Friday, June 12, 2026

မနက်ဖြန် ဇွန် ၁၂ ရက်တွင်ကျင်းပမည့်...

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို မနက်ဖြန် ဇွန် ၁၂ ရက်တွင်ကျင်းပမည်ဖြစ်ရာ လွှတ်တော်ကိုယ်စား လှယ်များက ကြယ်ပွင့်ပြမေးခွန်း(၈)ခုကို မေးမြန်းဆွေး နွေးကြမည်ဖြစ်ကြောင်း...

ဒီဇယ်ဆီ HSD(500 ppm)၊ သဘာဝဓာတ်ငွေ့ရည်...

ဒီဇယ်ဆီ HSD(500 ppm)၊ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas)၊ ဓာတ်မြေဩဇာတင်သွင်းမှုများအတွက် ကြိုတင်ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ဇွန် ၃၀ ရက်အထိထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို တိုက်ခိုက်မယ့်...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို တိုက်ခိုက်မယ့် အစီအစဉ်ကို "ဖျက်သိမ်းလိုက်ပြီ" လို့ပြောကြားလိုက်ပြီး သဘောတူညီချက်အသစ်တစ်ခု ရဖို့ နီးစပ်နေပြီလို့လဲ အရိပ်အမြွက် ပြောလာပါတယ်။ တကယ်တော့ ကြာသပတေးနေ့...

ပြည်တွင်းစက်သုံးဆီဈေးများ တစ်လီတာ ကျပ် ၄၀၀၀...

နှစ်လအတွင်း ဒီဇယ်တစ်လီတာလျှင် ကျပ် ၂,၅၀၀ နီးပါးအထိ ကျဆင်း စက်သုံးဆီဈေးနှုန်းသည် သင်္ကြန်ကျော်ကာလမှစတင်ကာ (၈)ပတ်ဆက်တိုက် ကျဆင်းလာခဲ့ပြီး ယခုတစ်ပတ်အတွင်း ဓာတ်ဆီရော ဒီဇယ်ပါ တစ်လီတာ...
HomeNewsLocal NewsNCA ယန္တရားကို အပြည့်အဝအသုံးအချပြီး...

NCA ယန္တရားကို အပြည့်အဝအသုံးအချပြီး အနှစ်သာရရှိသည့် ဆွေးနွေးမှုများလုပ်ဆောင်ကြဖို့ အိန္ဒိယ သံအမတ်ကြီးတိုက်တွန်း

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်( NCA) မှာ လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းအားလုံးအနေဖြင့် NCA ယန္တရားကို အပြည့်အဝအသုံးချပြီး အနှစ်သာရရှိသည့် ဆွေးနွေးမှုများလုပ်ဆောင်ကြရန် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E Mr. Abhay Thakur က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ(၁၅)ရက်နေ့က ကျင်းပသည့် NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းနားတွင် ဂုဏ်ပြုစကားပြောကြားသည့်အချိန် အိန္ဒိယ သံအမတ်ကြီးက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၁၀ နှစ်ပြည့် အထိမ်းအမှတ်မှာ NCA မှသည် ရေရှည်တည်တံခိုင်မြဲသည့် ငြိမ်းချမ်းရေးဖြင့် အနာဂတ်ကို ပုံဖော်မည် ဆိုသည့် ဆောင်ပုဒ်ကိုလည်း အိန္ဒိယနိုင်ငံက ကြိုဆိုကြောင်းနှင့် NCA သည် မြန်မာနိုင်ငံ၏ ကြာညောင်းလှပြီဖြစ်သည့် ပြည်တွင်းပြသာနာများကိုဖြေရှင်းဖို့ရန် လက်ရှိမှာရှိနေသည့် တစ်ခုတည်းသောမူဘောင်ဖြစ်ကြောင်းလည်း သံအမတ်ကြီးကပြောသည်။

“ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အ‌ပေါ် အခြေခံတဲ့ ထင်သာမြင်သာရှိပြီး ရေရှည်ခိုင်မြဲမယ် ဆွေးနွေးညိနှိုင်းမှုရလဒ်တွေရအောင်ကြိုးပမ်းကြဖို့ အလေးနက်တို-က်တွန်းတယ်” ဟု သံအမတ်ကြီး ကပြောသည်။

ထို့ပြင် လက်တွေ့မကျတဲ့ ကြိုတင်သတ်မှတ်ချက်တွေမထားဘဲ NCA ကတဆင့် သက်ဆိုင်သာအားလုံးပါဝင်ဆွေးနွေးမှုများ အမြင်ချင်းဖလှယ်မှုများကိုလည်း မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း သံအမတ်ကြီး ကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မနက်ဖြန် ဇွန် ၁၂ ရက်တွင်ကျင်းပမည့် ရန်ကုန်တိုင်းလွှတ်တော်၌ ကြယ်ပွင့်ပြမေးခွန်း(၈)ခုမေးမြန်းဆွေး နွေးကြမည်

