တစ်နိုင်ငံလုံးပ-စ်ခ-တ်တို-က်ခို-က်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထက် ကောင်းမွန်အစားထိုးနိုင်သည့် ငြိမ်းချမ်းရေးလမ်းကြောင်းမရှိသေးဟု NSPNC အတွင်းရေးမှူးမှ NCA ပျ-က်ပြယ်ပြီဟုပြောဆိုနေခြင်းများနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
NCA သည် ပ-စ်ခ-တ်တို-က်ခို-က်မှုရပ်စဲရေးတစ်ခုတည်းကိုသာရည်ရွယ်ခြင်းမဟုတ်ဘဲ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးစားပွဲဝိုင်းတွင်တွေ့ဆုံဆွေးနွေးအဖြေရှာ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအထိကျယ်ကျယ်ပြန့်ပြန့် လမ်းညွှန်ထားသည့်တစ်ခုတည်းသောငြိမ်းချမ်းရေးမူဘောင်ဖြစ်သည်ဟု ပေါ်ပြူလာနယူးစ်ကို ဖြေကြားခဲ့သည်။
ထို့ကြောင့် လက်ရှိဖြစ်ပေါ်နေသော တို-က်ပွဲများသည် NCA ၏အနှစ်သာရဖြစ်သည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့်ဖြေရှင်းလိုခြင်းထက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်သူများကြောင့်ဖြစ်ပေါ်နေရခြင်းဖြစ်ရာ NCA ပျ-က်ပြီဟုပြောဆိုနေခြင်းသည် ငြိမ်းချမ်းရေးလမ်းကြောင်းမှသွေဖည်ပြီး တိုင်းပြည်ကိုမတည်မငြိမ်ဖြစ်အောင်တွန်းပို့နေသည့် လုပ်ရပ်တစ်ခုသာဖြစ်သည်ဟု ၄င်းကဆိုသည်။
NCA သည် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား နှစ်ပေါင်းများစွာညှိနှိုင်းဆွေးနွေးပြီးမှရရှိလာသည့် သမိုင်းဝင်စာချုပ်တစ်ရပ်ဖြစ်ပြီး ပြည်တွင်းအသိသက်သေများ၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာအသိသက်သေများရှေ့တွင် တရားဝင်လက်မှတ်ရေးထိုးထားသောစာချုပ်ဖြစ်၍ မည်သည့်အဖွဲ့အစည်းကမှ တစ်ဖက်သတ်ပျ-က်ပြယ်ပြီဟုကြေညာ၍မရဟု ပြောသည်။
ထို့ပြင် လက်ရှိအချိန်၌ NCA ကိုလက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs)အများစုသည်NCA လမ်းကြောင်းပေါ်တွင် ဆက်လက်ရပ်တည်သည်ဟုပြောကြားထားပြီး ညှိနှိုင်းရေးကော်မတီအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ပုံမှန်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေးဦးတည်ချက်(၉)ရပ်တွင် NCA ပါသဘောတူညီချက်များအတိုင်းဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်ကို တရားဝင်ချမှတ်ထားပြီးဖြစ်၍ ငြိမ်းချမ်းရေးအပေါ်ထားရှိသော နိုင်ငံတော်၏ သဘောထားကိုရှင်းရှင်းလင်းလင်းဖော်ပြနေခြင်းဖြစ်သည်ဟု ပြောသည်။
