Tuesday, September 8, 2026

အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား(၁၂)ဦးကို သက်...

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၁၂)ဦးကို ယနေ့ စက်တင်ဘာ ၈ ရက်က...

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို စက်တင်ဘာ...

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်က ကြေညာချက်အမှတ် ၃/၂ဝ၂၆ ဖြင့်...

ပျဥ်းမနားမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်း၍ ဓာတ်အားလိုင်းတိုင်များလဲကျပျက်စီး

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ ယနေ့ စက်တင်ဘာ ၈ ရက်နံနက် ၇ နာရီခွဲခန့်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တောင်ပေါ်ဒေသ၊ သစ်တွန်ကျေးရွာအုပ်စု၊...

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို စက်တင်ဘာ...

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီတွင်ကျင်းပသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်လွှတ်တော်၏ ယနေ့ စက်တင်ဘာ ၈ ရက်ထုတ်ပြန်ချက်အရ...
HomeNewsLocal NewsMWCDF က ပဲခူးတိုင်းအတွင်း...

MWCDF က ပဲခူးတိုင်းအတွင်း ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ပဲခူး၊ စက်တင်ဘာ ၇

မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF) သည် ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးလက်နေအမျိုးသမီးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဒေသခံပြည်သူများ၊ ကျောင်းသားကျောင်းသူများနှင့် လူမှုအဖွဲ့အစည်းများအား ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

“လုံခြုံလှပဘဝများ အမျိုးသမီးနှင့်ကလေးတိုင်း ရစေသား” ဆောင်ပုဒ်ဖြင့် လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် MWCDF အသင်းမှ ဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း ဦးဆောင်သည့် တာဝန်ရှိသူများသည် စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် ပဲခူးမြို့နယ်၊ ထုံးကြီးစံပြကျေးရွာသို့ သွားရောက်၍ ဒေသခံရပ်မိရပ်ဖများ၊ ကျေးလက်နေအမျိုးသမီးများနှင့် လူငယ်များအား တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲသို့ MWCDF အသင်းဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ အတွင်းရေးမှူး ဒေါ်မေမြင့်မောင်၊ ဗဟိုအလုပ်အမှုဆောင်များ၊ MWCDF ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပြင် ထုံးကြီး၊ ကော့ချဲ၊ မှော်လုံ၊ ကမ်းနီ၊ ကင်းပိုင်ကျုံ၊ ဘုရားငုတ္တို၊ လသာကုန်း စသည့် ကျေးရွာခွဲများမှ ဒေသခံများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ဒေါက်တာနန္ဒာမွှန်းက အသင်း၏ ရည်ရွယ်ချက်နှင့် လှုပ်ရှားဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးလက်နေအမျိုးသမီးများ၏ လူမှုစီးပွားဘဝ အထောက်အကူပြုနိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများ ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် လှိုင်သီရိမွန်အထူးကုဆေးခန်းမှ ဆရာဝန်နှင့် သူနာပြုများ၊ ဒေသခံကျန်းမာရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းသူများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစစ်ဆေးစောင့်ရှောက်ပေးကာ လိုအပ်သည့် ဆေးဝါးများ ထောက်ပံ့ပေးခဲ့သည်။

MWCDF အသင်းက ဒေသဖွံ့ဖြိုးရေးနှင့် လူမှုကူညီစောင့်ရှောက်ရေးအတွက် ကျေးရွာစာကြည့်တိုက်များသို့ သုတ၊ ရသစာအုပ်များ၊ ကျေးရွာဆေးပေးခန်းအတွက် အလှူငွေနှင့် ဆေးဝါးပစ္စည်းများ လှူဒါန်းခဲ့သည်။ ထို့ပြင် အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမ ၇၀ ဦးအတွက် ကျောင်းဝတ်စုံများ ပေးအပ်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းတွင် ငါးဘာသာ၊ နှစ်ဘာသာနှင့် တစ်ဘာသာ ဂုဏ်ထူးရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်များ ထောက်ပံ့ချီးမြှင့်ခဲ့သည်။

အလားတူ အခြေခံပညာကျောင်းသား၊ ကျောင်းသူ ၁၀၇ ဦးအား ထောက်ပံ့ငွေ၊ စာရေးကိရိယာနှင့် မုန့်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀၂ ဦးအား ထောက်ပံ့ငွေနှင့် အာဟာရဖြည့်စွက်အစားအစာများ၊ မသန်စွမ်းသူ ၁၇ ဦးအား ထောက်ပံ့ငွေ၊ ဆေးဝါးနှင့် အာဟာရဖြည့်စွက်အစားအစာများ၊ အသက် ၈၀ ကျော် သက်ကြီးရွယ်အို ၆၅ ဦးအား အလှူငွေ၊ အားဆေးနှင့် အာဟာရဖြည့်စွက်အစားအစာများ ပေးအပ်လှူဒါန်းခဲ့သည်။ ရပ်ကွက်နှင့် ကျေးရွာ အထောက်အကူပြုအဖွဲ့များကိုလည်း အလှူငွေနှင့် အဝတ်အထည်များ ပေးအပ်ခဲ့သည်။

ထို့မတိုင်မီ စက်တင်ဘာ ၆ ရက် နံနက်ပိုင်းကလည်း ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲနှင့် ထောက်ပံ့လှူဒါန်းပွဲကို ကျင်းပခဲ့ရာ ကျေးရွာများမှ အမျိုးသမီး ၆၇၅ ဦးအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် ဒေါက်တာခင်သီရိ (ပန်းရောင်နှင်းဆီ ရင်သားကင်ဆာဖောင်ဒေးရှင်း) က “ရင်သားကင်ဆာ ဂရုပြုပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပါမောက္ခဒေါက်တာရင်ရင်ဇော် (ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း) က “သားအိမ်ခေါင်းကင်ဆာအကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ အချက်အလက်များကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် အမျိုးသမီးများက အုပ်စုများခွဲ၍ ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား(၁၂)ဦးကို သက် ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား(၁၂)ဦးကို ယနေ့ စက်တင်ဘာ ၈ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အီသီယိုးပီးယားနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃) ဦး၊ ယူဂန်ဒါနိုင်ငံသား(၃)ဦးနှင့် ရဝမ်ဒါနိုင်ငံသား(၂)ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအ ချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ် ထုံးလုပ်နည်းများနှင့်အညီလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံတာဝန် ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အ ထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက်တွင်ကျင်းပမည်

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်က ကြေညာချက်အမှတ် ၃/၂ဝ၂၆ ဖြင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစည်းအဝေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊ ၂၀၁၃ ခုနှစ်၊ တိုင်း(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၀ နှင့် ၂၀၁၉ ခုနှစ်၊ မွန်ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ ကျင်းပသွားမည်ဖြစ်သည်။

ပျဥ်းမနားမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်း၍ ဓာတ်အားလိုင်းတိုင်များလဲကျပျက်စီး

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ ယနေ့ စက်တင်ဘာ ၈ ရက်နံနက် ၇ နာရီခွဲခန့်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တောင်ပေါ်ဒေသ၊ သစ်တွန်ကျေးရွာအုပ်စု၊ ဖလောင်းကျေးရွာသို့သွယ်တန်းထားသော 11kv ဓာတ် အားလိုင်းတိုင်များလဲကျပျက်စီးခဲ့သဖြင့် ဖလောင်းကျေးရွာတွင်ဓာတ်အားပြတ်တောက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ လဲကျပျက်စီးမှုအား ပျဉ်မနားမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများမှဓာတ်အားလိုင်းတိုင်များကိုပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071