Mytel Myanmar လုပ်ငန်းသည် မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု၏စံနမူနာကောင်းတစ်ခုဖြစ်သည်ဟု မြန် မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ စက် တင်ဘာ ၆ ရက်နံနက်ပိုင်းတွင် ဟနွိုင်းမြို့၌ကျင်းပသည့် “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးပါသည့် ကုန် သွယ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့် စားသောက်ကုန်များကို ဗီ ယက်နမ်နိုင်ငံသို့ အဓိကတင်ပို့ရောင်းချပြီး ဗီယက်နမ်နိုင်ငံမှ ဓာတ်မြေဩဇာ၊ ပလတ်စတစ်ထုတ်ကုန်များ၊ မော်တော်ယာဉ်နှင့် အပိုပစ္စည်းများ၊ သံမဏိထုတ်ကုန်များကို အဓိကတင်သွင်းလျက်ရှိသည်ဟု ပြောသည်။
ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းစေရန်အတွက်လည်း အဓိကကျသည့် မောင်းနှင်အားတစ်ရပ်ဖြစ်ပြီး ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံတွင်ထုတ်လုပ်မှုကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခ ရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတို့တွင် အဓိကဆောင် ရွက်နေကြပြီး သတ္တု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ မွေး မြူရေးနှင့် ရေလုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံလျက်ရှိသည်ဟု ပြောသည်။
” ထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ရပ်အနေနဲ့ ၂၀၁၈ ခုနှစ်မှာစတင်ခဲ့တဲ့ Mytel Myanmar လုပ်ငန်းဟာ မြန်မာနိုင် ငံရဲ့ ဆက်သွယ်ရေးကဏ္ဍမှာ အရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်။ နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုနနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်မှုရဲ့စံနမူနာကောင်းတစ်ခုဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံတော်သမ္မတက ပြော သည်။
ထို့ကြောင့် အနာဂတ်တွင်လည်း မြန်မာနိုင်ငံနှင့် ဗီယက် နမ်နိုင်ငံတို့ကြား ဆက်သွယ်ရေး၊ နည်းပညာ၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ စွမ်းအင်နှင့်ခရီးသွားလုပ်ငန်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးတို့ အပါအဝင် က ဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်သွားရန်ယုံ ကြည်သည်ဟု မြန်မာနိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
