွင်းဦးစီးဌာနရုံးကို ဝင်ရောက်တို-က်မိရာ ရုံးအဆောက်အအုံနှင့် ရုံးသုံးပစ္စည်းများ ပျ-က်စီးခဲ့ကြောင်း...
HomeNewsLocal NewsNSPNC နှင့် နိုင်ငံရေးပါတီများဆက်လက်ပူး...

NSPNC နှင့် နိုင်ငံရေးပါတီများဆက်လက်ပူး ပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကိုဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် နိုင်ငံရေးပါတီများဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို NSPNC နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဒု-ဗိုလ် ချုပ်ကြီးထွန်းထွန်းနောင်က ဖွဲ့စည်းပုံအခြေခံဥ ပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသည့် ပြဋ္ဌာန်းချက်များအပေါ် နိုင်ငံရေးပါတီများနှင့် ဆွေးနွေးညှိနှိုင်းခဲ့မှု၊ နိုင်ငံ ရေးပါတီများ၏ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ အကြံပြုချက်များအပေါ် လိုအပ်သလို အရေးယူဆောင်ရွက်ပေးခဲ့မှုတို့အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြည်သူ လူထုကြားပျံ့နှံ့ရောက်ရှိစေပြီး တည်ငြိမ်အေးချမ်းမှုရရှိရန် ဆောင်ရွက်နိုင်ရေး၊ NCA ကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်ဦးကိုကိုကြီးက နှုတ်ခွန်းဆက်စကားပြောကြားပြီး NSPNC အတွင်းရေးမှူး ဒု- ဗိုလ်ချုပ်ကြီးမင်းနိုင်မှ ဆွေးနွေးပွဲကျင်းပရသည့်ရည်ရွယ်ချက်နှင့် ဆွေးနွေးပွဲအစီအစဉ်များ၊ လက်ရှိနိုင်ငံရေးအခြေအနေ၊ နိုင်ငံရေးပါတီများ ၏ အခန်းကဏ္ဍအရေးပါမှုနှင့် NSPNC နှင့် နိုင်ငံ ရေးပါတီများဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့က ဆွေးနွေးလိုသည့်အချက်များကို အဆိုပြုတင်ပြပြီး NSPNC အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း)က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ဖြည့်စွက်သင့်သည့်အချက်များနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ သဘောထားစုစည်းရရှိချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ဖြည့်စွက်မည့် နှစ်ဖက်ထပ်မံအဆိုပြုချက်များကို အပြန်အလှန်ဆွေးနွေးညှိနှိုင်း၍ သ ဘောထားများရယူခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ပေးသည့် CEIR OSS (YGN) ရုံး နေရာပြောင်းရွှေ့ဖွင့်လှစ်

ရန်ကုန်၊ စက်တင်ဘာ ၂၁ မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် CEIR OSS (YGN) ရုံးကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန E-Service ရုံးသို့ ယနေ့ စက်တင်ဘာ ၂၁ ရက်မှစတင်၍ နေရာပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း သိရသည်။ ယခင်က အကောက်ခွန်ဦးစီးဌာန (ရုံးချုပ်) တွင် ဖွင့်လှစ်ထားသည့် CEIR OSS (YGN) ရုံးကို အမှတ် (၅၉/၆၁)၊ မြေညီထပ်၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ E-Service ရုံးသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ CEIR...

ဂျပန်-အာဆီယံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် သဘောတူ

မနီလာ၊ စက်တင်ဘာ ၂၁ ဂျပန်နိုင်ငံနှင့် အာဆီယံတို့သည် ကုန်စည်ထောက်ပံ့ရေးကွင်းဆက် ခိုင်မာရေးနှင့် AI နည်းပညာ၏ အခန်းကဏ္ဍ မြင့်တက်လာမှုတို့ကို ထည့်သွင်းစဉ်းစားကာ နှစ်ဖက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို ပိုမိုခိုင်မာအားကောင်းစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ မနီလာမြို့၌ စက်တင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည့် ဂျပန်-အာဆီယံ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးတွင် နှစ်ဖက်က ယင်းသို့ သဘောတူခဲ့ခြင်းဖြစ်ကြောင်း ဂျပန်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် ကုန်စည်ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်နိုင်ခြေများနှင့် AI နည်းပညာ၏ အခန်းကဏ္ဍ ပိုမိုတိုးတက်လာမှုတို့အပါအဝင် လက်ရှိစီးပွားရေးအခြေအနေများနှင့် ကိုက်ညီစေရန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို...

မြန်မာနိုင်ငံတွင် 5G စနစ်များ မကြာမီ စတင်အသုံးပြုနိုင်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၁ မြန်မာနိုင်ငံတွင် 5G စနစ်များကို မကြာမီကာလအတွင်း စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးသည် စက်တင်ဘာ ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ ဟံသာဝတီရုံး၌ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် မိုဘိုင်းတယ်လီဖုန်းအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများကို တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရန်ကုန်မြို့အတွင်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကေဘယ်ကြိုးများကို အဆင့်လိုက် ရှင်းလင်းဆောင်ရွက်နေသည့် လုပ်ငန်းများတွင် သက်ဆိုင်ရာအော်ပရေတာနှင့် ကုမ္ပဏီများက ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း ဒုတိယဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071