Saturday, May 30, 2026

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုကို...

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုများကို တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ယနေ့ မေ၂၉ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်း ပရန်ဆောင်ရွက်ထားရှိမှုများ၊ လွှတ်တော်ရုံးပရဝဏ်အ...

အရာတော်မြို့တွင် နယုန်လပြည့်နံနက်ပိုင်း၌ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် နယုန်လပြည့်နေ့နံနက်ပိုင်းတွင် ရိုးရာအစဥ်အလာအတိုင်း ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူနိုင်ရန် အရာတော်မြို့ရှိ ချမ်းသာကြီးစေတီတော်အတွင်းမှ ဗန်ဒါရွက်များကိုခူး၍ လုပ်အားကုသိုလ်ရှင်များက ယနေ့ မေ ၂၉...

ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့...

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်တွေကို ကျော်လွန်ပြီး ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ အစ္စရေးစစ်တပ်(IDF) ကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင်...

အီရန်စစ်ဆင်ရေးတွေအတွက် ဒေါ်လာ ၉၅.၂ ဘီလီယံကျော်...

အီရန်နိုင်ငံ စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒေါ်လာ ၉၅.၂ ဘီလီယံကျော်အထိ သုံးစွဲထားတယ်လို့ "အီရန်စစ်ပွဲ ကုန်ကျစရိတ် စောင့်ကြည့်ရေးအဖွဲ့ (Iran War Cost...
HomeNewsLocal NewsNaypyitaw State Polytechnic...

Naypyitaw State Polytechnic University စတင်ဖွင့်လှစ်

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ထူးခြားဆန်းသစ်စေပြီး နိုင်ငံ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာစေမည့် Naypyitaw State Polytechnic University အား နေပြည်တော်၌ ယနေ့ နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်‌ပေးခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ်ရုပ်တုနှင့် Naypyitaw State Polytechnic University ဆိုင်းဘုတ်အား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပျူခေတ်၊ ပုဂံခေတ်မှ ခေတ်အဆက်ဆက်ထွန်းကားခဲ့သည့် မြန်မာ့အင်ဂျင်နီယာနှင့် ဗိသုကာပညာရပ်များ အပါအဝင် မြန်မာအင်ဂျင်နီယာများ၏ စွမ်းပကားကို အကျယ်တဝင့် ထည့်သွင်း ဂုဏ်ပြုပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံအင်ဂျင်နီယာ ပညာရေးသမိုင်းကြောင်းနှင့်ပတ်သက်၍လည်း အင်ဂျင်နီယာကျောင်းသားများ မွေးထုတ်ခြင်းနှင့် တက္ကသိုလ်များ တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ခြင်းများကို ထည့်သွင်းပြောကြားခဲ့သည်။

” လက်ရှိအချိန်မှာ နိုင်ငံတော်ကအားထားရတဲ့ အင်ဂျင်နီယာ၊ ဗိသုကာနဲ့ ကွန်ပျူတာပညာရှင်တွေကို အရည်အချင်းပြည့်မီစွာမွေးထုတ်ပေးနိုင်ဖို့ Naypyitaw State Polytechnic University နဲ့ Polytechnic University (၇)ခု၊ နည်းပညာတက္ကသိုလ်(၂၇)ခု၊ ကွန်ပျူတာတက္ကသိုလ်(၁၉)ခု၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်(၁)ခု၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်(၁)ခု(စု စုပေါင်း အင်ဂျင်နီယာပညာရပ်သင်ကြားပို့ချပေးတဲ့ တက္ကသိုလ်(၅၆)ခုအထိဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့အတူ ယနေ့ဖွင့်လှစ်သည့် Naypyitaw State Polytechnic University နှင့်အတူ Polytechnic University (၅)ခုအား ကျိုင်းတုံမြို့၊ ပင်လုံမြို့၊ မြိတ်မြို့၊ ထားဝယ်မြို့နှင့် မအူပင်မြို့တို့တွင်လည်း တစ်ပြိုင်နက်တည်းဖွင့်လှစ်နိုင်ခဲ့သည်ဟု ပြောသည်။

