Saturday, July 18, 2026

ပင်လယ်ကမ်းရိုးတန်း သယံဇာတ ကာကွယ်ရေး ဘက်စုံစီမံချက်များဖြင့်...

နေပြည်တော်၊ဇူလိုင်-၁၈ မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများကို သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်း အသုံးပြုနိုင်ရန်အတွက် တရားမဝင် ငါးဖမ်းဆီးမှု လျော့နည်းစေရေး ဘက်စုံစီမံချက်များဖြင့် အရှိန်မြှင့်မည်ဟု ဒုတိယသမ္မတ ဦးညိုစောက...

ဖရူဆို၊ ဒီးမော့ဆိုနှင့် ဘော်လခဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအတွက်...

လွိုင်ကော်၊ဇူလိုင်-၁၈ ကယားပြည်နယ်အတွင်းရှိ ဖရူဆို၊ ဒီးမော့ဆိုနှင့် ဘော်လခဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များနှင့် ဆိုလာမီးဆိုင်းများကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ လွိုင်ကော်မြို့ရှိ ကယားပြည်နယ်ခန်းမ၌ ယမန်နေ့...

နေပြည်တော်မြို့တွင်း EV ဘတ်စ်ကားများ လမ်းကြောင်းအသစ်...

နေပြည်တော်၊ ဇူလိုင်-၁၈ နေပြည်တော်မြို့တွင်း ခရီးသွားပြည်သူများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ သွားလာရေး ပိုမိုအဆင်ပြေစေရန်အတွက် လက်ရှိပြေးဆွဲနေသည့် EV ဘတ်စ်ကားလမ်းကြောင်းများအပြင် အသစ်လမ်းကြောင်းများ တိုးချဲ့ပြေးဆွဲမည်ဟု...

စိုက်ပျိုးရေးနှင့် မွေးမြူရေးဒီပလိုမာသင်တန်းများအတွက် ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူ

နေပြည်တော်၊ဇူလိုင်-၁၈ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် စိုက်ပျိုးရေးဒီပလိုမာနှင့် မွေးမြူရေးဒီပလိုမာသင်တန်းများသို့ ဝင်ခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁၄ ရက် နောက်ဆုံးထား၍ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ...
HomeMoviesMSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို ကျပ်ဘီလီယံ...

MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို ကျပ်ဘီလီယံ ၁၇၀ ဖြင့် အခိုင်အမာထူထောင်ထားပြီးဖြစ်

ရေရှည်စီမံကိန်းအဖြစ် ချေးငွေနှင့် AEC ဈေးကွက်ဝင်ရောက်ရေး ပြည်တွင်းလုပ်ငန်းရှင်များကို စွမ်းဆောင်ရည်မြှင့်တင်မှုများ ဆက်လက်ဆောင်ရွက်မည်

နေပြည်တော်၊ဇူလိုင်-၁၈

ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှု (Financial Assistance)အနေဖြင့် MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို ကျပ်ဘီလီယံ ၁၇၀ ဖြင့် အခိုင်အမာထူထောင်ထားပြီးဖြစ်ကြောင်း ၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းဝေး ၂၅ ရက်မြောက်နေ့တွင် ပြည်‌ထောင်စုဝန်ကြီး ကပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါရန်ပုံငွေအနက်မှ ကျပ် ၁၅၀ ဘီလီယံကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှစပြီး MSME ချေးငွေအဖြစ် ထုတ်ချေးပေးလျက်ရှိပြီး ကျန်ရှိသည့် ရန်ပုံငွေ ကျပ်၂၀ ဘီလီယံကို ချေးငွေမဟုတ်သည့် MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များတွင် ထိရောက်စွာ ခွဲဝေကျခံသုံးစွဲလျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

MSME လုပ်ငန်းများနှင့် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်မည့်အစီအမံများ သိရှိ လိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်းနှင့် ပတ်သက်ပြီး ဒေါက်တာထိန်ဝင်း(ကျောင်းကုန်းမဲဆန္ဒနယ်) လွှတ်တော်တွင် မေးမြန်းမှုကို ပြန်လည်ဖြေကြားသည့်အချိန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ရေတိုစီမံကိန်းအဖြစ် ၂၀၂၆ ခုနှစ်၊ မေလအထိ MSME လုပ်ငန်းရှင် ၂၃၆ ဦးသို့ ချေးငွေစုစုပေါင်း ကျပ်သန်း ၈,၉၄၀ ကို ထုတ်ချေးပေးခြင်း၊ ချေးငွေ မဟုတ်သော ရန်ပုံငွေ ကျပ်ဘီလီယံ ၂၀ မှ သုံးစွဲ၍ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်များကို ကျင်းပခြင်းများလုပ်ဆောင်ထားကြောင်း သိရသည်။

