အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ၏ ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်နိုင်ရေးအတွက် စက်သုံးဆီလိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိနိုင်ရေးအတွက်လည်း နိုင်ငံတော်အနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ဇွန် ၂၅ ရက် နံနက်ပိုင်းက ကျင်းပသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက လျှပ်စစ်ဓာတ်အား လိုအပ်ချက်မြင့်မားသည့် ဒေသများတွင် နေရောင်ခြည်စွမ်းအင်သုံးနှင့် ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများကို တိုင်းနှင့် ပြည်နယ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြောင်းလည်း ပြောကြားခဲ့သည်။
ထို့ပြင် MSME လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှု တိုးတက်စေရေးအတွက် စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