Polytechnic University သည် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာပညာရပ်နှင့် အသုံးချသိပ္ပံ၊ စီးပွားရေး၊စီမံခန့်ခွဲမှုဆိုင်ရာအဆင့်မြင့်ပညာရပ်များကို ဘွဲ့ကြိုသင်တန်းများသာမက ဘွဲ့လွန် သင်တန်းများ၊ သုတေသနလုပ်ငန်းများကိုပါ လက်တွေ့ကျကျလေ့ကျင့်သင်ကြားမှုများအပြင် လက်တွေ့လုပ်ငန်းခွင်နှင့် ချိတ်ဆက်သင်ကြားပို့ ချပေးသည့် တက္ကသိုလ်တစ်ခုဖြစ်၍ တက္ကသိုလ်မှမွေးထုတ်ပေးလိုက်သည့် မျိုးဆက်သစ်အင် ဂျင်နီယာပညာရှင်များသည် ဒေသတွင်းနိုင်ငံများနှင့်ရင်ဘောင်တန်းနိုင်သော ပညာရှင်များဖြစ်လာစေရန် အဖက်ဖက်မှဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

အဆိုပါ Naypyitaw State Polytechnic University ကို Smart University ဖြစ်လာစေရေး၊ နိုင်ငံတကာ ပိုလီတက္ကနစ်တက္ကသိုလ်များနည်းတူ အထူးပြုနယ်ပယ်ပေါင်းစုံနှင့် ဘွဲ့လွန်ဒီဂ ရီသင်တန်းများတိုးမြှင့်ဖွင့်လှစ်နိုင်ရေး၊ နိုင်ငံ့အ ကျိုးပြုသုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့အတွက် အဆင့်ဆင့်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုကို တိုင်းဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒု တိယပုံမှန်အစည်းအဝေးကျင်းပရန်ပြင်ဆင်ထားမှုများကို တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ယနေ့ မေ၂၉ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒု-ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်း ပရန်ဆောင်ရွက်ထားရှိမှုများ၊ လွှတ်တော်ရုံးပရဝဏ်အ တွင်း သန့်ရှင်းရေး၊ လျှပ်စစ်မီးရရှိရေး၊ မီဒီယာများသ တင်းရယူနိုင်ရေး၊ လွှတ်တော်ရုံးအတွင်း လုံခြုံရေးချ ထားမှုများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။

အရာတော်မြို့တွင် နယုန်လပြည့်နံနက်ပိုင်း၌ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် နယုန်လပြည့်နေ့နံနက်ပိုင်းတွင် ရိုးရာအစဥ်အလာအတိုင်း ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။ ဖက်ခွက်ဖြင့်ဆွမ်းဟင်းလောင်းလှူနိုင်ရန် အရာတော်မြို့ရှိ ချမ်းသာကြီးစေတီတော်အတွင်းမှ ဗန်ဒါရွက်များကိုခူး၍ လုပ်အားကုသိုလ်ရှင်များက ယနေ့ မေ ၂၉ ရက်တွင် ဖက်ခွက်များပြုလုပ်ကြီး ဆွမ်းဟင်းလောင်းလှူမည့်အလှူရှင်များထံလိုက်လံပို့ဆောင်ပေးကြကြောင်း သိရသည်။ " ဆွမ်းဟင်းလောင်းလှူဖို့အတွက် ဖက်ခွက်ပေါင်း (၅,၀၀၀)ကျော်လုပ်ရပါတယ်။ ရိုးရာအစဥ်အလာအ တိုင်း အလှူရှင်တွေက ဆွမ်းဟင်းတွေကို ဖက်ခွက်နဲ့လောင်းလှူကြမှာပါ"ဟု မြို့နယ်ဂေါပကအဖွဲ့ဝင်တစ်ဦးကပြောသည်။ နယုန်လပြည့်နေ့နံနက်ပိုင်းတွင် အလှူရှင်များက မြို့ပေါ်ရပ်ကွက်နှင့် ဂေါဇဂါန်ရွာများမှ သံဃာတော်အပါး (၂၀၀)ကျော်ကို ဖက်ခွက်များဖြင့် ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ နေတန်ယာဟု ညွှန်ကြားထား

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပါ စည်းကမ်းချက်တွေကို ကျော်လွန်ပြီး ဂါဇာကမ်းမြောင်ဒေသရဲ့ ၇၀ ရာခိုင်နှုန်းကို သိမ်းပိုက်ဖို့ အစ္စရေးစစ်တပ်(IDF) ကို ညွှန်ကြားထားတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောကြားလိုက်ပါတယ်။ အိန်ပရတ် ခေါင်းဆောင်မှုအကယ်ဒမီ(Ein Prat Leadership Academy) က ကျင်းပတဲ့ ညီလာခံတစ်ခုမှာ ဟီဘရူးဘာသာစကားနဲ့ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ နေတန်ယာဟုက အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။ Channel 12 ရုပ်သံက ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းအရ နေတန်ယာဟုက "လောလောဆယ်မှာတော့ ကျွန်တော်တို့ဟာ ဂါဇာကမ်းမြောင်ဒေသရဲ့ ၆၀ ရာခိုင်နှုန်းကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071