Sunday, September 20, 2026

USDP ပါတီ၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကို...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကိုဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် ဦးခင်ရီက ပြောသည်။ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ စက်တင်ဘာ...

USDP ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ပြန်လည်ရွေးချယ်ခံရ

နေပြည်တော်၊ စက်တင်ဘာ ၂၀ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ စတုတ္ထအကြိမ် ပါတီညီလာခံတွင် ပါတီခေါင်းဆောင်ပိုင်းကို ရွေးချယ်အတည်ပြုခဲ့ရာ ဦးခင်ရီအား ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ပြီး...

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ...

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s...

စက်တင်ဘာ ၂၄ ရက်အထိ ရန်ကုန်အပါအဝင်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ စက်တင်ဘာ ၂၀ ရက်မှ စက်တင်ဘာ ၂၄ ရက်အတွင်း...
HomeCelebrities' NewsNew York Fashion...

New York Fashion Weekပွဲကအတွေ့အကြုံတွေကိုအွန်ဆိုင်းပြောပြ

မော်ဒယ်လ် အွန်ဆိုင်းကတော့ မကြာသေးမီက ကျင်းပခဲ့တဲ့ New York Fashion Week မှာ အမိုက် စားဖက်ရှင်ဒီဇိုင်းတွေနဲ့ သူ့ကို တွေ့ မြင်ခဲ့ရပါတယ်။ New York Fashion Week ကို ၃ ပတ်ကျော် ကြာသွားရောက်ခဲ့တဲ့ အမှတ်တရ တွေနဲ့ အတွေ့အကြုံတွေကို မေး ကြည့်တဲ့အခါ မှာတော့ အွန်ဆိုင်းက ….

”ဒီခရီးစဉ်က ကိုယ့်ရဲ့ အိပ်မက် တွေထဲက အိပ်မက်တစ်ခုဖြစ် လာတယ်လို့ တအားပဲဂုဏ်ယူတယ်။ ဝမ်းသာတယ်။ ပြီးတော့ ဒီဟာက ကျွန်မတစ်ယောက်တည်းအတွက် မဟုတ်ဘူး။ ကျွန်မတို့နိုင်ငံက မော် ဒယ်လ် Industry အတွက်လည်း အများကြီးမျှော်လင့်ချက်တွေ ရှင် သန်လာတယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုတကူးတကဖိတ် ကြားခြင်းခံရတယ်။ ဒါပေမဲ့ ဖိတ် ကြားတာကို ကိုယ်တစ်ယောက်တည်းလို့ မခံယူဘူး။ ဒါကျွန်မတို့ မော်ဒယ်လ် Industry တွေအတွက် လမ်း တွေပွင့်လာပြီ။ နောက်နှစ်တွေလည်း တခြားမော်ဒယ်လ်တွေ သွားလို့ရတာပဲ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ကျွန်မ တို့ အားလုံး အတွက်ကောင်းတယ်။ ခရီးစဉ်တစ်လျှောက် စိတ်လှုပ်ရှားမှု ကတော့ ဒီခရီးစဉ်သွားရမယ်လို့ ကြားကတည်းကကို စိတ်တွေက မရတော့ဘူး။ စိတ်လှုပ်ရှားမှုက အပြည့် ဖြစ်နေတယ်။ ဒါပေမဲ့ ပွဲတို တိုလေး အတွင်းမှာ အကောင်းဆုံးလုပ်နိုင်ဖို့ အတွက် ဒီကနေ အများ ကြီးပြင်ဆင်သွားတယ်။ ဟိုမှာလည်း အဲဒီအတိုင်း ကို ကိုယ်အကောင်းဆုံး လုပ်နိုင်ခဲ့တယ်လို့ ယုံကြည်တယ်။ အဲဒီ အတွက်လည်း ကျေနပ်ပါတယ်။ ဖက်ရှင်နဲ့ ပတ်သက်ပြီး ဟိုမှာတအားယုံကြည် မှုရှိတာတစ်ခုက ဖက်ရှင်က တစ်ယောက်နဲ့ တစ်ယောက်မတူဘူး။ ဝတ်ချင်တာ ဝတ်တာ။ ဒါပေမဲ့ မိုက်နေရောပဲ။ New York Fashion Week ဖြစ်တဲ့အတွက်ဝတ်လာ တဲ့ဟာတွေ အကုန်လုံးက တော်တော်လေးကို မိုက် တယ်။ ပြီးတော့ အဲဒီ နားလေးမှာ ဖက်ရှင်ပုံစံ အမျိုးမျိုးနဲ့ သွားနေတဲ့သူတွေကလည်း တော် တော်ကို မိုက်ကြတယ်။ ဘာပဲဖြစ်ဖြစ် အိုင်ဒီယာလေးတွေ အများကြီး ရတယ်။ အတွေ့အကြုံတွေအများကြီးရတယ်။ ဘယ်အရာမှ ယှဉ်စရာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်ဒီလို New York Fashion WeeK ကိုသွားတာ ကိုယ့်အတွက် ဗဟုသုတ အများကြီးရပါတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