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို မနက်ဖြန် ဇွန် ၁၂ ရက်တွင်ကျင်းပမည်ဖြစ်ရာ လွှတ်တော်ကိုယ်စား လှယ်များက ကြယ်ပွင့်ပြမေးခွန်း(၈)ခုကို မေးမြန်းဆွေး နွေးကြမည်ဖြစ်ကြောင်း အစည်းအဝေးအစီအစဥ်အရ သိရသည်။ ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဒေါ်ရီရီတင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဒေါ်ဇာခြည်လင်း၊ ရွှေပြည်သာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးသိန်းနိုင်၊ တိုက်ကြီးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဦးစိုးဝင်းအောင်၊ ကျောက်တန်းမြို့နယ်လွှတ် တော်ကိုယ်စားလှယ်အမှတ်(၁)ဒေါ်အေးမင်းမိုးတို့က ကြယ်ပွင့်ပြမေးခွန်းများကိုမေးမြန်းသွားကြမည်ဖြစ် ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်ဖွဲ့စည်းခဲ့သော ကော်မတီ(၂)ခုတွင် ကော်မတီဝင်အသစ်များ ထည့်သွင်းတာဝန်ပေးအပ်ခြင်းအတွက်လည်း လွှတ် တော်၏အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အတူ "ရန်ကုန်တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက် မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများချီးမြှင့်ခြင်းဆိုင် ရာဥပဒေကြမ်း"နှင့်ပတ်သက်၍ ဥပဒေကြမ်းကော်မတီ...

ဒီဇယ်ဆီ HSD(500 ppm)၊ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas)၊ ဓာတ်မြေဩဇာတင်သွင်းမှုများအတွက် ကြိုတင်ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ဇွန် ၃၀ ရက်အထိ ထပ်မံတိုးမြှင့်ပေး

ဒီဇယ်ဆီ HSD(500 ppm)၊ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas)၊ ဓာတ်မြေဩဇာတင်သွင်းမှုများအတွက် ကြိုတင်ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ဇွန် ၃၀ ရက်အထိထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက အသိပေးခဲ့သည်။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ဒီဇယ်ဆီ HSD(500 ppm)တင်သွင်းမှုအပေါ်ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန်(၂ ရာခိုင်နှုန်း)တို့ကို ဇွန် ၃၀ ရက်အထိထပ်မံကင်းလွတ်ခွင့်ပြုခဲ့သည်။ အဆိုပါ အခွန်ကင်းလွတ်ခွင့်သည် ဇွန် ၃၀ ရက်အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID)ဖွင့်လှစ်တင်သွင်းသည့် ဒီဇယ်ဆီ HSD(500ppm)သာ အကျုံးဝင်မည်ဖြစ်သည်။ ထို့ပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို အားပေးမြှင့်တင်နိုင်ရန်နှင့် ဓာတ်အားခဈေးနှုန်းများသက်သာစေနိုင်ရန်တို့အတွက်...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို တိုက်ခိုက်မယ့် အစီအစဉ်ကို “ဖျက်သိမ်းလိုက်ပြီ” လို့ ထရမ့် ပြောပြန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို တိုက်ခိုက်မယ့် အစီအစဉ်ကို "ဖျက်သိမ်းလိုက်ပြီ" လို့ပြောကြားလိုက်ပြီး သဘောတူညီချက်အသစ်တစ်ခု ရဖို့ နီးစပ်နေပြီလို့လဲ အရိပ်အမြွက် ပြောလာပါတယ်။ တကယ်တော့ ကြာသပတေးနေ့ မနက်ပိုင်းတုန်းက ထရမ့်ဟာ အီရန်ကို "ဒီညမှာ အပြင်းအထန်" ထပ်မံတိုက်ခိုက်မယ်၊ အီရန်ရဲ့ အဓိက ရေနံတင်ပို့ရာကျွန်းဖြစ်တဲ့ ခါ့ဂ်ကျွန်း (Kharg Island) ကိုတောင် သိမ်းပိုက်ကောင်း သိမ်းပိုက်နိုင်တယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။ ဒါပေမဲ့ တစ်နေ့တာအတွင်းမှာပဲ အခြေအနေတွေက အခုလို ပြောင်းလဲသွားတာဖြစ်ပါတယ်။ ထရမ့်ရဲ့ အဆိုအရ အီရန်အစိုးရနဲ့ ဆွေးနွေးမှုတွေဟာ အီရန်ခေါင်းဆောင်ပိုင်းရဲ့ အမြင့်ဆုံးအဆင့်အထိ ရောက်ရှိသွားပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071