ထို့အတူ လုပ်ငန်းရှင်များအတွက် ဈေးကွက် ချိတ်ဆက်မှု များဖော်ဆောင်ပေးခြင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲ များ၊ နည်းပညာလွှဲပြောင်းခြင်းများနှင့် လူ့စွမ်းအားအရင်းအမြစ်သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ထိုပြင် ရေရှည်စီမံကိန်းအဖြစ် ချေးငွေများ ဆက်လက်ထုတ်ချေးခြင်း၊ အာဆီယံ MSME ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ(ASEAN Coordinating Committee on Micro, Small and Medium Enterprises-ACCMSMES)နှင့်ပူးပေါင်းကာ ဒေသတွင်းဈေးကွက်(ASEAN Economic Community-AEC)သို့ ဝင်ရောက်နိုင်ရန် ပြည်တွင်းလုပ်ငန်းရှင်များကို စွမ်းဆောင်ရည်မြှင့်တင် ပေးခြင်း၊ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ရရှိလာသည့် ရန်ပုံငွေစီမံကိန်းများအရ ပံ့ပိုးပေးခြင်းများကိုလည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ဒေါက်တာချာလီသန်း ကပြောသည်။

လက်ရှိ MSME ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လမ်းညွှန်မှာကြားချက် ၂၄၆ ချက် အနက် ၂၂၅ ချက် ၉၁.၅ ရာခိုင်နှုန်း၊ MSME လုပ်ငန်းရှင်များ၏ တင်ပြချက် ၃၁၁ ချက်အနက် ၂၉၇ ချက် ၉၅.၅ ရာခိုင်နှုန်းကို အကောင် အထည်ဖော်ဆောင်ရွက်ပြီးဖြစ်ကာ ကျန်ရှိသည့်အချက်များကိုလည်း ဆက်လက် ဆောင်ရွက် နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပင်လယ်ကမ်းရိုးတန်း သယံဇာတ ကာကွယ်ရေး ဘက်စုံစီမံချက်များဖြင့် အရှိန်မြှင့်မည်

နေပြည်တော်၊ဇူလိုင်-၁၈ မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများကို သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်း အသုံးပြုနိုင်ရန်အတွက် တရားမဝင် ငါးဖမ်းဆီးမှု လျော့နည်းစေရေး ဘက်စုံစီမံချက်များဖြင့် အရှိန်မြှင့်မည်ဟု ဒုတိယသမ္မတ ဦးညိုစောက ပြောကြားလိုက်သည်။ ထိုသို့ဆောင်ရွက်ရာ၌ အဝေးထိန်းစနစ် (VMS) အသုံးပြုခြင်း၊ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ထိရောက်စွာ အသုံးချခြင်းနှင့် ရေထုညစ်ညမ်းမှုဆိုင်ရာ ဥပဒေရေးဆွဲခြင်းတို့ကို အရှိန်မြှင့် ဆောင်ရွက်မည်ဟုလည်း နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးညိုစောက ပြောကြားခြင်း ဖြစ်သည်။ ယမန်နေ့ (ဇူလိုင် ၁၇ ရက်) နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည့်...

ဖရူဆို၊ ဒီးမော့ဆိုနှင့် ဘော်လခဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအတွက် အခြေခံစားသောက်ကုန်နှင့် ဆိုလာမီးဆိုင်းများ ထောက်ပံ့

လွိုင်ကော်၊ဇူလိုင်-၁၈ ကယားပြည်နယ်အတွင်းရှိ ဖရူဆို၊ ဒီးမော့ဆိုနှင့် ဘော်လခဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များနှင့် ဆိုလာမီးဆိုင်းများကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ လွိုင်ကော်မြို့ရှိ ကယားပြည်နယ်ခန်းမ၌ ယမန်နေ့ (ဇူလိုင်၁၇) က ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။ ယင်း ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က နယ်မြေတည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။ ယခုထောက်ပံ့မှုတွင် ဒီးမော့ဆိုမြို့နယ်နှင့် ဘော်လခဲမြို့နယ်အတွင်းရှိ နေရပ်ပြန်ပြည်သူ ၆၁၀ အတွက် ဆန်၊ ဆီ၊ ပဲ၊ ဆား အခြေခံစားသောက်ကုန်များကိုလည်းကောင်း၊...

နေပြည်တော်မြို့တွင်း EV ဘတ်စ်ကားများ လမ်းကြောင်းအသစ် တိုးချဲ့ပြေးဆွဲမည်

နေပြည်တော်၊ ဇူလိုင်-၁၈ နေပြည်တော်မြို့တွင်း ခရီးသွားပြည်သူများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ သွားလာရေး ပိုမိုအဆင်ပြေစေရန်အတွက် လက်ရှိပြေးဆွဲနေသည့် EV ဘတ်စ်ကားလမ်းကြောင်းများအပြင် အသစ်လမ်းကြောင်းများ တိုးချဲ့ပြေးဆွဲမည်ဟု သိရသည်။ ယင်းလမ်းကြောင်းများမှာ တပ်ကုန်း၊ လယ်ဝေး၊ ရွာတော်နှင့် မြို့တွင်း လိုအပ်သော နေရာများသို့ လမ်းကြောင်းသစ်များ ထပ်မံတိုးချဲ့ပြေးဆွဲရန် စီစဉ်နေခြင်း ဖြစ်သည်။ အဆိုပါ လမ်းကြောင်းတိုးချဲ့ပြေးဆွဲနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ဂိတ်တာဝန်ခံ ဦးအောင်သူမိုးက ပြောကြားသည်။ လက်ရှိတွင် ရာဇာမင်းယာဉ်လိုင်းမှ EV ဘတ်စ်ကားများကို နေပြည်တော် မြို့မဈေးမှ စတင်ထွက်ခွာ၍ ခုတင် (၁၀၀၀) ဆေးရုံရှေ့၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071