USDP ပါတီ၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကို ဆက်လက်အကောင်အထည် ဖော်သွားမည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ လုပ်ငန်းစီမံချက်များကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန် (၅)နှစ်စီမံချက်ကိုဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည့် ဦးခင်ရီက ပြောသည်။ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ယနေ့ စက်တင်ဘာ ၂၀ ရက်တွင်ကျင်းပသည့် ပြပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်ပါတီညီလာခံ၌ နှုတ်ခွန်းဆက်အမှာစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ " ပါတီရဲ့ လုပ်ငန်းစီမံချက်ကိုအရှိန်အဟုန်နဲ့ဆောင် ရွက်နိုင်ဖို့ အစပျိုးတဲ့အနေနဲ့ ၂၀၂၆ ခုနှစ်၊ အောက်တို ဘာ ၁ ရက်ကနေ  ဒီဇင်ဘာ ၃၁ ရက်အထိအကျုံးဝင်မယ့် ရက်(၉၀)စီမံချက်ကိုချမှတ်အကောင်အထည်ဖော်သွားမှာပါ။ ဒါ့အပြင် (၁)နှစ်စီမံချက်၊ (၅)နှစ်စီမံချက်တွေကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ အစီအမံတွေကြိုတင်ရေးဆွဲထားပြီး...

USDP ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ပြန်လည်ရွေးချယ်ခံရ

နေပြည်တော်၊ စက်တင်ဘာ ၂၀ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ စတုတ္ထအကြိမ် ပါတီညီလာခံတွင် ပါတီခေါင်းဆောင်ပိုင်းကို ရွေးချယ်အတည်ပြုခဲ့ရာ ဦးခင်ရီအား ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခဲ့ပြီး ဦးခင်ရီအပါအဝင် ပါတီဗဟိုအမှုဆောင် ၄၆ ဦးကို ပြန်လည်ရွေးချယ်ခဲ့ကြောင်း သိရသည်။ ပါတီခေါင်းဆောင်ပိုင်း ရွေးချယ်အတည်ပြုမှုအရ ပါတီဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးမြတ်ဟိန်းနှင့် ဦးသောင်းအေး၊ အတွင်းရေးမှူးများအဖြစ် ဦးတင်အောင်ချစ်နှင့် ဦးအောင်စိုးတို့ကို ရွေးချယ်အတည်ပြုခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ၏ စတုတ္ထအကြိမ် ပါတီညီလာခံကို စက်တင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် နေပြည်တော်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီ...

တက်ဂ်ဘော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်နှင်းဝေ ရှုံးပွဲမရှိ ရွှေတံဆိပ်ဆွတ်ခူး

ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) တက်ဂ်ဘောပြိုင်ပွဲ၏ Women’s Singles အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘောကစားသမား ခင်နှင်းဝေက ရှုံးပွဲမရှိ ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ခင်နှင်းဝေသည် အုပ်စုအဆင့်တွင် ပြိုင် ဘက်များကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီး သုံးပွဲကစား သုံးပွဲအနိုင်ဖြင့် အုပ်စုပထမနေရာရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် လက်ဘနွန်ကစားသမားနှင့် ယှဉ်ပြိုင်ခဲ့ပြီး နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဖိုင်နယ်တွင် အင်ဒိုနီးရှားကစားသမားနှင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071