Myanmar National League 2024-25 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပြီးဆုံးရန် နီးကပ်လာသည်နှင့်အညီ ကလပ်အသင်းများအလိုက် လက်ကျန်ပွဲစဉ် (၃)ပွဲစီသာ ကစားရန် ကျန်ရှိတော့ကြောင်း မြန်နာနေရှင်နယ်လိဂ် ကော်မတီက အသိပေးထားသည်။
လက်ကျန်ပွဲ(၃)ပွဲစီ ကစားရာ၌ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် တောင်ကြီးကွင်းတွင် ရခိုင်ယူနိုက်၊ မဟာယူနိုက်တက်နှင့် ဟံသာဝတီ ယူနိုက်တက်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။
ထို့နည်းတူ ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့်လည်း ဧရာဝတီယူနိုက်တက် ၊ဒဂုံစတားယူနိုက်တက်နှင့် ISPE အသင်းတို့နှင့် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။
ဟံသာဝတီယူနိုက်တက် အသင်းသည်လည်း ISPE ၊ မြဝတီယူနိုက်တက်၊ ရှမ်းယူနိုက်တက်အသင်းတို့ဖြင့်ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး၊ ဒဂုံစတားယူနိုက်တက်အသင်းသည် ရတနာပုံ ၊ ရန်ကုန်၊ ဧရာဝတီအသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။
အလားတူ Myanmar National League 2024-25 ပြိုင်ပွဲ၌ ပါဝင်နေသည့် အသင်း (၁၂)သင်းအနေဖြင့် တစ်သင်းလျှင် (၃)ပွဲနှုန်းစီဖြင့် အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားသွားကုရမည်ဖြစ်ကြောင်း ကော်မတီ၏ အသိပေးချက်အရ သိရသည်။
လက်ရှိတွင် ပွဲစဉ် (၁၉)အထိ ကစားပြီးနေပြီဖြစ်ပြီး ရှမ်းယူနိုက်တက် ၊ ရန်ကုန်ယူနိုက်တက်နှင့် ဟံသာဝတီယူနိုင်တက်အသင်းတို့က အုပ်စုတွင်း ပထမ ဒုတိယနှင့် တတိယနေရာများတွင် ရပ်တည်နေကြသည်။
ကျင်းပပြီးစီးတော့မည့် (၁၅)ကြိမ်မြောက် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် အသင်း (၁၂)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားနေကာ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီ လ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြုလုပ်နေခြင်းလည်းဖြစ်သည်။